တက်တူးထိုးရတာ နှစ်သက်တဲ့ ကွီးတို့ရေ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဂီတ အနုပညာကို နှစ်သက်မြတ်နိုးတဲ့ တက်တူး ချစ်သူများအတွက် အမိုက်စား ဒီဇိုင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ဂီတသည် စိတ်ခံစားချက်များကို အမျိုးစုံ ခံစားသွားရစေအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားမြင့်အရာတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ မြူးမြူးကြွကြွသီချင်းတွေ နားထောင်တဲ့အခါ စိတ်လက်ပေါ့ပါး ပျော်ရွှင်လာပြီး အသည်းကွဲ သီချင်းတွေ နားထောင်မိရင်လည်း လူက အဆွေးခံစားချက်လေး ဝင်ရောက်လာမှာပဲဖြစ်ပါတယ်။
ဒီလိုအစွမ်းထက်တဲ့ ဂီတ ကို ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူး အဖြစ် ရေးထိုးတဲ့အခါမှာ အမိုက်စားဖက်ရှင်တစ်ခုကို ပိုင်ဆိုင်ရရှိသွားစေမှာပါ။
တေးဂီတ နုတ်စ် တက်တူး
Music Note များသည် အရိုးရှင်းဆုံး တက်တူးဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ရှိရှိသမျှ Music Note များကို ပေါင်းစပ်ကာ အမိုက်စား တက်တူးဒီဇိုင်းတစ်ခု ဖန်တီးလိုက်ပါ။
ဂီတ တူရိယာ တက်တူး ဒီဇိုင်း
ကွီးတို့ရဲ့ လက်ဖျံမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ တူရိယာတစ်မျိုးမျိုးရှိတယ်ဆိုရင် ထိုတူရိယာကို တက်တူးဒီဇိုင်းအဖြစ် ရေးထိုးနိုင်ပါတယ်။
တက်တူးအသေးစား
တက်တူးဒီဇိုင်း အသေးစားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုလိုမျိုး နား အနောက်ဘက်နှင့် လည်ပင်းနားတစ်ဝိုက်မှာ ရေးထိုးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း လက်ကောက်ဝတ်လို နေရာမျိုးသည်လည်း တက်တူးအသေးစား ထိုးလို့အကောင်းဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။
ဂစ်တာ၊ နှင်းဆီပွင့်ဖတ်နှင့် Music Note သုံးမျိုးစပ် တက်တူးဒီဇိုင်း
အမိုက်စား တက်တူးဒီဇိုင်းတစ်ခု ဖန်တီးချင်သူများအတွက် အလန်းစား သုံးမျိုးစပ် ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ လက်ဖျံ အတွင်းပိုင်းမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။
ဖန်ခွက်ထဲက ဓာတ်ပြားချပ်
ဓာတ်ပြားချပ်လေးသည် တစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့ ကိရိယာပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရုပ်ရှင်တွေထဲမှာတော့ မြင်တွေ့ဖူးပါလိမ့်မယ်။
ဒီတက်တူးလေးကတော့ ဓာတ်ပြားချပ်ကို ဖန်ခွက်ထဲ ထည့်ထားကာ ကြောင်တစ်ကောင်က ထိုဓာတ်ပြားချပ်ကို သူ့လက်သည်းဖြင့် ဖွင့်နေတဲ့ပုံစံဖြစ်ပါတယ်။ အိုင်ဒီယာအမိုက်စားဖြင့် ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
စာသားတက်တူး
ကွီးတို့ဖုန်းမှာ သီချင်း နားထောင်တော့မယ်ဆိုရင် ဒီလိုအမှတ်အသားမျိုးကို မြင်တွေ့ရပါလိမ့်မယ်။ ထိုအမှတ်အသားလေးကိုမှ အဓိပ္ပာယ်ရှိတဲ့ စာသားလေးဖြင့် ပေါင်းစပ်ကာ တက်တူးရေးထိုးထားတာပဲ ဖြစ်ပါတယ်။
လက်မောင်းပေါ်မှာ ရေးထိုးထားတဲ့ဒီဇိုင်း
Music Note များက ရေ (သို့) မှင်ရည် တစ်စုံတစ်ရာကြောင့် လွှင့်ပြယ်နေတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ လက်မောင်းကြွက်သား တောင့်တင်းတဲ့ ကွီးတို့အတွက် လက်မောင်းပေါ်မှာ ရေးထိုးနိုင်တဲ့ အမိုက်စားဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
တေးဂီတနှင့် နှလုံးသားပေါင်းစပ်ထားပုံ
ဦးနှောက်နှင့် နှလုံးသားကို တေးဂီတက တစ်သားတည်းကျသွားအောင် ပေါင်းစပ်ပေးထားတဲ့အဓိပ္ပာယ်ပါ။
မှိန်ဖျော့ဖျော့တက်တူး
မှင်ရည်မှိန်မှိန်လေးဖြင့် ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် ဒီဇိုင်းတစ်ခုပါ။
အရောင်အသွေး စုံလင်လှတဲ့တက်တူးဒီဇိုင်း
ကွီးတို့မှာ ကိုယ်ပိုင်တီးဝိုင်းမျိုး ရှိတယ်ဆိုရင်တော့ အခုလိုလေး ရေးထိုးနိုင်ပါတယ်။ ဂီတကြောင့် အသက်ရှင်နေရပုံ၊ နှလုံးခုန်နေပုံကို တက်တူးရေးထိုးထားတာပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ တက်တူးဒီဇိုင်းလေးတွေကို ကွီးတို့အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Fashionbeans
Featured Image: Outsons