ကွီးတို့ရဲ့ ကန့်သတ်ဧရိယာ တစ်ဝိုက်ကို သန့်ရှင်းရေး သေချာလုပ်ဖြစ်ရဲ့လား။ ကျွန်တော်တို့က တစ်ကိုယ်ရည်သန့်ရှင်းကို အခြေခံအားဖြင့် ပုံမှန်ပြုလုပ်ကြသော်လည်း ဖွားဖက်တော်နဲ့ တစ်ဝိုက်သန့်ရှင်းရေးကို အထူးတလည်ဂရုပြုလေ့မရှိကြပါဘူး။ အနံ့အသက်ဆိုးများထွက်ခြင်းမှ ကာကွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ညိုကီတို့ရဲ့ ကန့်သတ်ဧရိယာ တစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးသင့်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ လိင်အင်္ဂါအစိတ်အပိုင်းက အခြားအစိတ်အပိုင်းများထက် ပိုမိုထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ရာမှာလည်း အထူးဂရုပြုသင့်ပါတယ်။ ဖွားဖက်တော် တစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးခြင်းဖြင့် အရေပြားယားယံခြင်းနှင့် အချို့သော ကူးစက်ရောဂါများကဲ့သို့သော ကျန်းမာရေး ပြဿနာများကို လျော့နည်းစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ သိထားသင့်တဲ့ အမျိုးသားတို့ရဲ့ ကန့်သတ်ဧရိယာ သန့်ရှင်းရေး ဆိုင်ရာ အကြံပြုချက်များကို ဖော်ပြပေးချင်ပါတယ်။

ရေချိုးတိုင်း သေချာစွာဆေးကြော သန့်စင်ပါ

ညိုကီတို့ရဲ့ ကန့်သတ်ဧရိယာ

Photo : Pond 5

ပုရိသတို့ အနေနဲ့ နေ့တိုင်း ဖွားဖက်တော် (လိင်တံ) ကို ညင်သာစွာ ဆေးကြောသင့်ပါတယ်။ ရေ ဒါမှမဟုတ် အလွန်နူးညံ့သော ဆပ်ပြာကိုသာ အသုံးပြုပြီး လိင်တံနဲ့ လိင်တံထိပ် (ဂလင်းများ) ကို ဂရုတစိုက် ပြန်ဆွဲထုတ်ပြီး ဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာသုံးတာ အဆင်ပြေပေမယ့် အလွန်အကျွံသုံးတာက လိင်တံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သတိပြုပါ။ ဆေးကြောရာမှာ ဖွားဖက်တော်နဲ့တစ်ဝိုက် ကို အရမ်းပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ ထိခိုက်လွယ်တာကြောင့် ဖြစ်ပါတယ်။

ခြောက်သွေ့အောင်ထားပါ

ညိုကီတို့ရဲ့ ကန့်သတ်ဧရိယာ

Photo : Gillette UK

ဆေးကြောသန့်စင်ပြီး လိင်တံထိပ်ဖျား၊ လိင်အင်္ဂါအောက်ရှိ ဧရိယာနှင့် ကျန်လိင်တံတစ်ဝိုက်ကို ညင်သာစွာ ခြောက်အောင် သေချာသုတ်ပါ။ ပေါင်ခြံကဲ့သို့သော နေရာများမှာ များသောအားဖြင့် ပူနွေး စိုစွတ်နေလျှင် ဘက်တီးရီးယားများပေါက်ဖွားရန် အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ ဘတ်တီးရီးယားပိုးများ ရှိနေခြင်းကြောင့် အနံ့ဆိုးများ နှင့် အရေပြား ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထိုနေရာတစ်ဝိုက်ကို ညင်သာစွာ ပုံမှန်ဆေးကြောပြီး သေချာခြောက်သွေ့အောင်ထားပါ။

အမွှေးအမျှင်များကို သန့်ရှင်းအောင်ထားပါ

ညိုကီတို့ရဲ့ ကန့်သတ်ဧရိယာ

Photo : Daily Star

အမျိုးသားများလည်း လိင်အင်္ဂါတစ်ဝိုက် အမွှေးအမျှင်များကို သပ်ရပ်သန့်ရှင်းစွာ ညှပ်ထားသင့်ပါတယ်။ ရှည်လျားသော အမွှေးအမျှင်များက စိတ်မသက်မသာ ဖြစ်စေနိုင်ရုံသာမက အနံ့အသက်လည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်များ ရှည်လျားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်သလို ချွေးထွက်များတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

သန့်ရှင်းသော အတွင်းခံဘောင်းဘီများကို ဝတ်ဆင်ပါ

Photo : Underwear Buying Tips

ညိုကီတို့ရဲ့ ကန့်သတ်ဧရိယာ အတွက် သိသာထင်ရှားပြီး အရေးအကြီးဆုံး လိုက်နာရမယ့်အချက်ကတော့ သန့်ရှင်းတဲ့ အတွင်းခံတွေကိုသာ ဝတ်ဆင်ဖို့ပါပဲ။ ချွေးထွက်တာက ဘက်တီးရီယားတွေ ပေါက်ဖွားနိုင်ပြီး မသန့်ရှင်းတဲ့ အတွေးခံတို့ကြောင့် အနံ့အသက်ဆုံးများ ဖြစ်စေနိုင်ရုံသာမက ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် နေ့တိုင်းအတွင်းခံကို လဲလှယ်ပြီးသန့်ရှင်းသော အတွင်းခံများကို ဝတ်ဆင်ပါ။ အရည်အသွေးကောင်းပြီး ပေါ့ပါးသော အတွင်းခံများက ချွေးထွက်ခြင်းကို လျော့နည်းစေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားတို့ရဲ့ ဖွားဖက်တော် တစ်ဝိုက်သန့်ရှင်းရေးအတွက် အကြံပြုချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးကို သေချာဂရုပြုလုပ်ဆောင်နေလျက်သားနဲ့ လိင်တံ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ယားယံခြင်းနဲ့ အခြားသော မူမမှန်သော လက္ခဏာများ တွေ့ရှိရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။

Source : Mensxp, Health Direct

Featured Photo : Mens