မြန်မာပြည် ပရီးမီးယားလိဂ်ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ နို့ဗူး(မန်စီးတီး)အသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထပ်မံပြီးတော့ ချန်ပီယံ ဖြစ်လာဦးမယ်လို့ စူပါ ကွန်ပျူတာ က ဟောကိန်းထုတ်သွားခဲ့ပြီး Top 4 ဝင်မယ့် အသင်း(၄)သင်းကိုလည်း ရွေးချယ်သွားခဲ့ပါသေးတယ်။

mancity

Photo Credit : The Times

နာမည်ကျော် အားကစား အချက်အလက် စုစည်း တင်ဆက်တဲ့ Opta ကနေ ပြုလုပ်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် စူပါ ကွန်ပျူတာ တွက်ချက်မှုမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ၊ (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းက ထပ်မံ ဗိုလ်စွဲသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ စူပါ ကွန်ပျူတာရဲ့ ခန့်မှန်းချက်မှာတော့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ စံချိန်တင် (၄)ရာသီဆက် ချန်ပီယံ ဖြစ်လာဖို့က ရာခိုင်နှုန်း (၉၀)ကျော်လောက်အထိ ရှိနေတယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

arsenal

Photo Credit : The Economic Times

ဆက်လက်ပြီး Top 4 နေရာအတွက်ကို ဆက်လက် ခန့်မှန်းခဲ့ရာ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် (၂)နေရာ ရရှိခဲ့တဲ့ အာဆင်နယ်ကပဲ ရာသီသစ်မှာလည်း အဆင့် (၂) ဆက်လက် ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး အဆင့် (၃)နေရာကိုတော့ လီဗာပူးလ်အသင်းနဲ့ အဆင့် (၄)နေရာကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က ရရှိသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းထားပါတယ်။ ဆက်လက်ပြီး နယူးကာဆယ်ကိုတော့ အဆင့် (၅) ၊ ချယ်လ်ဆီးကိုတော့ အဆင့် (၆) နဲ့ စပါးကိုတော့ အဆင့် (၇)နေရာတွေမှာ အသီးသီး ရပ်တည်နိုင်လိမ့်မယ်လို့ ထပ်မံ ခန့်မှန်းခဲ့ပါတယ်။

promoted epl clubs

Photo Credit : Tribum Batam

ဒီအသင်း (၇)သင်းရဲ့ အောက်မှာတော့ အက်စတွန် ဗီလာ ၊ ဘရိုက်တန် ၊ ဝက်စ်ဟမ်း ၊ ဘရန့်ဖို့ဒ် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ဖူလ်ဟမ် ၊ ဘန်လေ ၊ အဲဗာတန် ၊ ဝုလ်ဗ် ၊ ဘုန်းမောက်တို့ ရှိနေမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်း (၃)သင်းထဲမှတော့ ပြီးခဲ့တဲ့ ရာသီက တန်းတက်လာတဲ့ နော်တင်ဟမ် ဖောရက်စ် နဲ့ ဒီရာသီမှ တန်းတက်လာတဲ့ ရှက်ဖီး ယူနိုက်တက် ၊ ဘန်လေတို့ တန်းဆင်းရလိမ့်မယ်လို့ စူပါ ကွန်ပျူတာက ခန့်မှန်းလိုက်ပါတယ်။ စူပါ ကွန်ပျူတာ နည်းတူ အိုဝင် နဲ့ အိုဝင် ဟားဂရေ့ဗ်တို့ အပါဝင် လောင်းကစား ကုမ္မဏီ အများစုကလည်း မန်စီးတီးသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Featured Photo : Daily Mail