စကီလေး တွေ တဖြုတ်ဖြုတ် ကြွေ ကျသွားစေမယ့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်ကို ကြွက်သားအဖုအထစ်တွေနဲ့ ကြည့်ကောင်းအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ လေတိုက်ရင် လွင့်သွားတော့မလား ထင်မှတ်ရလောက်တဲ့အထိ ပိန်ကပ်နေတဲ့ ခန္ဓာကိုယ်မျိုးဆိုရင် ဘယ်မိန်းကလေးကမှ ကွီးတို့ကို အားကိုးချင်စိတ် ပေါ်လာမှာမဟုတ်ပါဘူး။

စကီလေး တွေ အားကိုးချင်စရာ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီး သူတို့ ကြွေ သွားအောင် လုပ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Pinterest

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး ထိုင်လိုက် ထလိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Menshealth

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် ပုံပါအတိုင်း အလေးတုံးကို အပေါ်သို့ ကိုင်မြှောက်လိုက် ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

စုစုပေါင်း ၁၅ ကြိမ်မှ အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

စကီလေး ကြွေ

Source: Menshealth

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် အလေးတုံးကို ခြေထောက်နှစ်ဖက်ကြားထဲကနေ အရှေ့လွှဲလိုက် အနောက်လွှဲလိုက် ပြုလုပ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်မှ ၁၈ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

စကီလေး ကြွေ

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးကိုင်ပြီး အရှေ့သို့ လမ်းလျှောက်လိုက်၊ အနောက်သို့ နောက်ပြန်လျှောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

စကီလေး ကြွေ

Source: Healthline

ခန္ဓာကိုယ်ကို ဘေးတစောင်းထားကာ လှဲလျောင်းနေပါ။ (ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေလို့လည်း ရသလို၊ ခုံပေါ်မှာ လှဲလျောင်းလို့လည်း ရပါတယ်။) ထို့နောက် ဝမ်းဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွလိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ နောက်ထပ် ၁၅ ကြိမ် ပြုလုပ်ပါ။ ဒါဆိုရင်တော့ တစ်ကျော့ ပြီးသွားပါပြီ။ နောက်ထပ် ၂ ကျော့ ဆက်လက် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

စကီလေး ကြွေ

Source: Pinterest

ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ လှဲလျောင်းထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အပေါ်သို့ လွှဲလိုက်၊ အောက်သို့ လွှဲလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်မှ အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ကို ကြွက်သား အဖုအထစ်များနဲ့ ကြည့်ကောင်းနေစေပြီး စကီလေး တွေ တဖြုတ်ဖြုတ် ကြွေ သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Featured Image: Freepik