စူပါဟီးရိုး ဇာတ်ကောင်တွေကို သဘောကျနှစ်ခြိုက်လွန်းလို့ သူတို့လိုမျိုး ဖြစ်ချင်ပါသလား။ ကွီးတို့က စူပါဟီးရိုး အဖြစ် မပြောင်းလဲနိုင်ပေမယ့် ကွီးတို့ ခန္ဓာကိုယ်ကို စူပါဟီးရိုးများအသွင် ပြောင်းလဲနိုင်ပါတယ်။ ပြုလုပ်ရမှာကလည်း လွယ်ပါတယ်။ စူပါဟီးရိုး ဇာတ်ကောင်တွေ ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းများကို Try ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် စူပါဟီးရိုး Workout များသည် လွယ်ကူရိုးရှင်းပြီး ကွီးတို့ ကိုယ်တိုင် အလွယ်တကူ လိုက် Try နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

စူပါဟီးရိုး Try

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ မနက်စာ မစားခင်မှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မနက်စာ မစားခင် Cardio လေ့ကျင့်ခန်းကို မိနစ် ၄၀ ခန့် ပြုလုပ်ရမှာဖြစ်ပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ မည်သည့် Cardio လေ့ကျင့်ခန်း အမျိုးအစားကိုမဆို ပြုလုပ်နိုင်ပါတယ်။ အပြေး လေ့ကျင့်ခန်းကို ပြုလုပ်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးခြင်းကို ပြုလုပ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ထိုနှစ်မျိုးပေါင်းကိုမှ မိနစ် ၄၀ ပြုလုပ်မယ်ဆိုလည်း ရပါတယ်။

လေ့ကျင့်ခန်း (၂)

Source: Menshealth

အရင်ဦးဆုံး Pushup အနေအထားအတိုင်း ခန္ဓာကိုယ်ကို ပြင်ထားပါ။ ထို့နောက် တစ်ကြိမ်လောက် ဒိုက်ထိုးပြီးနောက် မတ်တပ်ရပ်ကာ တစ်ကြိမ်လောက် Squat ထိုင်လိုက်ပါ။ ထို့နောက် ခုံပေါ်သို့ ခြေထောက်နှစ်ဖက်ကို စုံလိုက် ခုံရပါမယ်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပြန်ဆင်းလိုက်ပါ။ ထို့နောက် စောစောက နည်းအတိုင်း ၁ မိနစ်ပြည့်အောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

 

လေ့ကျင့်ခန်း (၃)

Source: Menshealth

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက်မပြီး တဖြည်းဖြည်း တင်လိုက် ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

စူပါဟီးရိုး Try

Plank လေ့ကျင့်ခန်းကတော့ ကွီးတို့ ထောက်နိုင်သလောက် ၁ မိနစ်ဆိုလည်း ၁ မိနစ်၊ ၂ မိနစ်ဆိုလည်း ၂ မိနစ် ထောက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ ကျော့ ထောက်ဖို့တော့ မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၅)

စူပါဟီးရိုး Try

Source: Menshealth

ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် ပုံပါအတိုင်း အလေးတုံးကို အပေါ်မြှောက်လိုက် ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

Source: Menshealth

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ထားထားပြီး အလေးတုံးကို ကိုင်မြှောက်ထားလိုက်ပါ။ ထို့နောက် အလေးတုံးကို ဘေးကနေ ဝိုက်ကာ အပေါ်သို့ ပင့်တင်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် တစ်ကြိမ် ပြည့်သွားပါပြီ။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၇)

လေ့ကျင့်ခန်း (၇)

Source: Flab Fix

ဒူးနှစ်ဖက်ကို ထောင်ထားကာ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက်ခန္ဓာကိုယ်အပေါ်ပိုင်းကို ဝမ်းဗိုက် ညှစ်အား အသုံးပြုပြီး ဖြည်းဖြည်းချင်းစီ ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ကို စူပါဟီးရိုး အသွင် ပြောင်းလဲပေးမှာဆိုတော့ တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် Try ကြည့်သင့်ပါတယ်။

Featured Image: Freepik