တီးလို့မရတော့တဲ့ ဂစ်တာတစ်လုံးကို မပစ်ရက်လို့ အမြတ်တနိုး သိမ်းထားတက်တဲ့ ကွီးတွေ ရှိပါသလား ? အဲ့ဒီခံစားချက်ဟာ အမှန်တကယ် ဂစ်တာကို တန်ဖိုးထားတဲ့ ဂစ်တာချစ်သူတွေပဲ သိပါလိမ့်မယ်။ ဒီလို ဂစ်တာအဟောင်းတွေ သိမ်းထားတက်တဲ့ ကွီးတို့အတွက် ဒီဆောင်းပါးမှာတော့ ဂစ်တာ အဟောင်းတစ်လုံးကို ပြန်ရွှိုင်းပြီး အိမ်အလှဆင်ရာမှာ ပြန်လည်အသုံးပြုနိုင်မယ့် DIY အိုင်ဒီယာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ကွီးတို့ မြတ်နိုးရတဲ့ ဂစ်တာတစ်လုံး တီးလို့အဆင်မပြေတော့ပေမယ့် ပစ်လဲမပစ်ရက် ၊ ဒီတိုင်းကြီး သိမ်းထားရမှာလည်း ခက်တယ်ဆို အခုပြောပြတဲ့ နည်းလမ်းလေးတွေ Try ကြည့်ပါ။

အိုင်ဒီယာ (၁)

 Guitar
Photo : The ART in LIFE

ဂစ်တာ အိုးကို ဖွင့်ပြီး နံရံကပ်စင်လေး ပြုလုပ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး အိမ်တွင်းအလှဆင် ပစ္စည်းတင် စင်လေးတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၂)

 Guitar
Photo : The ART in LIFE

ဒါကတော့ ဂစ်တာအဟောင်းနဲ့ ပြုလုပ်နိုင်တဲ့ အမိုက်စား စာအုပ်စင်လေး ဖြစ်ပါတယ်။ အိမ်ခန်း ဒါမှမဟုတ် ဧည့်ခန်းမှာ ထားလို့ သင့်လျော်ပြီး စာအုပ်တွေကို စီစီရီရီ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားနိုင်ပါတယ်။

အိုင်ဒီယာ (၃)

 Guitar
Photo : The ART in LIFE

ဂစ်တာနဲ့ အိမ်တွင်းအပင်စိုက်လို့ ရတယ်လို့ ကွီးတို့ တွေးဖူးပါသလား ? ပုံမှာမြင်ရတဲ့အတိုင်း ဂစ်တာအိုးရဲ့ အပေါက်အတွင်းမှာ အိမ်တွင်းပန်းအိုးလေးတွေကို ထည့်သွင်းပြီး အထာကျကျ စိုက်လို့ ရပါတယ်။ အမြင်ဆန်းပြီး Creative ဖြစ်တဲ့ အိုင်ဒီယာလေး ဖြစ်တာကြောင့် ကွီးတို့ လုပ်ကြည့်လိုက်ပါဦး။

အိုင်ဒီယာ (၄)

 Guitar
Photo : The ART in LIFE

ဝိုင်စင်တစ်ခု ဖန်တီးဖို့ ကွီးတို့ အိမ်မှာရှိတဲ့ ဂစ်တာ အဟောင်းတစ်လုံးကို အသုံးပြုလို့ ရပါတယ်။ ဂစ်တာအိုးမှာ ဝိုင်ပုလင်း ဆန့်နိုင်မယ့် အပေါက်ငယ်လေးတွေ ဖောက်ပြီး သေသပ်လှပတဲ့ ဝိုင်စင်လေးတစ်ခု ဖန်တီးလိုက်ပါ။

အိုင်ဒီယာ (၅)

 Guitar
Photo : The ART in LIFE

အိမ်သော့ ၊ ကားသော့နဲ့ အခြား အသေးစား ပစ္စည်းလေးတွေ ချိတ်ဆွဲထားလို့ အဆင်ပြေမယ့် ခပ်မိုက်မိုက် နံရံကပ် ချိတ်လေးတွေ ဖန်တီးချင်လား ? ဒါဆိုရင်တော့ ဂစ်တာ Headstock လေးတွေက ကွက်တိပါပဲ။ ဂစ်တာရဲ့ ထိပ်ပိုင်း Headstock လေးတွေကို ဖြတ်ပြီး ထူးခြားဆန်းသစ်တဲ့ နံရံကပ် ချိတ်လေးတွေ ဖန်တီးလို့ ရပါတယ်။

အိုင်ဒီယာ (၆)

 Guitar
Photo : The ART in LIFE

ပုံမှန်အိမ်သုံး နာရီတွေနဲ့ မတူတဲ့ ဂစ်တာနာရီလေး ဖြစ်ပါတယ်။ Guitar Pick လေးတွေပါ ပေါင်းထည့်တပ်ဆင် ဖန်တီးရမှာ ဖြစ်တဲ့အတွက် ထူးခြားပြီး လှပနေမှာ အသေအချာပါပဲ။

Source : The ART in LIFE

Featured Photo : The ART in LIFE