ကွီးတို့ မကြာခဏ မေ့မေ့လျော့လျော့ ဖြစ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီလား။ အသက်အရွယ် ကြီးရင့်လာနဲ့အမျှ မှတ်ဉာဏ်စွမ်းအားတွေ လျော့ကျလာတက်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အရာရာမှာ မေ့မေ့လျော့လျော့ ဖြစ်နေပြီဆိုရင်တော့ ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်နေပြီဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ မှတ်ဉာဏ်အား ပြန်လည်ကောင်းလာစေဖို့ ကွီးတို့ လေ့ကျင့်ယူလို့ ရနိုင်ပါတယ်။ အခုပြောပြမယ့် အိပ်ရာမဝင်ခင် လုပ်ဆောင်ရမယ့် အလေ့အကျင့် တွေကို ပုံမှန်ကျင့်သုံးသွားရုံနဲ့ ကွီးတို့ရဲ့ မှတ်ဉာဏ် စွမ်းအားပြန်လည် ကောင်းမွန်လာစေမှာပါ။

(၁) တရားထိုင်ပါ

Photo : iStock

တရားထိုင်ခြင်းက စိတ်ကို ငြိမ်သက်အေးချမ်းစေပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ အိပ်ရာမဝင်ခင်မှာ နာရီဝက်လောက် တရားထိုင်ပေးတာဟာ  မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို တိုးတက်ကောင်းမွန်စေရုံသာမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့လည်း ကူညီပေးပါလိမ့်မယ်။

(၂) တွေးတောသုံးသပ်ပါ

Photo : iStock

အိပ်ရာမဝင်ခင်မှာ ကိုယ်တစ်နေ့တာလုံး လုပ်ခဲ့တဲ့အရာအားလုံးကို ပြန်လည်တွေးတော သုံးသပ်ကြည့်ပါ။ ဒါဟာ ဦးနှောက်ကို အလုပ်ပေးတာဖြစ်သလို ကိုယ့်ရဲ့ မှတ်ဉာဏ်ကို ပြန်လည်နှိုးဆွပေးခြင်းလည်း ဖြစ်ပါတယ်။

(၃) လေ့လာပါ

Photo : iStock

ညဘက်တွေဟာ တိတ်ဆိတ်ငြိမ်သက်ပြီး အာရုံစူးစိုက်မှု ပိုရစေတဲ့အတွက် စာကျက်တာ ၊ ဘာသာရပ် တစ်ခုခု လေ့လာတာတွေ လုပ်လို့အကောင်းဆုံး ဖြစ်ပါတယ်။ တချို့ အာရုံစူးစူးစိုက်စိုက်နဲ့လုပ်ရတဲ့ အလုပ်တွေ ဆိုရင်လည်း ညဘက်မှာလုပ်တာက ပိုပြီး အလုပ်ပြီးမြောက်စေပါတယ်။ အိပ်ရာမဝင်ခင်မှာ လေ့လာမှု တစ်ခုခုလုပ်ဆောင်တာက ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းကို တိုးစေပြီး မှတ်ဉာဏ်အားကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၄) စာအုပ်မှာ ချရေးပါ

Photo : iStock

မှတ်ဉာဏ် အားကောင်းစေမယ့် နောက်ထပ်လွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့် ကတော့ မှတ်စုစာအုပ်မှာ ရေးမှတ်တာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ ၊ ချိန်းဆိုမှုတွေ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မအိပ်ခင် မှတ်စုစာအုပ်မှာ ချရေးထားပါ။ မနက်ဖြန်မှာ ကိုယ်လုပ်ရမယ့်အရာတွေကို တွေးပြီး စာအုပ်မှာချရေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းအားကို ပိုမို ထက်မြက်လာစေမှာဖြစ်ပြီး အချိန်မရွေး မှတ်စုစာအုပ်မှာ ပြန်ကြည့်လို့ရတာကြောင့် အရေးကြီးလုပ်ငန်းဆောင်တာတွေ မမေ့မလျော့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Universimed