အားကစားပဲ ဘယ်အချိန်လုပ်လုပ် အတူတူပဲလို့ ထင်ကြပါလိမ့်မယ်။ တကယ်က အားကစားလုပ်တဲ့ အချိန်ပေါ်လိုက်ပြီး အကျိုးပေးခြင်းကလည်း တစ်ခုနဲ့တစ်ခု တူတာ မဟုတ်ပါဘူး။ မနက်ဘက် အားကစား လုပ်တာ ကျန်းမာရေး အကျိုးရှိသလိုပါပဲ။ ညဘက် အားကစားလုပ်တာမှာလည်း စိတ်ဝင်စားစရာ ကျန်းမာရေးကောင်းကျိုးတွေ ရှိကြပါတယ်။
(၁) အိပ်လို့ ပိုကောင်းစေတယ်
Photo : Pexels
နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ချင်ရင် ညနေ ၆ နာရီခွဲကနေ ည ၈ နာရီအတွင်း အားကစားလုပ်ပေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင် ၁ နာရီခွဲ နှစ်နာရီလောက် အားကစား လုပ်တာဟာ ညဘက် အိပ်စက်မှုကို ပိုကောင်းစေနိုင်ပါတယ်။
(၂) စိတ်ဖိစီးမှု ပိုနည်းတယ်

Photo : Pexels
ညဘက် အားကစား လုပ်တာဟာ လူကို ပိုပြီး စိတ်သက်သာရာ ရစေတယ်လို့လည်း ဆိုပါတယ်။ အားကစားလုပ်ရာမှာလည်း ပိုပြီး အာရုံစူးစိုက်မှု ပိုကောင်းလို့ ရလဒ်လည်း ပိုပြီး ကောင်းကောင်း ထွက်လာနိုင်ပါတယ်။
(၃) ကြွက်သား ပိုထွက်တယ်

Photo : Pexels
Muscle Tone ပို ထွက်ချင်ရင် ညနေနဲ့ ညဘက် တွေမှာ အားကစား လုပ်ပေးသင့်ပါတယ်။ ဒီအချိန်ဟာ ကိုယ်တွင်း အပူချိန်နဲ့ ဟော်မုန်း Levels တက်နေတဲ့ အချက်ဖြစ်ပြီး Steroidal Hormone တွေလည်း ပိုထွက်လာလို့ အားကစားလုပ်ရတာ ပိုထိရောက်မှု ရှိနိင်ပါတယ်။
Featured Photo : glofox

