ကွီးတို့ရဲ့ ချစ်သူကောင်မလေး နဲ့ ချိန်းတွေ့တဲ့အခါ ရိုမန့်တစ် ဆန်တဲ့အချိန်လေးကို ပိုင်ဆိုင်ချင်ပါသလား။ အခုဖော်ပြပေးမယ့် အချက်လေးတွေက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။
ရည်းစားတစ်ခါမှ မထားဖူးလို့ပဲ ဖြစ်ဖြစ်၊ ရည်းစားထားဖူးပေမယ့် မရိုတတ်တဲ့ ကွီးတို့အတွက် ကိုယ့် ချစ်သူကောင်မလေး နဲ့ ရိုမန့်တစ် ဆန်တဲ့ ချိန်တွေ့မှုလေးကို အခုလိုပဲ ပြုလုပ်နိုင်ပါတယ်။
ပျော်ပွဲစားထွက်ပါ

လှပပြီး Private ဆန်တဲ့ ပန်းခြံတစ်ခုမှာ ပျော်ပွဲစား ထွက်ခြင်းသည် ကိုယ့် ချစ်သူကောင်မလေး နဲ့ ရိုမန့်တစ် ဆန်ဆန် ချိန်းတွေ့ချင်တဲ့ ကွီးတို့အတွက် အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပါ။ ဒီနေရာမှာ Private ဆန်ဆန်လို့ ဘာကြောင့် ပြောရသလဲဆိုတာ အချို့ပန်းခြံတွေသည် ကားလမ်းမဘေးတည့်တည့်မှာ တည်ရှိတာဖြစ်ပါတယ်။ လူသွားလူလာများတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမှာဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အချိန်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ချိန်းတွေ့လို့ကောင်းပြီး လှပတဲ့ ပန်းခြံတစ်ခုမှာ ပျော်ပွဲစားထွက်သင့်ပါတယ်။ ဒါ့အပြင် မပျင်းရလေအောင် စာအုပ်များ၊ စားကောင်း သောက်ဖွယ်ရာများပါ တစ်ပါတည်း ထည့်သွားလိုက်ပါ။
အတူတူ ဈေးဝယ်ထွက်ကာ အိမ်မှာပဲ အတူတူ ချက်ပြုတ်စားသောက်ပါ

တစ်ယောက်အကြောင်း တစ်ယောက် နောကျေနေအောင် သိထားဖို့ဆိုလျှင် လက်တွေ့ဆန်တဲ့အရာမျိုးကိုလည်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အတူတူ ဈေးဝယ်ထွက်ပြီး အတူတူ ချက်ပြုတ်စားသောက်ကြတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုသိနားလည်သွားမှာဖြစ်ပါတယ်။
တစ်ယောက်ကြိုက်တဲ့အစားအစာလေးတွေကို အခြားတစ်ယောက်က ချက်ပြုတ်ပေးခြင်းသည်လည်း ဘာနဲ့မှ မလဲနိုင်တဲ့ ချစ်ခြင်းမေတ္တာ စိတ်စေတနာ တစ်ခုပဲမဟုတ်လား။
မလုပ်ဖူးတာတွေကို အတူတူ စမ်းသပ်လုပ်ဆောင်ကြည့်ပါ
နှစ်ယောက်သားက စက်ဘီးတစ်ခါမှ အတူတူ မစီးဖူးဘူးဆိုရင် အတူတူ စက်ဘီးစီးထွက်ကြည့်ပါ။ လှေလှော်ကြည့်ပါ။ ဒါမှမဟုတ် တောင်တက်ခရီးတွေ အတူတူ တက်ကြည့်ပါ။ ဒီလိုပြုလုပ်ခြင်းသည် စိတ်လှုပ်ရှားစရာကောင်းပြီး စွန့်စားခန်းဖွင့်ချင်တဲ့ စုံတွဲများအတွက်လည်း ကွက်တိကျမှာဖြစ်ပါတယ်။
ရုံးပိတ်ရက်မှာ နေ့ချင်းပြန်ခရီး ထွက်ကြည့်ပါ

မြို့အနှံ့မှာလည်း လည်ပတ်စရာနေရာတွေ စုံလာပြီ။ တစ်ခါလာလည်း ဒီနား နောက်တစ်ခါလာလည်း မြို့တွင်းပတ်ဝန်းကျင် စသည်ဖြင့် လည်ပတ်စရာတွေ ထပ်လာတဲ့အခါ မြို့ပြင်တစ်နေရာသို့ နေ့ချင်းပြန်ခရီးလေး ထွက်ကြည့်လိုက်ပါ။ မြို့တွင်းမှာပဲ ပိတ်နေတဲ့အတွက်ကြောင့် ခံစားနေရတဲ့ မွန်းကြပ်စရာများအားလုံး ပြေပျောက်သွားပြီး ကိုယ့် ချစ်သူကောင်မလေး နဲ့ ရိုမန့်တစ် ဆန်တဲ့ အချိန်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ပန်းချီပြခန်းသို့ သွားရောက်လည်ပတ်ပါ

Photo: Pinterest
ပန်းချီပြခန်းသည် တွေးလို့ ဆွေးလို့အကောင်းဆုံး နေရာတစ်ခုပါ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတွေးနယ်ချဲ့လို့ကောင်းပြီး ရိုမန့်တစ်ဆန်တဲ့ ချိန်းတွေ့မှုတွေ ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ သင်တို့နှစ်ဦးသားသည် ပန်းချီပြခန်းသို့ တစ်ခါမှ မရောက်ဖူးဘူးဆိုရင် တစ်ခါတစ် ခေါက်လောက် အရောက်သွားသင့်ပါတယ်။ မတူညီတဲ့ ခံစားမှုရသတစ်ခုကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ရိုမန့်တစ်ဆန်တဲ့ ဒိတ်မျိုးကို ဘယ်လိုဖန်တီးလေ့ရှိကြပါသလဲ။
Source: Theknot
Featured Image: Coastaldreamlife

