ဘီယာအမျိုးအစား အများအပြားရှိတဲ့အနက် Stout ဘီယာများသည်လည်း လူကြိုက်များတဲ့ အမျိုးအစားတစ်ခုထဲမှာ ပါဝင်ပါတယ်။ ဘော်ဒါတွေနဲ့အတူတူ ချီးယားစ် လုပ်လို့အကောင်းဆုံး ဘီယာတွေထဲမှာ Stout Beer တွေက အလိုက်ဖက်ဆုံး အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
အောင်ပွဲခံဖို့အတွက် ချီးယားစ် လုပ်တဲ့အခါမှာ Stout Beer တစ်ခုတည်းမှာတင်ပဲ အရသာက အမျိုးမျိုး ကွဲသွားပြန်ပါတယ်။ အမြှုပ်များများ လိုချင်တာလား၊ အချိုအရသာကနေ အခါးအရသာထိ အမျိုးမျိုး ကွဲသွားပါတယ်။
ကွီးတို့အနေနဲ့ ချီးယားစ် လုပ်ဖို့အတွက် Stout Beer တစ်လုံးကို ရွေးချယ်မယ်ဆိုရင် အရသာ၊ ထုတ်လုပ်တဲ့နိုင်ငံနှင့် အယ်လ်ကိုဟော ပါဝင်မှုတို့ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ အရသာဆိုရင်လည်း အချိုပေါ့လား၊ ခါးသက်သက်အရသာလား၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ ပတ်သက်လာတဲ့အခါမဌာလည်း စကော့တလန်ဒေသထွက်လား၊ အိုင်းရစ်ဒေသထွက်လား စသည်ဖြင့် ခွဲခြားထားပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုနဲ့ ပတ်သက်လာရင်တော့ Stout ဘီယာတစ်လုံးတွင် ပျမ်းမျှအားဖြင့် ၄ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ အမျိုးအစားအလိုက် ရွေးချယ်နိုင်ပါတယ်။
ဈေးကွက်ထဲမှာ လတ်တလော လူကြိုက်များနေတဲ့ Stout ဘီယာများကိုလည်း ကွီးတို့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။
Main Beer Company Mean Old Tom Stout

Photo: Visitfreeport
ဒီဘရန်းကတော့ အမေရိကန်နိုင်ငံထုတ် ဘီယာတစ်လုံးဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့အရသာက Dark Chocolate အရသာလို ခါးသက်သက် အရသာရှိပါတယ်။ ဒါ့အပြင် ဒီအမျိုးအစားသည် Best Overall အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
Stone Brewing Xocoveza Winter Spiced Mocah Stout

Photo: Kegerator
သူ့ရဲ့ထုတ်ပိုးမှု ပုံစံနဲ့တင် အလန်းစား အမိုက်စားဆိုတဲ့ ဖီလင်မျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။ သူ့ထဲမှ အစပ်အရသာရော၊ အခါးအရသာပါ ထည့်သွင်းကာ ချက်လုပ်ထားတဲ့အတွက်ကြောင့် တစ်မူထူးခြားတဲ့အရသာကို ခံစားရမှာပဲဖြစ်ပါတယ်။
Guinness Pub Draught Stout

Photo: 52 Brews
အိုင်းရစ်နိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပြီး သူ့ရဲ့အယ်ကိုဟော ပါဝင်နှုန်းကတော့ ၄ ရာခိုင်နှုန်းထိသာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သိပ်မပြင်းတဲ့ အရသာကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကလည်း ၂ ဒေါ်လာသာ ကုန်ကျမှာဖြစ်တဲ့အတွက်ကြောင့် တန်လည်း တန်ပါတယ်။
Schilling Beer Co. Resilience Geppetto Milk Stout

Milk Stout ဆိုတဲ့အတိုင်းပဲ နွားနို့အရသာလေးပဲပေါ့။ သို့သော် ထိုဘီယာသည် နွားနို့နဲ့ ပြုလုပ်ထားတာတော့ မဟုတ်ပါဘူး။ Lactose နှင့် နို့ထွက်ပစ္စည်းမှ ရရှိတဲ့ သကြားတို့ကို အချဥ်ဖောက်ကာ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၁၉ ဒေါ်လာ ကုန်ကျမှာပဲဖြစ်ပါတယ်။
Samuel Smith Oatmeal Stout

Photo: Newyorkupstate
အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ အကောင်းစား Stout ဘီယာကို မြည်းစမ်းသောက်သုံးချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ၅ ရာခိုင်နှုန်းသာ ပါရှိတဲ့အတွက်ကြောင့် တနေကုန် သောက်သုံးချင်သူများအတွက်လည်း အမိုက်စားရွေးချယ်မှုပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ၅ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပါတယ်။
ကွီးတို့ရော Stout ဘီယာအမျိုးအစားတွေထဲမှာ ဘယ်ဘီယာကို ရွေးချယ် သောက်သုံးဖြစ်ပါသလဲ။
Source: Thespruceeats
Featured Image: Justbeerapp
