ဂိမ်းဆော့ခြင်းသည် စိတ်ပျော်ရွှင်စေပြီး စိတ်ညစ်စရာများကို ပြေလျော့စေပါတယ်။ အထူးသဖြင့် ဇွန်ဘီ မိုဘိုင်းလ် ဂိမ်းများကို ဆော့ကစားရတာ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ စမတ်ဖုန်းတော်တော်များများမှလည်း ဇွန်ဘီ မိုဘိုင်းလ် ဂိမ်းများသည် နေရာယူလာပြီး ဂိမ်းဆော့သူများအကြား ရေပန်းစားနေတာဖြစ်ပါတယ်။
ဇွန်ဘီ မိုဘိုင်းလ် ဂိမ်းထဲမှာ ဇွန်ဘီတွေ လက်ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရခြင်း၊ ဇွန်ဘီ အကိုက်မခံရအောင် လုံးပမ်းနေရခြင်းသည်လည်း စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ကွီးတို့လည်း ထိုကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးကို ကိုယ်တိုင် ခံစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇွန်ဘီဂိမ်းများကို ဆော့ကစားနိုင်ပါတယ်။
Last Day on Earth: Survival

Photo: Fandom
ဒီဂိမ်းသည် အခြားသော ဇွန်ဘီဇာတ်လမ်းတွေလိုမျိုးပဲ ဇွန်ဘီဗိုင်းရပ်စ်များ ကူးစက်ခံထားရသူတွေရဲ့ လက်ထဲကနေ အသက်ရှင်ကျန်ရစ်သူတွေက လွတ်မြောက်အောင် ထွက်ပြေးနေရတာဖြစ်ပါတယ်။ အခြားသော အသက်ရှင်ကျန်ရစ်သူတွေကိုလည်း သင် ယုံလို့ရမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ရမှာဖြစ်ပါတယ်။
Zombie Survival: Wasteland

Photo: Steam
ဒီဂိမ်းထဲမှကျေတာ့ သင်သည် အရင်ဦးဆုံး လက်နက်တွေကို စုဆောင်းရမှာဖြစ်ပါတယ်။ ထို့နောက် ဇွန်ဘီတွေ ရန်ကနေ ကာကွယ်ပေးမယ့် ခိုင်ခံ့တဲ့အိမ်တစ်လုံး ဆောက်လုပ်ရပါမယ်။ ထို့နောက် မိမိကိုယ်ကိုယ် ကာကွယ်ဖို့ရန်အတွက် တဖြည်းဖြည်း Upgrade ပြုလုပ်ရမှာဖြစ်ပါတယ်။
Into the Dead 2: Zombie Survival

Photo: Google Play
ဒီဂိမ်းထဲမှာ သင် ရွေးချယ်လိုက်တဲ့ ကာရိုက်တာသည် ဇွန်ဘီတွေလက်ထဲကနေ သူ့မိသားစုကို ကယ်တင်ရမှာပဲဖြစ်ပါတယ်။ အဆင့်မျိုးစုံ ကျော်ဖြတ်ရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ဖို့လိုအပ်ပါသေးတယ်။
Last Shelter: Survival

Photo: Onetechtraveller
ဒီဂိမ်းထဲမှာတော့ သင်က သင့်စစ်တပ်ရဲ့ အကြီးအကဲတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်ပိုင် အင်ပါယာတစ်ခု တည်ထောင်ရမှာဖြစ်ပြီး စစ်သားများ စုဆောင်းကာ သူတို့ကို လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ အခြားသော အင်ပါယာများနှင့်လည်း မဟာမိတ်ဖွဲ့ကာ ဇွန်ဘီများကို အနိုင်တိုက်နိုင်ပါတယ်။
Prey Day: Survival

Photo: Pocket Gamer
ဒီဂိမ်းရဲ့ ဆက်တင်ကတော့ ၂၀၃၃ ခုနှစ်ကို အခြေခံထားတာဖြစ်ပါတယ်။ ဇွန်ဘီတွေ ပြည့်နှက်နေတဲ့ မြို့ကြီးထဲမှာ တစ်ယောက်တည်း ရှင်သန်ကျန်ရစ်ကာ ဇွန်ဘီတွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။
Dawn of Zombie

Photo: Dozsurvival
ဒီဂိမ်းလေးကတော့ ညရောက်လာလေ ဇွန်ဘီတွေရဲ့ အန္တရာယ်ကို ပိုကြောက်ရလေပါပဲ။ သင် ရွေးချယ်လိုက်တဲ့ ကာရိုက်တာသည်လည်း ဇွန်ဘီတွေရဲ့ အန္တရာယ်၊ ဆာလောင်မွတ်သိပ်မှု၊ ဓာတ်ရောင်ခြည်သင့်မှု အစရှိတဲ့ ဘေးအန္တရာယ်မျိုးစုံကနေ ကာကွယ်ရမှာပဲဖြစ်ပါတယ်။
Dark Days

Photo: YouTube
Dark Days တွေသည် အခြားသော ဂိမ်းတွေနဲ့ ဆင်တူပါတယ်။ တိုက်ခိုက်မယ်၊ လက်နက်တွေ စုဆောင်းမယ်၊ ကိုယ် နေထိုင်ရမယ့် အိမ်ဆောက်မယ်၊ အရေးကြီးဆုံးကတော့ အသက်ရှင်ကျန်ရစ်ဖို့ပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ဂိမ်းများအားလုံးသည် Android ဖုန်းရော iOS ဖုန်းများမှာပါ ဆော့ကစားနိုင်တဲ့အတွက်ကြောင့် ကွီးတို့လည်း စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းလုတ်ချပြီး စမ်းဆော့နိုင်ပါတယ်။
Featured Image: Pockettactics
