စိတ်လှုပ်ရှားဖွယ် အက်ရှင်ဇာတ်ကားတွေ၊ ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ဒီပိတ်ရက်တော့ ကွီးတို့အနားယူရင်း ဂိမ်းကစားလို့ရအောင် Android တွေအတွက် အလန်းစား အက်ရှင် မိုဘိုင်းလ်ဂိမ်း များ ဝေမျှပေးချင်ပါတယ်။

(၁) Ailment and Endurance

Sourcen : Creauctopus

အက်ရှင် မိုဘိုင်းလ်ဂိမ်း တွေ ကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ပထမဆုံး ဖော်ပြပေးချင်တဲ့ ဂိမ်းကတော့ Ailment and Endurance ပါ။ Ailment သည် ဂန္ထဝင်၊ ခေတ်ဟောင်းပုံစံ နဲ့ သေနတ်ပစ်ဂိမ်း တစ်ခုပါ။ သေနတ်သမား တစ်ယောက်အနေနဲ့ ကစားနိုင်ပြီး မတူညီသောလက်နက်များ၊ ကစားသူအများအပြာနဲ့လည်း ကစားနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီဂိမ်းရဲ့ ထိန်းချုပ်မှုများက လေ့လာရလောက်အောင် လွယ်ကူပြီး Retro Graphic များကလည်း စိတ်ဝင်စားဖွယ် ကောင်းပါတယ်။

(၂) Into The Dead 2

Source : PikPokGames

Into The Dead 2 ဆိုတဲ့ ဒီဂိမ်းကတော့ ကွီးတို့ကို တကယ်ကို စိတ်လှုပ်ရှားမှု ပေးစွမ်းမှာပါ။ ဒီဂိမ်းထဲမှာ Zombies တွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းခြင်းဖြင့် ကစားနိုင်ပြီး အမိုက်စား Graphics တွေနဲ့ ဂိမ်းကို တည်ဆောက်ထားပါတယ်။ ထို့အပြင် ဒီဂိမ်းက Offline လည်း ကစားလို့ရအောင် ပံ့ပိုးပေးထားပါသေးတယ်။

(၃) Dragon Quest: The Adventure of Dai

Source : GamersPrey

နောက်ထပ် အက်ရှင် မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ Dragon Quest: The Adventure of Dai ပဲ ဖြစ်ပါတယ်။ ဂျပန် Manga စီးရီးကို အခြေခံပြီး ဆော့ကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုအဖြစ် ဖန်တီးထားပါတယ်။ ဒီဂိမ်းမှာ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ Graphic တွေနဲ့အတူ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နဲ့ ပြင်သစ်ဘာသာ စကားတို့ပါ ထည့်သွင်းပေးထားပါတယ်။

(၄) Call of Duty

Source : Call of Duty

iOS ရော Android မှာပါ ကစားလို့ကောင်းပြီး အခမဲ့ ကစားလို့တဲ့ အက်ရှင် မိုဘိုင်းလ်ဂိမ်း တွေကိုပြောရမယ်ဆိုရင် Call of Duty ကတော့ မပါမဖြစ်ပါပဲ။ ကွီးတို့ တော်တော်များများ သိပြီးသား ဖြစ်လောက်တဲ့ ဒီဂိမ်းဟာ အရမ်းကောင်းတဲ့ Graphics တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်း သော အွန်လိုင်း တိုက်ပွဲများကို ဆင်နွှဲနိုင်ပါတယ်။ ဒီ Call of Duty မိုဘိုင်းလ်ဂိမ်းကို ၂၀၁၉ ခုနှစ်က စတင်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဂိမ်းအများစုက Android တွေအတွက် သာမက၊ iOS အတွက်ပါ ကစားလို့ရတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ ကွီးတို့လည်း ပိတ်ရက်မှာ အက်ရှင် မိုဘိုင်းလ်ဂိမ်း တွေ ကစားရင်း အပန်းဖြေ အနားယူလိုက်ပါ။

Source : Android Authority

Featured Photo : Gear Box Publishing