ကျနော်တို့ရဲ့ နေ့စဥ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုများကြောင့် တဖြည်းဖြည်း အချိန်ကြာမြင့်လာတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုများကို ဖယ်ရှားကာ စိတ်ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်သင့်ပါတယ်။ ဒီလိုမျိုး စိတ် ဖိစီးမှုများကို ဖယ်ရှားပေးဖို့ရန်အတွက်တော့ ယောဂ လေ့ကျင့်ခန်းများက အသင့်တော်ဆုံးပါပဲ။
လေ့ကျင့်ခန်း (၁)
Photo: Yogauonline
အရင်ဦးဆုံး ဒူးနှစ်ဖက်ကို ထောက်ထားပြီး ဒူးပေါ်ကနေ ပေါင်နှစ်ဖက် တင်ထားပါ။ ထို့နောက် ဒူးနှစ်ဖက်ကို တဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကိုလည်း ကြမ်းပြင်ပေါ်မှာ ဆန့်တန်းပေးလိုက်ပါ။ နောက်ဆုံးမှာတော့ ဗွီ ဇောက်ထိုးပုံသဏ္ဍာန် ဖြစ်သွားပါလိမ့်မယ်။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ် နေပေးလိုက်ပါ။
လေ့ကျင့်ခန်း (၂)
Photo: Huggermugger
အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ဆန့်တန်းကာ မတ်တပ်ရပ်လိုက်ပါ။
ထို့နောက် ခန္ဓာကိုယ် အရှေ့ပိုင်းကို အရှေ့သို့ ကိုင်းချပြီးနောက် ဖြည်းဖြည်းချင်းစီ ဒူးနှစ်ဖက်ဆီသို့ ထိကပ်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ထိုအချိန်တွင် ဒူးနှစ်ဖက်က မကွေးသွားစေဘဲ ဆန့်တန်းထားရမှာဖြစ်ပါတယ်.
လေ့ကျင့်ခန်း (၃)
Photo: Gaia
အရင်ဦးဆုံဂ မတ်တပ်ရပ်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ တင်ပါးကို နောက်ပစ်ပြီး ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ပုံစံအတိုင်း ပြုလုပ်ပေးလိုက်ရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်ခံထားလိုက်ပါ။ အသက်ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Photo: Skimble
ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားများ၊ ပုခုံးကြွက်သားများကို ပြေလျော့စေမယ့် ယောဂ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ စိတ် ကြည်လင်အောင် ကူညီပေးမယ့် ယောဂ လေ့ကျင့်ခန်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။
အရင်ဦးဆုံး ဘယ်ခြေကို ၉၀ ဒီဂရီ ထားလိုက်ပါ။ ထို့နောက် ညာခြေကို အနောက်သို့ ဆန့်တန်းလိုက်ပါ။ လက်နှစ်ဖက်ကို စုကာ အပေါ်သို့ ထောင်မတ်လိုက်ပါ။
ထိုအနေအထားအတိုင်း ၂ မိနစ်ခန့် နေရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Photo: Rajyogarishikesh
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ မှောက်လျက် လှဲလျောင်းနေပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွလိုက်ကာ လက်နှစ်ဖက်က ဆန့်တန်းထားရပါမယ်။ ထို့နောက် ဦးခေါင်းက အပေါ်သို့ မော့ကြည့်လိုက်ပါ။ ထိုအနေအထားအတိုင်း မိနစ်အနည်းငယ်ကြာအောင် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆)
Photo: MasterClass
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ထိုင်နေလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အနောက်သို့ ဖြည်းဖြည်းချင်းစီ စောင်းချလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။
ထိုအချိန်မှာတော့ သင့်ရဲ့ ခန္ဓာကိုယ်က လှေပုံသဏ္ဍာန် ဖြစ်သွားပါလိမ့်မယ်။ ထိုအနေအထားအတိုင်း မိနစ်အနည်းငယ်ကြာ တောင့်ခံထားလိုက်ရပါမယ်။
လေ့ကျင့်ခန်း (၇)
Photo: Pinterest
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲနေပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ထောင်ပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်းက ဖြည်းဖြည်းချင်းစီ ကြွလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို မြှောက်ထားတဲ့ ခန္ဓာကိုယ်ရဲ့ အောက်နားမှာ စုဆုံပေးလိုက်ပါ။
ထိုအနေအထားအတိုင်း မိနစ်အနည်းငယ် ကြာအောင် ပြုလုပ်ပေးလိုက်ပါ။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ စိတ် ဖိစီးမှုများကို ဖယ်ရှားပေးမယ့် အစွမ်းထက် ယောဂ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
Source: Mensxp.com
Featured Image: Freepik