ဇင့်ဟာ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းအတွက် ဇင့်ဓာတ် ဟာ အရေးပါသလို အနည်းဆုံး အင်ဇိုင်းပေါင်း ၃၀၀ ကျော် ထုတ်လုပ်ပေးတဲ့ အဓိကနေရာမှာ ပါဝင်ပြီး အနာကျက်ခြင်းကနေ အစာခြေခြင်းအထိ ရာနဲ့ချီတဲ့ ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေအတွက် အဓိကကူညီထောက်ပံ့ ပေးပါတယ်။

Photo : HealthifyMe

ကံမကောင်းစွာနဲ့ပဲ ဇင့်ဓာတ် ဟာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း မထုတ်လုပ်နိုင်တဲ့အတွက် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကနေပဲတဆင့် ဇင့်ဓာတ်ကို ရယူရပါတယ်။ အသား ၊ ပင်လယ်စာ ၊ အစေ့အဆန်နဲ့ ပဲတွေမှာ ဇင့်ဓာတ်အများဆုံး ရနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း ၊ ကျန်းမာတဲ့ ဆဲလ်များ ကြီးထွားဖွံဖြိုးလာစေရန်အတွက် ထောက်ပံ့ခြင်း ၊ အသက်အရွယ်နဲ့ ဆိုင်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းကို နှေးကွေးစေခြင်းအပြင် အမျိုးသားကျန်းမားရေးအတွက်လည်း အထူးအရေးပါတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အနေနဲ့ ကျားကျန်းမာရေး အတွက် တစ်​နေ့ကို ဇင့် ၁၁ မီလီဂရမ်​လောက် မှီဝဲပေးဖို့ လိုအပ်ပါတယ်။

အမျိုးသားတွေမှာ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အဖြစ်အများဆုံး လိင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ပန်းသေပန်းညိုးခြင်း ပြဿနာအတွက် ဇင့်ဓာတ်ဟာ များစွာ အထောက်အပံ့ဖြစ်စေပါတယ်။ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဇင့်ပမာဏဟာ လုံလောက်မှုမရှိရင် ပန်းသေပန်းညိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

Photo : ISSM

နောက်ပြီး ဇင့်ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရာမှာ ကူညီပေးတဲ့အတွက် လိင်မှုစွမ်းဆောင်ရည်ကိုလည်း တိုးမြင့်လာစေဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရ ဇင့်ဓာတ်နည်းတဲ့ အစားအစာတွေကို ရက်သတ္တပတ် ၂၀ ပတ် စားသုံးပြီးတဲ့နောက် တက်စတိုစတီရုန်း ပမာဏကို တိုင်းတာတဲ့အခါမှာ ဟော်မုန်းပမာဏဟာ သိသိသာသာ လျော့ကျသွားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေအနေနဲ့ အရွယ်ရောက်ပြီးချိန်ကစလို့ အသက်ရွယ်ကြီးရင့်လာတဲ့အထိ ဇင့်ဓာတ် လုံလောက်စွာရရှိဖို့ လိုအပ်ပြီး ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစားတွေ စားသုံးမှုကို တိုးမြင့်လိုက်တာနဲ့အမျှ တက်စတိုစတီရုန်း ပမာဏ နှစ်ဆနီးပါးအထိ တက်လာစေမှာပဲ ဖြစ်ပါတယ်။ဇင့်ဓာတ်ဟာ လိင်စိတ်ဆန္ဒနိုးကြားတက်ကြွမှုကို တိုးတက်ကောင်းမွန်စေရုံမကပဲ နေ့စဥ်လိုအပ်တဲ့ ဇင့်ဓာတ်ပမဏကို လုံ​လောက်စွာ စားသုံး​ပေးမယ်ဆိုရင် သုက်ကောင်​ရွေ့လျားမှုအတွက် အထောက်အပံ့ ဖြစ်စေသလို အမျိုးသားတိုင်း စိုးရိမ်ရတဲ့ ဆီးကြိတ်ကင်ဆာ ရောဂါဖြစ်​နိုင်​ခြေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။


Photo : www.slma.cc

နောက်ထပ် ဇင့်ဓာတ်ရဲ့ အမျိုးသားကျန်းမာရေးအပေါ် အကျိုးပြုတဲ့ ကောင်းကျိုးတွေကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိဖျားနာခြင်း လက္ခဏာတွေကို လျှော့ချပေးခြင်း ၊ ဝက်ခြံတွေကို လျှော့ပါးသက်သာစေခြင်း ၊ အမျိုးသားတွေမှာ အဖြစ်များတဲ့ ထိပ်ပြောင်ခြင်း ၊ဆံပင်ပါးခြင်းတွေကို ကာကွယ်ကုသပေးနိုင်ခြင်း ၊ အရက်ကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ခြင်း ၊ သိုင်းရွိုက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း ၊ ခန္ဓာကိုယ်ရှိ ပျက်စီးနေတဲ့ဆဲလ်​တွေကို ပြန်လည်ပြုပြင် ပေးခြင်းအပြင် အခြားသော ကျားကျန်းမာ​ရေး အခြေအနေများစွာအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေနိုင်ပါတယ်။

Featured Photo : Family Action