ကွီးတို့က ဉာဏ်ကောင်းတဲ့သူ တစ်ယောက်လား။ တချို့လူတွေကတော့ လူတစ်ယောက်ရဲ့ ရုပ်သွင်ပြင်နဲ့ အပြုအမှုပေါ် မှုတည်ပြီး IQ ဘယ်လောက်ထိရှိလဲ ဆိုတာ ခန့်မှန်းတတ် ကြပါတယ်။ အခုပြောပြမှာကတော့ သိပ္ပံပညာရှင်တွေပြောထားတဲ့ ဉာဏ်ကောင်းတဲ့သူ တွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေ အကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။
(၁) တစ်ယောက်တည်းနေရတာ ပိုနှစ်သက်ကြတယ်
စမက်ကျတဲ့သူတွေအတွက် ပျော်ပျော်နေဖို့ သူငယ်ချင်းတွေအများကြီး မလိုအပ်ပါဘူး။ လေ့လာမှုတွေအရ ဉာဏ်ကောင်းတဲ့သူတွေဟာ သူတို့ရဲ့ အချိန်တွေကို တစ်ယောက်တည်း ကုန်ဆုံးရတာ ပိုကြိုက်နှစ်သက်လေ့ ရှိပါတယ်။ ပြီးတော့ သူတို့ကို သူတို့ အသံကျယ်ကျယ်နဲ့ စကားပြန်ပြောလေ့ ရှိကြပါတယ်။ ဒါက ရူးတာ မဟုတ်ပါဘူး။ ဉာဏ်ကောင်းတဲ့သူတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
(၂) အရပ်က ပုံမှန်ထက်မြင့်တယ်
Photo : Healthline
သိပ္ပံပညာရှင်တွေကတော့ ပုံမှန်ထက်အရပ်မြင့်တဲ့ သူတွေဟာ ပုံမှန်လူတွေထက် IQ ပိုမြင့်ကြတယ်လို့ ဆိုထားပါတယ်။ ဥပမာ Steve Jobs’s ဟာဆိုရင် အရပ် ၆ ပေ ၂ လက်မ ထိရှိပြီးတော့ Donald Trump လည်း အရပ် ၆ ပေ ၃ လက်မ အထိရှိပါတယ်။
(၃) ငယ်ငယ်ကတည်းက စာဖတ်သင်ခဲ့ကြတယ်
Photo : The New Yorker
တကယ်တော့ ငယ်ရွယ်စဉ်အခါက စာဖတ်သင်ခဲ့တာနဲ့ ဉာဏ်ကောင်းလေ့ မရှိပါဘူး။ ဒါပေမယ့် သိပ္ပပညာရှင်တွေကတော့ စာဖတ်တာက ကလေးတွေကို ပိုပြီးဉာဏ်ထက်စေတယ်လို့ ယူဆထားကြပါတယ်။ စာအုပ်တွေဖတ်တာက အသိပညာဗဟုသုတတွေ တိုးပွားစေပါတယ်။ ဒါကြောင့် စာဖတ်တဲ့ကလေးတွေက ပုံမှန်ကလေးတွေထက် ပိုပြီး တွေးခေါ်နိုင်စွမ်းရှိကြတာပါ။
(၄) အသံတွေအပေါ် Sensitive ဖြစ်လွန်းတာ
Photo : Helping Me Hear
IQ မြင့်တဲ့သူတွေဟာ နံရံကို ထုရိုက်တဲ့ အသံ၊ အစားစားတဲ့ အသံနဲ့ ခပ်အကျယ်ကျယ် အသက်ရှုသံတွေကို ခံနိုင်ရည်မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ IQ မြင့်တတ်သူတွေဟာ တိတ်ဆိတ်မှုကို လိုလားကြသူတွေ ဖြစ်ပါတယ်။ ဒါမှလည်း သူတို့ရဲ့ အလုပ်ကို ကောင်း ကောင်း အာရုံစိုက်နိုင်ပြီး အကောင်းဆုံး လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။
(၅) ဂီတတစ်ခုခု သင်ယူခဲ့ကြတယ်
Photo : PiggyRide
လေ့လာသူတွေရဲ့ အဆိုအရ ဂီတ ၁ မျိုး သို့မဟုတ် ၂ မျိုးလောက်ကို ၉ လကြာ သင်ယူခဲ့ဖူးတဲ့ ကလေးတွေဟာ ပုံမှန်ကလေးတွေထက် ပိုပြီး ဉာဏ်ရည် မြင့်မားလေ့ ရှိပါတယ်။ဒါကြောင့် နာမည်ကြီး Glenn Schellenberg လို Psychology ပညာရှင်က ငယ်ရွယ်စဉ်မှာ ဂီတကို သင်ကြားဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Inc. Magazine