Crush လေးနဲ့ အခြေအနေ မတိုးတက်သေးလို့ စိတ်ညစ်နေရတဲ့ ကွီးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် ဖြစ်ပါတယ်။ ကိုယ်တိတ်တခိုး ကြိတ် Crush နေရတဲ့ ကောင်မလေးဆီကနေ အမှတ်ကောင်းကောင်းရဖို့ ကွီး တို့ လုပ်ဆောင်ရမယ့် အရာလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။

(၁) အပြုံးကို အသုံးချပါ

Photo : KKday Blog

အပြုံးဟာ ဖော်ရွေခြင်း ၊ ယဉ်ကျေးခြင်း ၊ ခင်မင်စရာကောင်းခြင်းစတဲ့ ဂုဏ်ပုဒ်တွေကို ဖော်ပြနေတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ မိန်းကလေး အများစုက အမြဲပြုံးရွှင်ပြီး ဖော်ရွေတက်တဲ့ ကောင်လေးတွေကို သဘောကျ ကြပါတယ်။ ဒါကြောင့် Crush လေးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတိုင်းမှာ ကွီးတို့ရဲ့ အပြုံးလက်နက်လေးကို ထုတ်သုံးပြီး အပိုင်ချုပ်လိုက်ပါ။

(၂) သူမရဲ့ အကြိုက်တွေ လေ့လာထားပါ

Photo : The Gottman Institute

သူမ ဘာတွေကြိုက် နှစ်သက်တက်လဲ ၊ အားလပ်ချိန်တွေကို ဘယ်လိုဖြတ်သန်းလေ့ရှိလဲ ၊ ဘယ်နေရာတွေ သွားလေ့ရှိလဲ ၊ ဘယ်လို သီချင်းတွေ နားထောင်ဖြစ်လဲ ၊ ဘယ် အစားအစာတွေ ကြိုက်လဲ စသည်ဖြင့် လေ့လာထားပါ။ လိုအပ်ရင် သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို အကူညီတောင်းပြီး မေးပါ။ ကိုယ်က သူမအကြိုက်တွေ သိနေတယ်ဆိုတာဟာ သူမကို ဘယ်လောက်အလေးထားကြောင်း ၊ စိတ်ဝင်စားကြောင်း ဖော်ပြရာရောက်တဲ့အတွက် Crush လေးက တစ်မှတ်ပိုပေးမှာ သေချာပါတယ်။

(၃) အသေးအမွှားလေးတွေကအစ ဂရုစိုက်ပါ

Photo : Medium

ဂရုစိုက်ခံရတာ မကြိုက်တဲ့ မိန်းကလေးတော့ ရှိမယ်မထင်ပါဘူး။ ဒါကြောင့် Crush လေးနဲ့ နှစ်ယောက်တည်း တွေ့ဆုံချိန်မှာ ဖြစ်ဖြစ် ၊ သူမနဲ့ နီးနီးကပ်ကပ် နေခွင့်ရချိန်မှာဖြစ်ဖြစ် သူမနဲ့ ပတ်သတ်ပြီး အသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးပါ။ သူမရဲ့ မျက်နှာအရိပ်အကဲ ကြည့်ပြီး အဆင်မပြေတာ ဘာတွေရှိနေလဲ ၊ ဘာတွေခံစားနေလဲ ဂရုတစိုက်မေးမြန်းပါ။ ဒီအချက်လေးတွေက ကွီးတို့အပေါ် အမှတ်ပေးစရာ ဖြစ်လာပါလိမ့်မယ်။

(၄) ချီးမွမ်းစကားပြောပါ

Photo : POPSUGAR

မိန်းကလေးတွေက သူတို့အပေါ် ချီးမွမ်းစကား ပြောတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ပေါ်ပေါ်တင်တင်ကြီး ချီးမွမ်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ အသေးစိတ်တဲ့ အရာလေးတွေဆိုရင် ပိုပြီး Crush လေးရဲ့ နှလုံးသားကို ယိမ်းယိုင်စေပါလိမ့်မယ်။ ဥပမာ ဒီနေ့ဝတ်ထားတဲ့ ဝတ်စုံလေးက သူမနဲ့ လိုက်ဖက်ကြောင်း ၊ ရေမွှေးအနံ့လေးက ဆွဲဆောင်မှုရှိကြောင်း စသည်ဖြင့်ပေါ့။ ဒီလို ချီးမွမ်းစကားလေးတွေပြောပေးတာက ကွီးတို့ရဲ့ Crush လေးက ကွီး တို့အပေါ် သဘောကျစေမယ့် အမှတ်ပေးစရာ အကွက်လေးတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Yahoo News