ကဲ ညိုကီတို့ရေ…၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ခရီးရှည်ကြီးကတော့ ဒီနေ့ညမှာပဲ အဆုံးသတ်ပါတော့မယ်။ ဒီလို အဆုံးမသတ်ခင် နောက်ဆုံးပိတ် အိတ်နဲ့လွဲ တဝကြီး အားပေး ကြည့်ရှုရမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲကလည်း ဒီညမှာ ရှိနေပါသေးတယ်။ ဒါကတော့ ညိုကီတို့ အားလုံး စောင့်မျှော်နေကြတဲ့ မန်စီးတီး နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကြီးပဲ ဖြစ်ပါတယ်။

pep

Photo Credit :  The Independent

ဒီနှစ်သင်းမှာ စီးရီးအေ ကလပ် အင်တာမီလန်အသင်းကပဲ ချန်ပီယံလိဂ် ဖလားကို (၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ဖူးပြီး မန်စီးတီးကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တက်လှမ်းခဲ့ကာ ချန်ပီယံဆုနဲ့တော့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မန်စီးတီးက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အချိန်တန်နေပါပြီ။ ဒီရာသီမှာ မန်စီးတီးအသင်း ဘယ်လောက်အထိကို အကောင်းဆုံး စွမ်းဆောင်ထားသလဲဆိုတာ အားလုံးလည်း တွေ့မြင်ထားခဲ့သလို ပြည်တွင်းမှာပါ ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေဖလားတို့ပါ ဆွတ်ခူးထားနိုင်ပြီး သူတို့ရဲ့ performance ကောင်းတွေကို သက်သေပြထားနိုင်ခဲ့ပါတယ်။

city

Photo Credit : Eurosport

ဒီရာသီရဲ့ ရာသီဝက်လောက်က စတင်ပြီး (၃-၂-၂-၃) ကစားကွက်ကို အသုံးပြုလာပြီး စတုန်းစ်ကို ရိုဒရီနဲ့ ကွင်းလယ်မှာ တွဲဖက်ပေးခဲ့ရာ ဒီဘရိုင်းနားအပြင် ဂွန်ဒိုဂန်တို့ပါ တိုက်စစ်ကို ပိုမို လိုက်ပါနိုင်ခဲ့ကာ ဂွန်ဒိုဂန်ရဲ့ အကောင်းဆုံး စွမ်းရည်တွေ ပြသလာနိုင်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ဂရီးလစ်ရှ်ရဲ့ ခြေတွေ့လာမှုတွေ အသင်းနဲ့ စတင် ပူးပေါင်းတဲ့ နှစ်မှာပဲ ဟာလန်းက အသင်းရဲ့ တိုက်စစ်အတွက် အကောင်းဆုံး အကျိုးပြုနိုင်မှုတွေဟာ စီးတီးအတွက်တော့ တကယ့် အားသာချက်တွေပါ။

city vs inter

Photo Credit : theScore

မန်စီးတီးမှာ ဒီလို အားသာချက်တွေ စွမ်းဆောင်ရည်ကောင်းတွေ ရှိနေသလို ပြိုင်ဘက် အင်တာမီလန်မှာလည်း counter attack ကနေ ဂိုးတွေ သွင်းယူတတ်တဲ့ အားသာမှုလည်း ရှိနေပြန်ပါတယ်။ ဒီမာကို ဒမ်ဖရိုင်းစ်တို့ရဲ့ တောင်ပံတွေက အလုပ်ဖြစ်နေသလို ဒီဇီကို မာတီနက်ဇ်တို့ တိုက်စစ် အတွဲအဖက်ကလည်း အဆိပ်ရှိပါတယ်။ ဒါတွေကိုတော့ စီးတီး သတိထားရပါမယ်။ ဒါပေမယ့် ရေပန်းစားမှု ကွာဟချက် ကြီးမားနေသလို နေရာစုံမှာ အားသာချက်တွေ ရှိနေတဲ့ မန်စီးတီးကပဲ အင်တာကို အနိုင်ယူရင်း သူတို့အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ် ဖလား နဲ့ Treble Champions ဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။

Featured Photo : Sky Sports