များသောအားဖြင့် ဂျက်ကတ် အင်္ကျီဆိုရင် အပေါ်ကနေထပ်ဝတ်ဖို့ အင်္ကျီလို့ ရိုးရိုးရှင်းရှင်းသာ သတ်မှတ်ကြသော်လည်း ယနေ့ခေတ်မှာတော့ မတူညီသောဒီဇိုင်းများ၊ စတိုင်လ်များနဲ့ အမျိုးသားတို့ ဖက်ရှင်မှာ အရေးပါတဲ့နေရာ ကနေ ပါဝင်လာခဲ့ပါတယ်။ ကွီးတို့အနေနဲ့ ဂျက်ကတ် အမျိုးမျိုးကို ကိုယ်သွားမဲ့နေရာဒေသ၊ ရာသီဥတု နဲ့လိုက်ဖက်ပြီး သင့်လျော်သော ဂျက်ကတ် ကိုရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ကွီးတို့ စတိုင်လ် ကျစေဖို့ သိထားသင့်တဲ့ ဂျက်ကတ် များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Bomber Jackets

Photo : Top Trend Guide
ကွီးတို့ကို ဘယ်အချိန်မဆို ရိုးမသွားစေဘဲ စတိုင်လ် ကျစေမဲ့ ဂျက်ကတ် တစ်မျိုးကတော့ Bomber Jackets ပဲဖြစ်ပါတယ်။ ဒီဂျက်ကတ် အမျိုးအစားဟာ သက်တောင့်သက်သာရှိပြီး ပေါ့ပါးတာကောင့် ယောက်ျားလေး တော်တော်များများ ကြိုက်နှစ်သက် သည်သာမက မိန်းက လေးတွေအတွက်လည်း ဖက်ရှင်ကျစေတဲ့ ဂျက်ကတ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိပြီး အလန်းစား Street စတိုင်လ်မျိုး အတွက် ရွေးချယ်သင့်တဲ့ ဂျက်ကတ်အမျိုးအစား ပဲ ဖြစ်ပါတယ်။
(၂) Biker Jackets

Photo : The Trend Spotter
ကွီးတို့အနေနဲ့ အနည်းငယ်ခပ်မိုက်မိုက် စတိုင်လ် မျိုးဝတ်ချင်တဲ့နေ့မျိုးအတွက် Biker ဂျက်ကတ် ကို ရွေးချယ်ဖို့အကာင်းဆုံးပါပဲ။ ဒီသားရေ ဂျက်ကတ်က ကွီးတို့အတွက် ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့လည်း ကြည့်ကောင်းစေတာကြောင့် မြန်မြန်ဆန်ဆန် ရွေးချယ်လို့ရတဲ့ အတွဲအဆက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ Night Out ထွက်တဲ့အခါ၊ ကလပ်တတ်တဲ့အခါမျိုးမှာလည်း ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
(၃) ဂျင်း Jackets

Photo : The Trend Spotter
ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့ ဂျင်းဂျက်ကတ် တစ်ထည်လောက်တော့ ယောက်ျားလေးတိုင်းမှာ ရှိသင့်ပါတယ်။ ဘယ်အချိန်မဆို ဝတ်ဆင်လို့ရတဲ့အပြင် စမတ်ပြီး ပေါ့ပေါ့ပါးပါး ပုံစံနဲ့ တကယ်ကို ကွီးတို့အတွက် စတိုင်လ်ကျစေမှာပါ။ ဂျင်းဂျက်ကတ်ကို အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ကွီးတို့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ များသောအားဖြင့် မိုးပြာရောင် ဂျင်းဂျက်ကတ်က ဘယ်တော့မှ မရိုးစေတဲ့အတွက် တစ်ထည်လောက်တော့ အဆင်သင့်ရှိထားသင့်ပါတယ်။
(၄) Blouson Jacket

Photo : The Trend Spotter
ဒီဂျက်ကတ်အမျိုးအစားကတော့ အခြားသာ ဂျက်ကတ်အမျိုးအစားတွေနဲ့မတူဘဲ အနည်းငယ် ခါးရှည်ပြီး ဇစ်တပ်ထားသော အမျိုးအစား ဖြစ်ပါတယ်။ ဒီဂျက်ကတ်က Bomber Jackets နဲ့ အနည်းငယ်ဆင်တူပါတယ်။ သို့သော်လည်း ဒီဂျက်ကတ် အမျိုးအစားက ခန္ဓာကိုယ်နဲ့ ပိုမိုအံဝင်ခွင်ကျရှိပြီး ပိုမိုစမတ်ကျစေပါတယ်။ ကွီးတို့ကြိုက်နှစ်သက်ရာ ဘောင်းဘီအမျိုးအစားနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။
(၅) Hooded Jacket

Photo : The Trend Spotter
ကွီးတို့ကိုဖော်ပြပေးချင်တဲ့ စတိုင်လ် ကျစေမဲ့ ဂျက်ကတ် တစ်မျိုးကတော့ ခေါင်းစွပ်ပါတဲ့ Hooded Jacket ပဲဖြစ်ပါတယ်။ ဒီဂျက်ကတ် တွေကတော့ ဝတ်ဆင်ရမဲ့ ရာသီဥတု အနည်းငယ်ရွေးချယ်သင့်ပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျစေမှာတော့ အသေအချာပါပဲ။ ခေါင်းစွပ်ပါတဲ့အတွက် ကွီးတို့ကိုအတူညီတဲ့ စတိုင်လ် မျိုးပေးစွမ်းနိုင်ပါတယ်။
Source : The Trend Spotter
Featured Photo : Rolling Stone
