အာဆင်နယ်ကတော့ ဒီနွေရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ချယ်လ်ဆီးရဲ့ ဂျာမန် ကစားသမား ကိုင် ဟာဗက်ဇ်ကို ခေါ်ယူပြီးကတည်းက ဒက်ကလန် ရိုက်စ် နဲ့ ယူရီယန် တင်းဘား တို့ကိုပါ ဆက်တိုက် သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ရိုက်စ် နဲ့ တင်းဘားတို့ထဲကမှ တင်းဘားအပြောင်းအရွှေ့ရဲ့ တရားဝင် ထုတ်ပြန်မှုကိုတောင် မနေ့ကမှ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်တို့ တင်းဘားကို ရသွားပါပြီပေါ့။
Photo Credit : Sky Sports
တင်းဘား လို နေရာ (၃)မျိုး (၄)မျိုးမှာ ကစားနိုင်တဲ့ ခံစစ် ကစားသမားတစ်ဦးကို အခုလို ခေါ်ယူလိုက်နိုင်တာက အာဆင်နယ်အတွက်တော့ အကျိုးရှိမယ့် ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒါ့အပြင် ဒီကစားသမားအတွက် အာဆင်နယ် အသုံးပြုလိုက်တဲ့ ပြောင်းရွှေ့ကြေးကလည်း ယူရို သန်း (၄၀) + အပိုဆုကြေး ယူရို (၅)သန်း စုစုပေါင်း ယူရို (၄၅)သန်း စတာလင် ပေါင်နဲ့ တွက်ကြည့်မယ်ဆိုရင် အပိုဆုကြေး အပါအဝင်မှကို ပေါင် သန်း (၄၀)ပဲ ကုန်ကျခဲ့တာမို့ ပေးရတဲ့ ဈေးအရလည်း တန်တယ်လို့ ဆိုနိုင်ပါတယ်။
Photo Credit : SPORTbible
ဆိုတော့ တင်းဘားက ဘယ်နေရာတွေအထိများ ကစားနိုင်မလဲ။ သူရဲ့ အဓိက နေရာကတော့ ဗဟိုခံစစ်ပါ။ နောက်တစ်နေရာ ဆိုရင်တော့ ခံစစ် ညာခြမ်းပါ။ အခု အာဆင်နယ်ရ့ ဗဟိုခံစစ်မှာက ဆာလီဘာ နဲ့ ဂါဘရီရယ် ရှိမယ်။ ညာခြမ်းမှာက ဘင်ဝှိုက်ကို သုံးတယ်။ အခု တင်းဘား ရောက်လာပြီမို့ ဗဟိုခံစစ် နေရာရော ညာခြမ်းနေရာအတွက်ပါ quality player တစ်ဦး ထပ်တိုးလာသလို ဖြစ်စေမယ့်အပြင် လိုအပ်ရင် တင်းဘားက ကွင်းလယ်အထိပါ ကစားနိုင်သေးတာမို့ ရွေးချယ်စရာ options တွေက ခေါင်းခြောက်စေလောက် များနေပါလိမ့်မယ်။
Photo Credit : Arsenal FC
တင်းဘားကို အာဆင်နယ်က ကျောနံပါတ် (၁၂)ပေးခဲ့တယ်။ ပြီးခဲ့တဲ့ ဆာလီဘာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ဟောင်းပါ။ ဆာလီဘာကတော့ ဒီရာသီ ကျောနံပါတ် (၂)ကို ဝတ်ဆင်ပါမယ်။ နောက်ပြီး တင်းဘား ကို အာဆင်နယ်က ၂၀၂၈ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။ ဆိုတော့ ပြီးခဲ့တဲ့ ရာသီကတည်းက တန်ဟက်ဂ်နဲ့အတူ ပရီးမီးယားလိဂ်ဆီ ရောက်လာဖို့ အလွန် နီးစပ်ခဲ့တဲ့ တင်းဘား အခု ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာ အာဆင်နယ်အတွက် ဘယ်လို စွမ်းဆောင်မှုတွေကို ပြသသွားနိုင်မလဲဆိုတာ…
Featured Photo : Arsenal FC