အလုပ်စားပွဲမှာ တနေကုန်ထိုင်နေပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် ရေရှည်မှာ ကွီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ချွေးသံ တရဲရဲနဲ့ အချိန်အကြာကြီး လေ့ကျင့်ခန်း လုပ်ရတာမျိုးကိုလည်း မနှစ်သက်ပြန်ဘူးလား။

ဒါဆိုရင်တော့ အခုဖော်ပြမယ့် လေ့ကျင့်ခန်း (၅) မျိုးကို ပြုလုပ်နိုင်ပါတယ်။ ချွေးသံ တရဲရဲနဲ့ အပင်ပန်းခံစရာမလိုတဲ့ လေ့ကျင့်ခန်း တွေဖြစ်ပြီး ကွီးတို့ရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ချွေးသံ လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို တင်ပါးအကျယ်အတိုင်း ချဲထားပါ။ ကွီးတို့ရဲ့ ဒူးနဲ့ ခြေချောင်းတို့သည် အရှေ့တည့်တည့်သို့သာ ဦးတည်ထားရမှာ ဖြစ်ပါတယ်။

ထို့နောက် တင်ပါးကို နောက်ပစ်ကာ Squat ထိုင်လိုက်ပါ။

ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ မိမိလုပ်နိုင်သလောက် အကြိမ်အရေအတွက်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

ချွေးသံ လေ့ကျင့်ခန်း

ကွီးတို့ရဲ့ ခြေထောက်နှစ်ဖက်ကို ခုံပေါ်မှာ တင်ထားလိုက်ပါ။ (ခုံက ဘီးပါတဲ့ ခုံလေးဖြစ်ရပါမယ်)

ထို့နောက် လက်နှစ်ဖက်က ကြမ်းပြင်ပေါ်မှာ ထောက်ထားလိုက်ပါ။

ထို့နောက် ဒူးနှစ်ဖက်ကို ကွေးလိုက်၊ ပြန်ဆန့်တန်းလိုက်ဖြင့် ခုံကို ရှေ့တိုး၊ နောက်ဆုတ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ချွေးသံ လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ လက်နှစ်ဖက်က စားပွဲခုံပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် တံတောင်ဖြင့် ကွေးလိုက်၊ ဆန့်လိုက် တစ်လှည့်စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ချွေးသံ လေ့ကျင့်ခန်း

အလုပ်စားပွဲမှာ ပုံပါအတိုင်း ထိုင်နေပါ။ လက်နှစ်ဖက်က စားပွဲကို ပုံပါအတိုင်း ကိုင်ထားပါ။ လက်နှစ်ဖက်က ၉၀ ဒီဂရီဖြစ်နေရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် ထိုင်နေပါ။

လေ့ကျင့်ခန်း (၅)

၅

ဒီတစ်ခါမှာတော့ လက်နှစ်ဖက်ကို နောက်ပြန်ထားကာ စားပွဲကို ပုံပါအတိုင်း ကိုင်ထားပါ။

တံတောင်ကို ကွေးပြီး ကွေးလိုက်၊ ဆန့်တန်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းတွေကတော့ ကွီးတို့ရဲ့ အလုပ်စားပွဲမှာ ချွေးမထွက်ဘဲ ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အလုပ်စားပွဲမှာ အထိုင်များတယ်ဆို ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်လေ့ရှိပါသလဲ။

Source: 28bysamwood

Featured Image: Freepik