ကွီးတို့ရဲ့ စကီလေးက ပွားလွန်း လို့ စိတ်ညစ်နေရပြီလား ကွီးတို့ရေ။ အမေက ဆူလိုက်၊ စကီလေး က ပွားလိုက် နဲ့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် အသုံးဝင်လောက်တဲ့ ပစ္စည်းများကို ညွှန်းချင်ပါတယ်။

ထိုပစ္စည်းလေးကတော့ နောက်ခံဆူညံသံများကို ဖျောက်ပေးနိုင်တဲ့ နားကြပ်ကောင်းကောင်းတစ်စုံပဲ ဖြစ်ပါတယ်။ ကွီးတို့မှာ နားကြပ်ကောင်းကောင်း တစ်စုံလောက်ရှိနေပြီဆိုရင်တော့ အေးဆေး နားကြပ်လေးတပ်ရင်း သီချင်း နားထောင်နိုင်ပါတယ်။ ဒါဆိုရင် စကီလေးက ဘယ်လောက်ပွားပွား၊ သူ ဘာတွေ ပွားနေမှန် သိတော့မှာမဟုတ်ပါဘူး။

အရည်အသွေးကောင်းတဲ့ နားကြပ်များလည်း ဈေးကွက်ထဲမှာ အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ် ဝယ်ယူနိုင်ဖို့ရန်အတွက် ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

Sony WF-1000XM4 Wireless Earbuds

Sony

Classic ဆန်တဲ့ ဒီဇိုင်းလေးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး၊ ဘက္ထရီသက်တမ်းကတော့ ၈ နာရီကြာ အသုံးခံပါတယ်။ Sony ဘရန်းဖြစ်တဲ့အတွက်ကြောင့် အထူးတလည် ညွှန်းနေစရာတော့ မလိုပါဘူး။ ပြင်ပမှ ဆူညံသံများကို ဖျောက်ဖျက်ပေးပြီး ကွီးတို့ကို လေပေါ်မှာ လွင့်နေအာင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

JLab Go Air Pop

JLab Go Air Pop

နောက်ထပ် အမျိုးအစားတစ်ခုကတော့ JLab ပဲဖြစ်ပါတယ်။ အရောင်လေးက သစ်လွင်ဆန်းသစ်နေပြီး ကွီးတို့ကို သွားရေကျအောင် ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။​ သူ့ရဲ့ တန်ဖိုးကတော့ ၂၅ ဒေါ်လာ ဝန်းကျင် ပေးဝယ်ရမှာ ဖြစ်ပါတယ်။

1More Triple Driver In-Ear Headphone

စကီလေး ပွားလွန်း

ကြိုးမဲ့ နားကြပ်တွေက သေးသေးလေးတွေ၊ ပျောက်သွားရင် ဘယ်နား သွားရှာရမှန်းမသိ ဖြစ်နေကြတဲ့ ကွီးတို့အတွက် ကြိုးတပ်နားကြပ် ကောင်းကောင်းတစ်စုံလည်း ရှိပါသေးတယ်။ သူကတော့ အားကစား နားကြပ်လေးနဲ့ ဆင်တူပါတယ်။ ဘီးကုတ်လို အဝိုင်းလေးက လည်ဂုတ်နားမှာ တင်ထားပြီး နားကြပ်တပ်ကာ သီချင်း နားထောင်လိုက်ရုံပါပဲ။ သူ့တန်ဖိုးကတော့ ဒေါ်လာ ၃၀ ဝန်းကျင်ရှိပါတယ်။

Honor Earbuds 3 Pro

စကီလေး ပွားလွန်း

ဒီနားကြပ်သည်လည်း Noise Cancellation စနစ်ပါတဲ့ နားကြပ်လေးပဲ ဖြစ်ပါတယ်။ ၆ နာရီကြာ အသုံးခံပြီး သီချင်းနားထောင်တဲ့အခါ အမိုက်စား ဖီလင်ကို ခံစားရစေမှာပါ။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၈၀ ဝန်းကျင် ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Apple AirPods Pro 2

စကီလေး ပွားလွန်း

Apple က ထုတ်လုပ်ထားတဲ့ အကောင်းစား Earbuds လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Noise Cancellation စနစ်ကလည်း မော်ဒယ်အဟောင်းတွေထက် ဗားရှင်းပိုမြှင့် ထားတာကြောင့် ခံစားရတဲ့ Experience ကလည်း အမိုက်စားပါပဲ။ မတော်တဆ နားကြပ် ပျောက်သွားတဲ့အခါ ဖုန်းကနေတဆင့် “Find My” ဆိုတာလေးကို နှိပ်ပြီး ရှာလို့ရပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ရှိပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ စကီလေး က ပွားလွန်း ရင် ဘယ်လိုဖြေရှင်းလေ့ ရှိပါသလဲ။

Source: Techradar

Featured Image: Freepik