လူနှစ်ယောက်နဲ့ ချိတ်ဆက်ထားတဲ့ သမီးရည်းစား ဆက်ဆံရေး တစ်ခုမှာ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလေးကိုတော့ လူတိုင်းပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ သို့သော်လည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အချက်တွေ၊ နားလည်ပေးနိုင်မှုမရှိတာတွေ မကြိုက်တဲ့အချက်တွေ စတာတွေကြောင့် ဝေးကွာသွားခဲ့ကြတဲ့ သူတွေလည်း အများအပြားပါပဲ။ ယောက်ျားလေးတွေနဲ့ ပတ်သတ်ပြီး မိန်းကလေးတွေ မကြိုက်တဲ့အချက်ကလည်း ကွီးတို့ကို ဝေးကွာစေတဲ့ အကြောင်းတရား ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ‌တော့ လေဒီလေးက ပလစ် သွားနိုင်တဲ့ ညိုကီတို့ရဲ့ အချို့သော အပြုအမူနဲ့ အလေ့အကျင့်များကို ဆင်ခြင်နိုင်အောင် ဝေမျှပေးမှာ ဖြစ်ပါတယ်။

အပြုအမူကောင်းများ မရှိခြင်း

လေဒီလေးက ပလစ်

Photo : LoveAroundMe

Manners လို့ခေါ်ကြတဲ့ အပြုအမူက မည်သည့်ပေါင်းသင်းဆက်ဆံရေးအတွက်မဆို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အပြုအမူများက ကိုယ်ရည်ကိုယ်သွေးနဲ့ Impression ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အပြုအမူလို့ဆိုရာမှာ ကိုယ်နှုတ်အမူအရာ သုံးမျိုးစလုံး ပါဝင်ပါတယ်။ အမျိုးသမီးများကလည်း ကောင်းမွန်သော အမူအကျင့်ရှိတဲ့ အမျိုးသားတွေကို သဘောကျလေ့ရှိပါတယ်။ ဒ့ါကြောင့် ကောင်းမွန်သော အမူအကျင့်များ ရှိ‌အောင် ပျိုးထောင်ပါ။ ကိုယ်နှုတ်အမူအရာ ထိုက်သင့်သော ယဉ်ကျေးမှု ရှိပါစေ။ အပြုအမူကောင်းများ ရှိခြင်းက ကွီးတို့ရဲ့ Relationship အတွက်သာမက ပေါင်းသင်းဆက်ဆံရေးအတွက်ပါ အထောက်အကူ ပြုစေပါတယ်။

ဂရုစိုက်မှုမရှိခြင်း

လေဒီလေးက ပလစ်

Photo : BBC

အမျိုးသမီးတွေက သူတို့ကို အသေးအမွှားလေးပင် ဖြစ်ပါစေ၊ ဂရုစိုက်ပြီး အလေးထားတာကို ကြိုက်နှစ်သက်ကြပါတယ်။ သို့သော်လည်း သူမကို ဂရုမစိုက်ဘဲ အခြားကိစ္စတွေပေါ်မှာပဲ အလေးထားနေခြင်းက ကွီးတို့ကို ဝေးကွာစေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။ အိမ်ထောင်ရေးမှာ အမျိုးသမီးတွေက အမျိုးသားတွေကို ထားသွားရခြင်းရဲ့ အကြောင်းပြချက်တစ်ခုက အလေးထားဂရုစိုက်မှု မရှိခြင်းကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

အချိန်မပေးခြင်း

လေဒီလေးက ပလစ်

Photo : Today

ဒါကတော့ ကွီးတို့ ထားခဲ့ခံရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုပါပဲ။ များသောအားဖြင့် Relationship တွေ ပျက်စဲကြတယ် ဆိုတာ အချိန်မပေးတာကြောင့်ပါပဲ။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ အချိန်အများစုကိုပဲ သူမကို ပေးနေရတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ သူမကို အချိန်မပေးဘဲ တခြားအရာတွေကို ဦးစားပေးတာ၊ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်နေတာ၊ ဂိမ်းပဲဆော့နေတာမျိုးက ကွီးတို့ Relationship ကိုထိခိုက်စေပါတယ်။ ဒါကြောင့် ကွီးတို့ အချိန်ကို မျှတစွာ စီမံခန့်ခွဲပြီး အချိန်အချို့ကို သူမကိုပေးပါ။ ဒါက သူမကိုအလေးထား ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။

သူမပြောစကားကို အလေးထား နားမထောင်ခြင်း

Photo : iBelieve

တစ်ပါးသူ ပြောစကားကို နားထောင်ပေးခြင်းကလည်း ထိုသူကို အလေးပေးပြီး လေးစားမှုကို ပြသခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် ကွီးတို့ မိန်းကလေးပြောတာကို အလေးထားနားထောင်ပါ။ အမျိုးသမီးများက တစ်ခါတစ်လေကျရင် သူတို့ရဲ့ ပြဿနာတွေကို အဖြေရှာချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပြဿနာတွေ၊ တစ်နေ့တာ အကြောင်းအရာတွေကို တစ်စုံတစ်ယောက်ကို ပြောပြပြီး ဆွေးနွေးကာ စကားပြောဖော် ဖြစ်ပေးစေချင်ကြတာပါ။ သူမရဲ့စကားတွေကို အရေးမကြီးဘူးထင်ပြီး အလေးထားနားထောင်ခြင်း မရှိတာ များလာရင် တစ်ဖက်သားအနေနဲ့ ကွီးတို့အပေါ်မှာ စိတ်ပျက်လာမှာပါ။

ကတိမတည်ခြင်း

Photo : Best life

ကတိတစ်ခုပေးလိုက်တာက လွယ်ပါတယ်။ သို့သော်လည်း တကယ်တည်နိုင်ဖို့ ကြိုးစားရမှာပါ။ ဒါ့ကြောင့် ကွီးတို့ လေဒီလေးကို သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ တစ်ခုခု ကတိပေးပြီးရင် တည်ပါ။ ကိုယ့်ရဲ့ စကားကို ကိုယ်တည်နိုင်တာက လူကြီးလူကောင်းတွေရဲ့ အမူအကျင့်ကောင်းပါ။ ကိုယ်မတည်နိုင်တဲ့ ကတိတွေကို လွယ်လွယ်ကူကူမပေးပါနဲ့။ ကွီးတို့ရဲ့ ကတိတွေကို ထပ်ခါတလဲလဲ ပျက်ကွက်တာက အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာထက် ပိုပါတယ်။

ကွီးတို့ရေ လေဒီလေးက ကွီးတို့ ဖောက်ပြန်တာကဲ့သို့ အပြစ်ကြီးကြီးမားမား လုပ်မှ ပလစ် သွားနိုင်တာ မဟုတ်ပါဘူး။ အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို လုပ်မိနေရင်းလည်း ကွီးတို့နဲ့ Relationship အပေါ်စိတ်ပျက်ကာ ထားခဲ့ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ တကယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးနဲ့ မဝေးကွာရအောင် အပေါ်ကအချက်လေးတွေကို ဂရုပြုနိုင်ဖို့ ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။

Featured Photo : The Coolest