ကိုယ့်ရဲ့ ရှော်တီလေးအတွက် အကောင်းဆုံး ခေါင်းအုံး တစ်လုံး ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပြီး ကြွက်သားများနှင့် ကျစ်လျစ်သန်မာလာအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ ကွီးတို့ စကီလေးအတွက် အကောင်းဆုံး ခေါင်းအုံး ကတော့ ကွီးတို့ရဲ့ Six-Pack ပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပြီး ကွီးတို့ရဲ့ စကီလေးအတွက် အကောင်းဆုံး ခေါင်းအုံး (Six-Pack) လေး ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ အလေးတန်းကို အပေါ်သို့ ကိုင်မြှောက်ပြီးနောက် ပုံပါအတိုင်း ထိုင်လိုက် ထလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ မှ ၃၀ အထိ ပြုလုပ်ပေးလိုက်ပါ။ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

 

Source: Alex Costa

လက်နှစ်ဖက်ကို ထောက်ထားကာ High Plank အနေအထားပြင်ပါ။ ထို့နောက် ညာဒူးကို ဘယ်ရင်ဘတ်ဆီ ဆွဲသွင်းလိုက်ပါ။ တစ်ဖန် ဘယ်ဒူးကို ညာရင်ဘတ်ဆီ ဆွဲယူလိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

ခေါင်းအုံး Six-Pack

Source: Menshealth

ပုံပါအတိုင်း ညာဒူးကို အပြင်ထုတ်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ဖန် ဘယ်ဒူးကို အပြင်ထုတ်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ခေါင်းအုံး Six-Pack

Source: Gfycat

တံတောင်ကို ကွေးလိုက် ဆန့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ခေါင်းအုံး Six-Pack

Source: Arkansasonline

လက်နှစ်ဖက်ကို အနောက်မှာ ထောက်ထားပါ။ ထို့နောက် တင်ပါးကို အပေါ်သို့ ကြွကာ ဒူးနှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ခေါင်းအုံး Six-Pack

ခြေထောက်နှစ်ဖက်ကို စုထားကာ မတ်တပ်ရပ်နေပါ။ လက်နှစ်ဖက်က အလေးတန်းကို ကိုင်ထားလိုက်ပါ။ ထို့နောက် တံတောင်ကို အပေါ်သို့ မြှောက်ကာ အလေးတန်းကို အပေါ်သို့ ပင့်တင်လိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ကို စကီလေးတွေ အနှစ်သက်ဆုံး ခေါင်းအုံး တစ်လုံး (Six-Pack) အဖြစ် ပြောင်းလဲပေးဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Menshealth

Featured Image: Freepik