One-club man လို့ ပြောရမယ့် ဘောလုံးအသင်း တစ်သင်းတည်းမှာပဲ ကစားသမားဘဝ တစ်ခုလုံးကို ဖြတ်သန်းခဲ့တဲ့ ကစားသမားတွေဆိုတာ ဒီဘက်ခေတ်မှာတော့ မရှိသလောက်ကို ရှားပါးနေပါပြီ။ တချို့ ကစားသမားတွေကလည်း ကလပ်အသင်းရဲ့ legend ကြီး အဖြစ် ရပ်တည်ရင်း ကစားသမားဘဝ နှောင်းပိုင်းမှ အခြားသော အသင်းတစ်သင်း အထူးသဖြင့် သူရဲ့ကလပ်အသင်းနဲ့ ထိပ်တိုက် မရင်ဆိုင်ရလောက်တဲ့ အသင်းမျိုးဆီ ပြောင်းရွှေ့သွားသူတွေလည်း ရှိတတ်ပါတယ်။ ဒီထဲမှာ ဆာဂျီယို ဘူးစကတ်စ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit : Clutch Points
ကွင်းလယ်လူ ဘူးစကတ်စ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကတ်တယ်လိုနီးယားဒေသမှာ မွေးဖွားခဲ့ပြီး အသက် (၁၇)နှစ်အရွယ်မှာ ဘာစီလိုနာ လူငယ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဘာစီလိုနာ လူငယ်အသင်းမှာ နည်းပြ ဂွာဒီယိုလာနဲ့ စတင် ဆုံစည်းခဲ့ရင်း ဂွာဒီယိုလာရဲ့ တပည့်ရင်း ဖြစ်လာတဲ့ ဘူးစကတ်စ်ဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီမှာပဲ ဘာစီလိုနာ စီနီယာ အသင်းကြီးအတွက် စတင် ကစားခွင့် ရရှိခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာ ကစားသမားဘဝ (၁၅)ရာသီမြောက်အဖြစ် ဖြတ်သန်းနေတဲ့ ဘူးစကတ်စ်ဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Eurosport
ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘူးစကတ်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် one of the best deep-lying playmaker အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဘာစီလိုနာအသင်း ကွင်းလယ်မှာ အကောင်းဆုံး မောင်းနှင်နိုင်သူလည်း ဖြစ်ပါတယ်။ ပွဲတစ်ပွဲအပေါ် ဖတ်ရှုနိုင်မှု ၊ ကြိုးစား အားထုတ် ကစားတတ်မှု ၊ ဘောလုံးအမြင်ကောင်းမှု ၊ ဘောလုံးထိန်းသိမ်းပုံ ကောင်းမွန်မှု ၊ ခြေထဲမှာ ဘောလုံးကို တည်တည်ငြိမ်ငြိမ်ထား ကစားနိုင်မှု စသဖြင့် ဘောလုံးအရည်အချင်းပေါင်း များစွာ ပိုင်ဆိုင်ထားသူ ဘူးစကတ်စ်ဟာ လာမာစီယာ ရတနာ တစ်ခုဖြစ်ပြီး ဘာစီလိုနာအတွက်လည်း တန်ဖိုးရှိလှတဲ့ ကစားသမားကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
Photo Credit : Youtube
အခုတော့ ဘူးစကတ်စ်ဟာ သူရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ဇာဗီ အင်နီယေစတာတို့ရဲ့ လမ်းစဉ်အတိုင်း အာရှ ကလပ်အသင်း အထူးသဖြင့် အရှေ့အလယ်ပိုင်းက ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ အခြေအနေ အတော်များနေပါတယ်။ ဆိုတော့ ဘာစီလိုနာ legend ကြီး ဘူးစကတ်စ်ရဲ့ နားခိုရာ နေရာသစ်တစ်ခု ဘယ်အသင်း ဖြစ်မလဲဆိုတာ…
Featured Photo : FC Barcelona