ကွီးတို့ရဲ့ သဲငယ်လေးထက် ပိုပြီး စကားနားထောင်တတ်တဲ့သူတွေရှိပါတယ်။ သူတို့က ကွီးတို့ ခိုင်းသမျှကို မငြီးမငြူ လုပ်ဆောင်ပေးမှာဖြစ်ပြီး ကွီးတို့ရဲ့ သဲငယ်လေးလိုလည်း ကွီးတို့ကို အာရုံနောက်အောင် လုပ်မှာ မဟုတ်ပါဘူး။ ထိုအရာကတော့ အင်မတန် စကားနားထောင်တဲ့ စက်ရုပ် ပိစိကွေး များပဲဖြစ်ပါတယ်။
ဒီ စက်ရုပ် ပိစိကွေး များသည် ဈေးလည်း သက်သာတဲ့အပြင် ကွီးတို့ရဲ့ အိမ်ကို သန့်ရှင်း သပ်ရပ်သွားအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ အလုပ်ရှုပ်ပြီး အိမ်သန့်ရှင်းရေး မလုပ်နိုင်တဲ့နေ့တွေမှာ ဒီ စက်ရုပ် ပိစိကွေး တွေကိုသာ လုပ်ခိုင်းလိုက်ပါ။ သူတို့သည် ကွီးတို့ရဲ့ အိမ်ကို သန့်ရှင်း တောက်ပြောင်သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။
ဘယ်လို စက်ရုပ် ပိစိကွေး တွေက ကွီးတို့ရဲ့ အိမ်အတွက် သင့်တော်မလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။
iRobot Roomba i3 EVO

Photo: Spectrum
သူ့ရဲ့ ဒီဖိုင်းကတော့ အဝိုင်း ပုံသဏ္ဍာန် ဒီဇိုင်းနဲ့လာပြီး အရွယ်အစားက သေးသေးကွေးကွေးလေးမို့ ကွီးတို့အိမ်မှာ နေရာ အကျယ်ကြီး ယူမှာမဟုတ်ပါဘူး။ သူ့ရဲ့ App ကို ကွီးတို့ ဖုန်းထဲ ထည့်ထားပြီး ဖုန်းကို နှိပ်ကာ အိမ်သန့်ရှင်းရေး ပြုလုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၄၀ ကျော် ကျသင့်မှာပဲဖြစ်ပါတယ်။
iRobot Roomba i3+ EVO

Photo: Grover
နောက်ထပ် အမျိုးအစားတစ်ခုကတော့ iRobot Roomba i3+ EVO ပဲ ဖြစ်ပါတယ်။ သူကတော့ စောစောက အမျိုးအစားနဲ့ တူပါတယ်။ ဒါပေမဲ့ i3+ က ပို အဆင့်မြင့်ပြီး သူ့မှာ စက်ရုပ်က လှည်းကျင်းလိုက်တဲ့ အမှိုက်များကို အလိုက်အလျောက် ရှင်းပေးတဲ့ အမှိုက်ပုံးပါ ပါဝင်ပါတယ်။ ရိုးရိုး i3 မှာတော့ အလိုက်အလျောက် သန့်စင်ပေးမယ့် အမှိုက်ပုံး မပါဝင်ပါဘူး။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ နီးပါးလောက်ရှိပါတယ်။
Roborock Q5

Photo: Amazon
Roborock Q5 ကတော့ iRobot Roomba i3 EVO ထက်ပိုပြီး စမတ်ကျပြီး ပိုပြီး စိတ်ချရပါတယ်။ သူ့မှာ အသံဖြင့် စေခိုင်းလို့ရတဲ့ စနစ်ပါ ပါဝင်လာပြီး နေရာမျိုးစုံမှာ တိကျစွာ သွားလာနိုင်တဲ့ စနစ်တစ်ခု ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
Roborock Q5+

Photo: Androidpolice
ဒီအမျိုးအစားကလည်း စောစောက Roborock Q5 နဲ့ အမျိုးအစားအတူတူပါပဲ။ သူ့မှာလည်း အလိုအလျောက် အမှိုက် စွန့်ပစ်ပေးတဲ့ အမှိုက်ပုံး ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့က အမှိုက်ပစ်စရာမလိုတော့ပါဘူး။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ဝန်းကျင် ကုန်ကျမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ အိမ်မှာ ဒီလိုမျိုး ကိုယ့်စကားနားထောင်တဲ့ စက်ရုပ်မျိုး မလိုချင်ကြဘူးလား။
Source: Nytimes
Featured Image: Apartmenttherapy
