မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနွေမှာပဲ အသင်းက ကစားသမား အမြောက်အများခန့်ကို ရောင်းချသွားဖို့ ရှိနေပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဆန်ချို မာရှယ်တို့ အပါအဝင် ကစားသမား (၁၃)ဦးခန့်အထိ တပြုံကြီး ရောင်းချခံရနိုင်တယ်လို့ သိရပါတယ်။
Photo Credit : Sporting Life
မန်ယူနိုက်တက်က ဒီနွေမှာ စုစုပေါင်း အသုံးစရိတ် ပေါင် သန်း(၁၂၀)ပဲ ရရှိထားပြီး လိုချင်တဲ့ ကစားသမားတွေရဲ့ တန်ကြေးတွေက များပြားလွန်းနေချိန်မှာ ပေါင် သန်း(၁၂၀)သာ သုံးစွဲဖို့ budget ရထားတာက ယူနိုက်တက်အတွက်တော့ တကယ်ကို ခေါင်းခဲစရာပါ။ မကြာသေးခင်ကပဲ သူတို့ ခေါ်ယူချင်နေတဲ့ မေဆန်မောင့်ကို ပေါင် (၅၅)သန်းထက် တိုးမြှင့် ကမ်းလှမ်းဖို့ ဆန္ဒမရှိခဲ့လို့ မောင့် အပြောင်းအရွှေ့က တစ်ခန်းရပ်ခဲ့ရချိန် ပြောင်းလဲ ပစ်မှတ်ထားလာတာ မောင့်ထက် တန်ကြေးများတဲ့ ကိုင်စီဒို။
Photo Credit : The Mirror
ကိုင်စီဒိုကိုသာ လိုချင်တယ်ဆိုရင် အနိမ့်ဆုံး သန်း(၈၀)ခန့် အသုံးပြုရမှာမို့ သုံးလိုက်ပြီပဲထား ကျန်မှာက သန်း(၄၀)။ ပေါင် သန်း(၄၀)နဲ့ ဂိုးသမား အိုနာနာကို ကမ်းလှမ်းရင် အင်တာဘက်က လက်ခံဖို့ မလွယ်နိုင်တာဖြစ်လို့ ယူနိုက်တက်အနေနဲ့ အသုံးစရိတ်ကို မြင့်တင်ဖို့အတွက် အသင်းက ကစားသမား တပြုံတခေါင်း ရှင်းထုတ်ဖို့ ပြင်ဆင်လာပါတယ်။ အဲ့ဒီ ကစားသမားတွေကတော့ မက်ဂွိုင်းယား ဆန်ချို မာရှယ် တွမ်မီနေး ဖရက်ဒ် ဗန်ဒယ်ဘိခ် ဒင်းဟန်ဒါဆန် အီလန်ဂါ ဘိုင်လီ တဲလ်လက်စ် ဝီလီယံစ် မာ့ချ်ဘရီ ဇီဒန်း(အူးထရက်သို့ ပြောင်းရွှေ့) ဖြစ်ပြီး ဖီးလ်ဂျုံးစ် တွမ်ဇီဘီတို့ဟာ အလွတ်နဲ့ လစ်ကြရပါတော့မယ်။
Photo Credit : Football365
ယူနိုက်တက်က ဒီကစားသမားတွေ ရောင်းချရခြင်းကနေ ပေါင် သန်း(၅၀)မှ သန်း(၁၀၀)လောက်အထိ ရရှိလာနိုင်မယ်လို့ မျှော်လင့်နေပြီး သန်း(၈၀)နဲ့ ဝယ်ခဲ့ရတဲ့ မက်ဂွိုင်းယားအတွက် သန်း(၄၀) ၊ (၇၃)သန်းနဲ့ ဝယ်ထားရတဲ့ ဆန်ချိုအတွက် (၄၅)သန်း နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ် ကစားသမား မာရှယ်ကိုပါ (၂၅)သန်းတည်းနဲ့ လက်လွတ်သွားပါတော့မယ်။ အခုဆိုရင် ဒီကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေကို နားစွှင့်ထားနေပြီဖြစ်ပြီး ဘယ်အသင်းတွေကများ ယူနိုက်တက်ရဲ့ ဘယ်ကစားသမားတွေကို ဘယ်လောက်ဈေးနဲ့ မ သွားမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။
Featured Photo : Daily Mail