ချစ်သူများနေ့ မှာ ချစ်သူကောင်မလေးကို Surprise လုပ်ဖို့အတွက် စိတ်ကူးကောင်းလေးတွေ အများကြီး ရှိပါတယ်။ သူ့ရဲ့ အကြိုက်နဲ့ လိုချင်တဲ့အရာကို သိရင် ပိုပြီး အဆင်ပြေတာပေါ့နော်။ ဒါပေမယ့် အကြံပြုချင်တဲ့ Surprise နည်းလမ်းလေးတွေ ရှိပါတယ်။

ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲ

Photo : The Beach Tulum Hotel

ချစ်သူနဲ့အတူ အပြင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲလေးတစ်ခု စီစဉ်ပေးပါ။ သူ့ရဲ့ အကြိုက်ဆုံးအစားအစာတွေကို ချက်ကျွေးတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နှစ်ယောက်အတူတူ သွားစားချင်တဲ့ စားသောက်ဆိုင်လေးမှာ ကြိုတင် booking လုပ်ထားတာပဲဖြစ်ဖြစ် အရမ်းကို ကြည်နူးဖို့ကောင်းမှာပါ။ ညစာစားပွဲကို ဖယောင်းတိုင်လေးတွေနဲ့ အလှဆင်ပြီး၊ သီချင်းလေး ဖွင့်ပေးရင် ပိုပြီး ရိုမန်တစ်ဆန်သွားမှာပါ။

မနက်စောစော ချစ်စရာ Message ပို့ပေးပါ

Photo : Mom Junction

သူမ အိပ်ရာထထချင်းမှာ ချစ်စရာကောင်းတဲ့ message လေးတစ်ခု ပို့ပေးလိုက်ပါ။ သူမကို ချစ်တယ်ဆိုတဲ့ စကားလေးတွေ၊ ကျေးဇူးတင်တဲ့စကားလေးတွေ ရေးပေးလို့ရပါတယ်။

သူမ ကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေ ပြင်ဆင်ပေးပါ

Photo : Doris Italian Market & Bakery

သူမ ကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး surprise လုပ်ပေးလို့ရပါတယ်။ မနက်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် သူ မမျှော်မှန်းမထားတဲ့ အချိန်မှာ ပြင်ဆင်ပေးလိုက်ပါ။

ခရီးလေးတစ်ခု သွားပါ

Photo : Flytographer

အချိန်ရရင် ချစ်သူနဲ့အတူ ခရီးလေးတစ်ခု သွားပါ။ ရန်ကုန်မှာဆိုရင် ကန်တော်ကြီး၊ အင်းလျားကန်တို့လို နေရာလေးတွေမှာ လမ်းလျှောက်ရင်း အမှတ်တရပုံလေးတွေ ရိုက်လို့ရပါတယ်။ ဒါမှမဟုတ် နယ်ဘက်ကို ခရီးထွက်ချင်ရင်လည်း ပုဂံ၊ မန္တလေးတို့လို နေရာလေးတွေက အရမ်းကို လှပပါတယ်။

စာလေးတစ်စောင် ရေးပေးပါ

Photo : The Knot

ချစ်သူကို ကိုယ်တိုင်ရေးထားတဲ့ စာလေးတစ်စောင် ပေးပါ။ သူ့အပေါ်မှာ ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်တန်ဖိုးထားကြောင်း ရေးသားပြီး ဖော်ပြပါ။ စာလေးကို လှပတဲ့ စက္ကူလေးမှာ ရေးပြီး ဖဲကြိုးလေးနဲ့ ချည်ပြီး ပေးရင် ပိုပြီး ရိုမန်တစ်ဆန်ပါတယ်။

လက်ဆောင်လေးတစ်ခု ပေးပါ

Photo : Cheryl’s Cookie

ချစ်သူကို ချစ်သူများနေ့ လက်ဆောင်လေးတစ်ခု ပေးပါ။ လက်ဆောင်က ကြီးကြီးမားမား ဖြစ်နေစရာ မလိုပါဘူး။ သူ့ရဲ့ ဝါသနာ၊ အကြိုက်နဲ့ လိုက်ဖက်တဲ့ သေးသေးလေးလေးပဲ ဖြစ်နေပါစေ။ ဥပမာ – စာအုပ်၊ အလှကုန်ပစ္စည်း၊ အမှတ်တရ ပစ္စည်းလေးတစ်ခုခု စသဖြင့်ပေါ့။ ကိုယ်တိုင်လုပ်ပေးထားတဲ့ လက်ဆောင်လေးဆိုရင် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

Featured Photo : We Print, Your Gift