ခါးနာခြင်း က အဖြစ်များဆုံး ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ဝေဒနာများထဲမှ တစ်ခုဖြစ်ပါတယ်။ ခြံထဲမှာ သို့မဟုတ် အိမ်ထဲမှာသန့်ရှင်းရေးလုပ်ရင်း အနေအထားမှားတာကြောင့် ခါးနာမျိုး ဖြစ်နိုင်ပါတယ်။ သို့မဟုတ် ဒဏ်ရာဟောင်း သို့မဟုတ် ခါးရိုးအဆစ်အမြစ်ရောင်ခြင်း တို့လို နာတာရှည်အခြေနေတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။ ကွီးအနေနဲ့ ရုတ်တရက် သို့မဟုတ် ပြင်းထန်စွာ ခါးနာခြင်းကို ခံစားရမယ်ဆိုရင်  ဆရာဝန် နဲ့ ပြသသင့်ပါတယ်။ သာမန် ခါးနာခြင်းကိုတော့ ကွီးတို့ကိုယ်တိုင် ခါးနာခြင်းကို သက်သာစေမဲ့ အိမ်တွင်း နည်းလမ်းကောင်းတွေကို သုံးပြီး သက်သာအောင် လုပ်နိုင်ပါတယ်။

လှုပ်လှုပ်ရှားရှားလေး နေပါ

ခါးနာခြင်းကို အိမ်တွင်း

Photo : Marathon Hanbook

ယနေ့ခေတ်မှာ လူတော်တော်များများက အလုပ်ကို အချိန်များစွာထိုင်ပြီး လုပ်နေတတ်တာကြောင့် လှုပ်ရှားမှုမရှိဘဲ ဖြစ်နေတတ်ပါတယ်။ အထိုင်များခြင်းက ကျောရိုးတစ်ဝိုက်နှင့် ခါး ကြွက်သားများကို အားနည်းစေပြီး ရေရှည်နာကျင်မှုကို ဖြစ်စေတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ မိနစ် (၃၀) လောက် အမြန်လျှောက်ခြင်း သို့မဟုတ် နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းကို လုပ်ခြင်းဖြင့် ခြေထောက်ကြွက်သားတွေကို ရက်သတ္တပတ်လျှင် (၃) ကြိမ်ခန့် လှုပ်ရှားစေသင့်ပါတယ်။  သင့်တင့်သော လှုပ်ရှားမှုက ခါးနာခြင်းကို သက်သာစေမဲ့ အိမ်တွင်း နည်းလမ်းကောင်း ဖြစ်ပါတယ်။

အကြောလျှော့ လေ့ကျင့်ခန်းလုပ်ပါ

ခါးနာခြင်းကို အိမ်တွင်း

Photo : Medium

ကွီးတို့ရဲ့ဝမ်းဗိုက်ကျောရိုးမ တလျှောက်မှာရှိတဲ့  သန်မာသောကြွက်သားတွေက နောက်ကျောရိုးကို ထောက်ပံ့ပေးထားပါတယ်။ အကြောလျှော့ခြင်းနဲ့ လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် ကွီးရဲ့ ခါးနာကျင်မှုကို သက်သာစေပြီး ထပ်မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ မနက်ခင်းမှာ အကြောလျော့လေ့ကျင့်ခန်းကို အကြိမ်များများ လုပ်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ ကွီးတို့ရဲ့ အသက်အရွယ်ကို လိုက်ပြီး အလွန်အကျွံ မလုပ်မိအောင် သတိထားရပါမယ်။ Yoga၊ Pilates နှင့် Tai Chi တို့လို ကျောရိုးကြွက်သား အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

ကိုယ်ဟန်အနေအထားကို မှန်အောင်ထားပါ

ခါးနာခြင်းကို အိမ်တွင်း

Photo : Best Life

ကိုယ်ဟန်အနေအထားမမှန်ဘဲ အချိန်အကြာကြီး အလုပ်လုပ်ခြင်းက ကွီးတို့ရဲ့ ကြွက်သားများကို ထိခိုက်စေပါတယ်။ ခါးကွေးပြီး အချိန်ကြာကြာ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်းက ကြွက်သားနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဟန်အနေအထားကို မှန်မှသာ ခါးနဲ့ ခါးအောက်ပိုင်း ဖိအားကို သက်သာစေပါတယ်။ ကွန်ပျူတာဖန်သားပြင်ကို တောက်လျှောက်ကြည့်ပြီး အလုပ်လုပ်ရတယ်ဆိုရင် ကွီးတို့ရဲ့ လက်များကို စားပွဲပေါ်တွင် အညီအမျှ ထားကာ ကွီးတို့မျက်လုံးများကို စခရင်ထိပ်တွင် ထားပြီး ခါးကိုမတ်ကာ  အလုပ်လုပ်ပါ။ အချိန်တစ်ခုသတ်မှတ်ပြီး  ထိုင်ခုံကနေထကာ လက်ဆန့်တန်းပြီး လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ ဒါက ကွီးတို့ကို ခါးနာခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

ခါးနာခြင်းကို အိမ်တွင်း

Photo : Medical Transformation Center

ကွီးရဲ့ အရပ်အမြင့်အလိုက် ရှိသင့်တဲ့ အလေးချိန်ကို ထိန်းထားနိုင်ခြင်းက ကွီးကို ခါးနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အလေးချိန်များခြင်းက ခါးကို ဒါဏ်ပိစေပါတယ်။ ဝိတ်တက်နေတဲ့ ကွီးတို့အနေနဲ့ အလေးချိန်နဲ့ အစားသောက်ဆိုင်ရာအကူအညီကို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ ဒါ့အပြင် ကွီးတို့ကိုယ်တိုင်လည်း သင့်လျော်တဲ့ လေကျင့်ခန်းများ ပြုလုပ်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ရအောင်ပြုလုပ်ပါ။

ဆေးလိပ်ဖြတ်ပါ

back pain

Photo : Verywell Mind

သုတေသနပြုချက်များအရ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူထက် အရိုးဆစ်များ ပျက်စီးခြင်း သို့မဟုတ် အခြားကျောရိုး ပြဿနာများ ဖြစ်နိုင်ခြေ (၄)ဆ ပိုနိုင်တယ်လို့ သိရပါတယ်။ စီးကရက်နှင့် အခြားဆေးရွက်ကြီးထွက်ပစ္စည်းများမှာပါတဲ့  နီကိုတင်းက ကျောရိုးအရိုးများကို အားနည်း စေပြီး အဆစ်များရှိ ကူရှင်အဆစ်ပြားများမှ အရေးကြီးသော အာဟာရများကို ထုတ်ယူနိုင်ပါတယ်။ ကျန်းမာသောကျောရိုးအဆစ်တွေက ကွီးရဲ့နောက်ကျောကို ပျော့ပြောင်းစေပြီး ကျောရိုးကြွက်သားများ ကို တောင့်တင်းနာကျင်ခြင်းမှ ကာကွယ်ပေးသည်။ ဆေးလိပ်ဖြတ်ခြင်းကလည်း ခါးနာခြင်းကို ကာကွယ်နိုင်မဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။

အအေးကပ်ခြင်းနဲ့ အပူကပ်ခြင်း

back pain

Photo : Spine Health

ကွီးအနေနဲ့ ခါးနာခြင်းကို သက်သာစေဖို့ အိမ်တွင်း နည်းလမ်းကောင်း ကတော့ ရေခဲကပ်ခြင်း သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ ခါးနာရင် စမ်းကြည့်သင့်ပါတယ်။ ဘယ်အချက်က ကွီးတို့အတွက် ပိုပြီး သင့်တော်သလဲ။ အများအားဖြင့်၊ ကွီးတို့နောက်ကျော ရောင်ရမ်းနာကျင်နေတယ်ဆိုရင် ရေခဲကပ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ကြွက်သားများ တင်းနေရင်တော့ အပူကပ်တာက  ပိုကောင်းနိုင်ပါတယ်။ ဘာပဲလုပ်လုပ် တစ်ကြိမ်ကို မိနစ် (၂၀) ထက် ပိုမလုပ်ပါနဲ့။ နောက်သတိထားရမှာကတော့ ကြွက်သားနာလို့ လိမ်းဆေးတွေ လိမ်းထားရင်တော့ အပူရော အအေးပါ ကပ်တာမျိုး မလုပ်ပါနဲ့။ အအေးကပ်ခြင်းနဲ့ အပူကပ်ခြင်းက အလွယ်တကူ လုပ်လို့ရတဲ့ ခါးနာခြင်းကို သက်သာ စေမဲ့ အိမ်တွင်း နည်းလမ်းကောင်း ဖြစ်ပါတယ်။

ကွီးတို့ရေ ခါးနာခြင်းက နေ့စဉ်လူနေမှုဘဝကို မသက်မသာ ဖြစ်စေတဲ့ အတွက် အခုပြောပြတဲ့ ခါးနာခြင်းကို သက်သာစေမဲ့ အိမ်တွင်း နည်းလမ်းကောင်းများကို သုံးပြီး ကာကွယ် ကုသနိုင်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။

Source : WebMD

Featured Photo : The Guardian