မယ်ဒူဆာ တက်တူးဒီဇိုင်း တွေက ဒီနေ့ခေတ် တက်တူးချစ်သူတွေကြားမှာ ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ရှေးဂရိဒဏ္ဍာရီလာ အလှနတ်ဘုရားမလို့ လူသိများတဲ့ မယ်ဒူဆာ ဟာ ဂရိစစ်နတ်ဘုရား ၊ လက်မှုပညာသည်နတ်ဘုရားမ အယ်သီနာရဲ့ ကြိမ်စာတိုက်ခြင်းခံခဲ့ရပြီးနောက် ဆံပင်တွေနေရာမှာ မြွေတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီး လှပတဲ့မိန်းမချောလေးကနေ နတ်မိစ္ဆာတစ်ကောင်အသွင်ကို ကူးပြောင်းခြင်း ခံလိုက်ရသူလို့ ဂရိဒဏ္ဍာရီပုံပြင်တွေမှာ ဖော်ပြထားပါတယ်။ မယ်ဒူဆာနဲ့ မျက်လုံးချင်း ဆုံမိသူတိုင်းက ကျောက်ရုတ်အသွင်ကို ပြောင်းသွားပြီး ထာဝရသေဆုံးသွားကြရတာ ဖြစ်ပါတယ်။

စွမ်းအားကြီးတဲ့ မယ်ဒူဆာပုံ တက်တူးတွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အဓိပ္ပါယ်တွေ များစွာရှိပါတယ်။ မယ်ဒူဆာ တက်တူးတွေဟာ အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုပြီး အမျိုးသမီးဝါဒီ သင်္ကေတတစ်ခုအဖြစ် ရှု့မြင်ကြပါတယ်။ လွတ်လပ်မှု ၊ အသွင်ပြောင်းခြင်းဆိုင်ရာ အတွေးအခေါ်များ သို့မဟုတ် မကောင်းမှုနဲ့ မနာလိုမှု စတဲ့ အဓိပ္ပါယ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးချစ်သူတွေ အကြိုက်တွေ့စေမယ့် ဂရိဒဏ္ဍာရီလာ အလှနတ်ဘုရားမ မယ်ဒူဆာ တက်တူးဒီဇိုင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) ရိုးရာမယ်ဒူဆာ တက်တူးဒီဇိုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

မယ်ဒူဆာ တက်တူးဒီဇိုင်းတွေက အဓိပ္ပါယ် သင်္ကေတများစွာကြွယ်ဝပြီး Unique ဖြစ်တဲ့ တက်တူးဒီဇိုင်းတစ်ခုပါ။ ဒီထဲမှာ လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခုက ရိုးရာမယ်ဒူဆာ တက်တူးဒီဇိုင်း ဖြစ်ပါတယ်။ တောက်ပပြီး အရောင်သွေးစုံတဲ့ ကာလာတွေနဲ့ နက်မှောင်တဲ့ ကောက် ကြောင်းတွေကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီတက်တူးဒီဇိုင်းဟာ လူတွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်တာကြောင့် လက်မောင်းလို မြင်သာတဲ့နေရာတွေမှာ ထိုးလို့ ပိုသင့်တော်ပါတယ်။

(၂) ရုပ်ကြွမယ်ဒူဆာ တက်တူးဒီဇိုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

Realistic တက်တူးတွေ နှစ်သက်သူတွေအတွက်တော့ ရွေးချယ်စရာ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ခေတ်မီ စက်ကိရိယာတွေနဲ့ တက်တူး Artist ရဲ့ ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ရေးထိုးထားတဲ့ ဒီတက်တူးပုံဟာ ခန္ဓာကိုယ်အရေပြားပေါ်မှာ သက်ဝင်ထင်ရှား စွဲမက်ဖွယ်ကောင်းနေမှာ ဖြစ်ပါတယ်။ အမှန်တကယ် အတွေ့အကြုံများပြီး ကျွမ်းကျင်တဲ့ တက်တူး Artist ကိုရှာဖို့တော့ အရေးကြီးပါတယ်။ လက်မောင်း ၊ ကျောပြင်နဲ့ ရင်ဘတ် တို့လို နေရာကျယ်ကျယ်ပေးနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရေးထိုးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၃) ဆွဲဆောင်မှုရှိတဲ့ မက်ဒူဆာ တက်တူးဒီဇိုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

မက်ဒူဆာကို အမျိုးသမီးဝါဒီရဲ့သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အချိန်အခါမျိုးမှာ ရေးထိုးလေ့ ရှိကြပါတယ်။ ဆွဲဆောင်မှုရှိပြီး လှပတဲ့ မယ်ဒူဆာတက်တူးဒီဇိုင်းတွေဟာ အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုတဲ့ တက်တူးတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် တက်တူးဒီဇိုင်းကို ဖြည့်စွက်ရေးထိုးနိုင်ပြီး ပေါင်နဲ့ ကျောပြင်လို နေရာတွေမှာ ရေထိုးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၄) မယ်ဒူဆာရုပ်တု တက်တူးဒီဇိုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ဂရိဒဏ္ဍာရီနဲ့ မယ်ဒူဆာရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေအတွက် ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ မယ်ဒူဆာရုပ်တု တက်တူးဒီဇိုင်းဟာ ရှေးဂရိအနုပညာမှာ ကြီးကြီးမားမား သရုပ်ဖော်ထားခြင်းခံရတဲ့ မယ်ဒူဆာရဲ့ မူလဇစ်မြစ်ကို ဖော်ကြူးပါတယ်။ မိန်းမဆန်ခြင်း ၊ လွတ်လပ်ခြင်း ၊ အသွင်ပြောင်းခြင်းနဲ့ ဆိုးယုတ်ခြင်း အပါအဝင် စိတ်ဝင်စားဖို့ကောင်းတဲ့ အဓိပ္ပါယ်များစွာကို ကိုယ်စားပြုနေတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ရေးထိုးနိုင်ပြီး လက်မောင်းလိုနေရာမှာ ရေးထိုးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၅) ပါးဆီးယက်နဲ့ မယ်ဒူဆာ တက်တူးဒီဇိုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

မယ်ဒူဆာရဲ့ အကြောင်း ဇာတ်ကြောင်းပြန်ကောက်ရရင် သူမဟာ ဝမ်းနည်းစရာဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဆောင် ဖြစ်ပါတယ်။ မယ်ဒူဆာဟာ ကြောက်မက်ဖွယ် နတ်မိစ္ဆာတစ်ကောင်လို့ ထင်မှတ်ကြပေမယ့် တကယ်တော့ အယ်သီနာနတ်ဘုရားမရဲ့ အမြက်တော်ရှခဲ့တဲ့အတွက်ကြောင့် သားကောင်ဖြစ်ခဲ့ရသူပါ။ ပုံပြင်အရတော့ ပါးဆီးယက်က မယ်ဒူဆာရဲ့ခေါင်းကို ဖြတ်ပြီး အဆုံးသတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပုံပြင်ထဲမှာ ပါးဆီးယက်ကို ရဲရင့်မှုနဲ့ သတ္တိစွမ်းအား ပြည့်ဝတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ပါးဆီးယက်နဲ့ မယ်ဒူဆာ တက်တူးဒီဇိုင်းဟာ အဆိုးကနေ အကောင်းကို အောင်နိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး ရဲစွမ်းသတ္တိ ၊ ခွန်အားကြီးမားခြင်းတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယုံကြည်ထားကြပါတယ်။

(၆) စွမ်းအားကြီး မက်ဒူဆာ တက်တူးဒီဇီုင်း

မယ်ဒူဆာ တက်တူးဒီဇိုင်း

Photo : The Trend Spotter

မယ်ဒူဆာဟာ ပျက်သုဉ်းခြင်းကို ဖော်ဆောင်တဲ့ ကြောက်မက်ဖွယ် မကောင်းဆိုးဝါး နတ်မိစ္ဆာတစ်ကောင်လို့ လူတွေသတ်မှတ်ထားပေမယ့် သူမက အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ အသွင်ပြောင်းခြင်း သင်္ကေတတစ်ခု ဖြစ်ပါတယ်။ စွမ်းအားကြီးပြီး လေးနက်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်လိုတယ်ဆိုရင် မယ်ဒူဆာတက်တူးကို နက်မှောင်တဲ့ကောက်ကြောင်းတွေနဲ့ ဖန်တီးရေးထိုးနိုင်ပါတယ်။ အကြေးခွံပါတဲ့ ဦးခေါင်း ၊ မြွေတစ်ကောင်ရဲ့ လျှာ ၊ မြေအစွယ်တွေနဲ့ မြေမျက်လုံးတို့ ထပ်မံဖြည့်စွက်ပြီး မင်နက်နက် အနက်ရောင်ကာလာကို အသားပေး ရေးထိုးနိုင်ပါတယ်။ စွမ်းအားကြီးတဲ့ မက်ဒူဆာ တက်တူးဒီဇီုင်းကို ပေါင်နဲ့ခြေသလုံးလို နေရာမှာ ရေးထိုးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

Featured Photo : Inked Mag