ကိုယ့် ချစ်သူကောင်မလေး၊ ကိုယ့်ရဲ့ မဟေသီက ကိုယ့်ကို အရမ်း နိုင်စားလို့ စိတ်ညစ်နေပါသလား။ ကိုယ်က တစ်ဖန်ပြန်ပြီး အနိုင်မရချင်ဘူးလား။ စကီ ရှိတဲ့ ဘဲကြီးတို့လည်း “မိန်းမနိုင်နည်း” ကျမ်းတွေကို လိုက်လံရှာဖတ်ရတာ မောနေရာပေါ့။

ဒီတစ်ခါမှာတော့ ကွီးတို့ရဲ့ မဟေသီက ကွီးတို့ကို ကြောက်သွားအောင်လို့ ဘယ်လိုမျိုး ပြုမူနိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

သူ(မ) ငြိုငြင်မှာ မကြောက်ပါနဲ့

couple fight

ကွီးတို့ ကောင်မလေးက ကွီးတို့ကို စိတ်ဆိုးအောင်ပဲဖြစ်ဖြစ်၊ ကွီးတို့ မကြိုက်တာ တစ်ခုခု ပြုလုပ်မိရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စိတ်ခံစားချက် အမှန်ကို ပြသပါ။ ကိုယ့်ကောင်မလေးက ကိုယ့်ကို ငြိုငြင်သွားမှာစိုးလို့ဆိုပြီး သူ့ကို စိတ်မဆိုး၊ ဒေါသမထွက်ပြတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ဘက်က စိတ်ဆိုးပြတယ်၊ ကိုယ့်ရဲ့ စိတ်ခံစားချက် အမှန်ကို ထုတ်ပြခြင်းအားဖြင့် သူ စိတ်ဆိုးရင် ကြောက်စရာကြီးပါလား ဆိုတဲ့ အတွေးတစ်ခုကို ရရှိသွားမှာပဲဖြစ်ပါတယ်။

သူ့အကြောင်းကို အမြဲတမ်း စဥ်းစားနေကြောင်းကို သူ(မ) သိပါစေ

စကီ မိန်းမနိုင်နည်း

သူ(မ)ကို ဘယ်လောက်အထိ အလေးထားကြောင်း၊ တန်ဖိုးထားကြောင်းကို ကွီးတို့ဘက်က ပြသပေးမယ်ဆိုရင် ကွီးတို့ရဲ့ အချစ်ကို ယုံကြည်သွားမှာဖြစ်ပြီး ကွီးတို့ကို ဆုံးရှုံးရမှာကိုလည်း ကြောက်သွားပါလိမ့်မယ်။ သူ(မ) တစ်ခုခု အရေးကြုံလာတိုင်း ကိုယ့်ဘက်က အသင့်ရှိနေကြောင်း ပြသဖို့လည်း လိုအပ်ပါတယ်။ သို့သော် တစ်ခု သတိထားရမှာကတော့ အချိန်ပြည့်ဆိုသလို သူ(မ)အတွက် ရှိမနေနိုင်တာကိုလည်း သူ(မ) သိဖို့ လိုအပ်ပါတယ်။ ကွီးတို့သည်လည်း ကွီးတို့ ဘဝနဲ့ အလုပ်အကိုင်ဆိုတာသည်ရှိပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေအတွက်သာ ကိုယ့်ဘက်က အသင့်ရှိပေးပါ။

ရိုးသားမှု ရှိပါစေ

စကီ မိန်းမနိုင်နည်း

ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာ ပွင့်လင်း ရိုးသားမှု ရှိဖို့ လိုအပ်ပါတယ်။ ကွီးတို့က သူ(မ) မသိအောင် ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုကို သူ(မ)ဘာသာ သိသွားမယ်ဆိုရင် ကွီးတို့အပေါ် ယုံကြည်မှု နည်းသွားမှာပဲဖြစ်ပါတယ်။ ကွီးတို့သည် သူ(မ) အပေါ်မှာ အမြဲတမ်း ရိုးသားမှု ရှိတဲ့အခါ ကွီးတို့အပေါ်မှာ ထားရှိတဲ့ ကွီးတို့ရဲ့ အချစ်သည်လည်း တဖြည်းဖြည်း ကြီးထွားလာမှာပဲဖြစ်ပါတယ်။

သူ(မ)ကို မချုပ်ချယ်ပါနဲ့

စကီ မိန်းမနိုင်နည်း

သူ(မ)ကို ဟိုမသွားရဘူး၊ ဒီမသွားရဘူး၊ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုရင် သူကလည်း ကွီးတို့ကို တစ်ဖန် ပြန်ပြီး ချုပ်ချယ်နေမှာ အမှန်ပါပဲ။ ကွီးတို့အနေနဲ့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ပေးထားဖို့ လိုအပ်ပြီး ထိုယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်မိဖို့ လိုအပ်ပါတယ်။

နည်းအမျိုးမျိုးနဲ့ ဆိုးတတ်တဲ့ စကီ မျိုးကို ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက် အဖိုးတန်တဲ့ “မိန်းမနိုင်နည်း” ပဲဖြစ်ပါတယ်။ ကွီးတို့ကို ကွီးတို့ရဲ့ မဟေသီလေးက ကြောက်သွားမှာ အမှန်ပါပဲ။ ကြောက်သွားတယ်ဆိုတာကတော့ ကွီးတို့ကို ဆုံးရှုံးရတာကို ကြောက်သွားမှာဖြစ်ပါတယ်။ ကြောက်ရွံ့သွားတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

စကီ မိန်းမနိုင်နည်း

ငါ့မိန်းမကို ငါ နိုင်ရမယ် ဆိုပြီး ရန်ဖြစ်တိုင်း တစ်ချိန်လုံး လက်ပါနေတာမျိုးကတော့ အိမ်ထောင်ရေး (သို့) သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ အကြမ်းဖက်ရာမြောက်ပါတယ်။ ကွီးတို့အနေနဲ့ အနိုင်ယူချင်ဇောနဲ့ ကိုယ် ချစ်တဲ့သူကို ကိုယ်ထိ လက်ရောက် မကျူးလွန်မိဖို့ လိုအပ်ပါတယ်။ အခုဖော်ပြသွားတဲ့ မိန်းမနိုင်နည်းထဲမှာလည်း အကြမ်းဖက်ရမယ်ဆိုတဲ့ နည်းမျိုးကို မပြောပြထားပါဘူး။ သွယ်ဝိုက်တဲ့နည်းကို ကွီးတို့ကို ဆုံးရှုံးရမှာ ကြောက်သွားအောင် ကြိုးစားရတဲ့ နည်းလမ်းတွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးဆုံးအချက်တစ်ခုကတော့ သမီးရည်းစား ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်၊ ဘယ်သူက ဘယ်သူ့ကို နိုင်ပါတယ် ဆိုတာသည် ဂုဏ်ယူစရာ တစ်ခုလည်း မဟုတ်သလို၊ မင်းက “မယက” လားဆိုပြီး ဘော်ဒါတွေ ချွန်ပေးတိုင်း ပါမသွားဖို့လည်း လိုအပ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကိုမှ မနိုင်ဘဲ၊ တစ်ယောက်က တင်းနေရင်၊ တစ်ယောက်က အလျော့ပေးဆိုသလို “မလျော့ မတင်း စောင်းကြိုးညှင်း” သဘောတရားကို လက်ကိုင်ထားမယ်ဆိုရင်တော့ ပျော်ရွှင်စရာအတိပြီးတဲ့ သမီးရည်းစား ဆက်ဆံရေး (သို့) အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့စုံတွဲရော မရင့်ကျက်သေးဘဲ ကလေးဆန်စွာနဲ့ တစ်ယောက်ကို တစ်ယောက် အနိုင်ယူနေကြတုန်းလား။

Source: Enrichlove

Featured Image: OtherWords.org