ဂေါ့ဖ်ရိုက်ခြင်းသည် ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ အားကစားအများအပြားထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဂေါ့ဖ်ကစားခြင်းကြောင့် စိတ်အပန်းပြေစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ ကမ္ဘာပေါ်တွင် ဂေါ့ဖ် အားကစားသမား အကျော်အမော်များလည်း အများအပြားရှိကြပါတယ်။

သင်သည် ဂေါ့ဖ်ရိုက်ရတာ ဝါသနာပါတဲ့ ကွီးတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကမ္ဘာ့အကျော်ကြားဆုံး ဂေ့ါဖ် အားကစားသမား တွေကို သိပြီးလောက်မှာဖြစ်ပါတယ်။

Phil Mickelson

best golfer all times

Photo: The Guardian

ကမ္ဘာ့အတော်ဆုံး နံပါတ် (၇) နေရာမှာ ရပ်တည်နေတဲ့ အားကစားသမားကတော့ Phil Mickelson ပဲဖြစ်ပါတယ်။ သူ့နာမည်ပြောင်ကတော့ Lefty ဖြစ်ပါတယ်။ သူသည် ညာသန်တစ်ယောက်ဖြစ်ပေမယ့် သူ ငယ်ငယ်တုန်းက သူ့အဖေ ဂေါ့ဖ်ရိုက်စဉ်ကာ သူ့အဖေအတိုင်း ဘယ်နဲ့ရိုက်ရာကနေ သူသည်လည်း ထိုကဲ့သို့ ရိုက်တတ်သွားတာဖြစ်ပါတယ်။

Gene Sarazen

best golfer all times

Photo: Florida

သူကတော့ ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၃၀ ပြည့်နှစ်တွေမှာ နံပါတ် (၁) နေရာ ရခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့နာမည်ကတော့ ဂေါ့ဖ်လောကမှာ ယနေ့ထိတိုင် နာမည်ကြီးနေဆဲပဲဖြစ်ပါတယ်။

Gary Player

best golfer all times

Photo: 2oceansvibe

နံပါတ် (၈) နေရာမှာ ရပ်တည်နေသူကတော့ Gary Player ဖြစ်ပါတယ်။ သူကတော့ မေဂျာ ချန်ပီယံရှစ်ပြိုင်ပွဲများတွင် ၉ ကြိမ်တိုင်တိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။

Tom Watson

ဂေါ့ဖ် အားကစားသမား

Photo: Linksmagazine

နောက်ထပ်နာမည်ကြီးသူတစ်ယောက်ကတော့ Thomas Sturges Watson ဖြစ်ပါတယ်။ သူ့ကို Tom Watson လို့လည်း လူသိများပါတယ်။ သူသည်လည်း ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အတော်ဆုံး အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Ben Hogan

ဂေါ့ဖ် အားကစားသမား

Photo: Golf

နောက်ထပ် ပရော်ဖက်ရှင်နယ်ကျကျ ဆော့ကစားနိုင်သူကတော့ Ben Hogan ပဲဖြစ်ပါတယ်။ သူသည် ၁၉၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ သို့သော် သူ့နာမည်ကတော့ ယနေ့ထိတိုင် ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

Jack Nicklaus

ဂေါ့ဖ် အားကစားသမား

Photo: Caknowledge

သူ့နာမည်အပြည့်အစုံကတော့ Jack William Nicklaus ဖြစ်ပါတယ်။ သူ့နာမည်ပြောင်ကတော့ The Golden Bear ပါ။ သူသည် အနားမယူခင်တုန်းကဆိုလျှင် ပြိုင်ပွဲပေါင်းအမြောက်အမြားမှာ ယှဉ်ပြိုင်ခဲ့ပြီး ၁၁၇ ပွဲ အနိုင်ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Tiger Woods

ဂေါ့ဖ် အားကစားသမား

Photo: Lifestyleasia

သူကတော့ နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ နာမည်ကြီး ဂေါ့ဖ် အားကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အတော်ဆုံး ဂေါ့ဖ် အားကစားသမား အဖြစ် ယနေ့ထိတိုင် သတ်မှတ်ထားခြင်းခံရတာ ဖြစ်ပါတယ်။

Source: Athlonsports

Featured Image: CNBC