တက်တူး ချစ်သူများအကြား လတ်တလောမှာ ရေပန်းစားနေတဲ့ တက်တူးဒီဇိုင်းများကတော့ သေမင်း ပုံ တက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။

အချို့သော တက်တူး ချစ်သူများအတွက်တော့ သေမင်း ပုံ တက်တူးများသည် နိမိတ်မကောင်းတဲ့ပုံလို့ ယူဆကြပြီး မထိုးကြပေမယ့် အချို့သောသူတွေကတော့ ထိုကဲ့သို့သော အယူသီးမှုမျိုး မရှိဘဲ သေမင်းပုံတက်တူးမျိုး ထိုးကြပါတယ်။

သေမင်းပုံတက်တူးများသည် ဘဝစက်ဝန်းဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုသလို ဘဝမှာ ရှောင်လွဲမရနိုင်တဲ့ သေဆုံးခြင်းတရားကိုလည်း ကိုယ်စားပြုပါတယ်။

တက်တူး ချစ်သူကွီးတို့အနေနဲ့ သေမင်း ပုံတက်တူးဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်မှာ ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းများကို ရွေးချယ်နိုင်ပါတယ်။

ရိုးရာဒီဇိုင်း သေမင်းတက်တူး

တက်တူး သေမင်း

အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တံစဉ်ကို ကိုင်ဆောင်ထားတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ယေဘုယျဆန်ပြီး ရိုးရှင်းတဲ့ ရိုးရာဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

သေမင်းပုံနှင့် နှင်းဆီပန်းပွင့်ပုံ

တက်တူး သေမင်း

တက်တူးချစ်သူအများအပြား ရေထိုးလေ့ရှိတဲ့ နှင်းဆီပန်းပွင့်ပုံကို ဒီဇိုင်းဆန်းပြားတဲ့ သေမင်းပုံတက်တူးဒီဇိုင်းနဲ့ ရေးထိုးထားတာဖြစ်ပါတယ်။

ခြေသလုံးပေါ်မှာ ရေးထိုးနိုင်တဲ့ ဒီဇိုင်း

တက်တူး သေမင်း

ခြေသလုံး ရှည်မျောမျောအပေါ်မှာမှ တက်တူး ခပ်ရှည်ရှည်လေး ရေးထိုးထားတာဖြစ်ပါတယ်။

သေမင်းပုံနှင့် စာသားတက်တူး

တက်တူး သေမင်း

သေမင်းပုံတက်တူးအသေးစားလေးကိုမှ စာသားနှင့် ရေးထိုးထားတာဖြစ်ပါတယ်။ ကွီးတို့လည်း မိမိကြိုက်နှစ်သက်ရာ စာသားတစ်ခုခု ရွေးချယ်ကာ ရေးထိုးနိုင်ပါတယ်။

ကျောပြင်အပြည့် တက်တူးဒီဇိုင်း

တက်တူး သေမင်း

ဒီတက်တူးလေးကတော့ သေမင်းပုံတက်တူးကို အခြေတည်ကာ ထိုအပေါ်ကနေ တက်တူးမျိုးစုံ ထပ်မံဖြည့်စွက်ကာ ရေးထိုးထားတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလိုပြီးပြည့်စုံတဲ့ တက်တူးဒီဇိုင်းမျိုး လိုချင်တယ်ဆိုရင်တော့ အချိန်အများကြီး ပေးရမှာဖြစ်ပါတယ်။

စက်ဘီးစီးနေတဲ့ သေမင်းပုံတက်တူး

တက်တူး သေမင်း

ချစ်စရာကောင်းတဲ့ Theme မျိုး လိုချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ တက်တူးကို အခုလိုဒီဇိုင်းမျိုး ရေးထိုးနိုင်ပါတယ်။

အရောင်သုံးရောင်ကို အဓိကထား ရေးထိုးထားတဲ့ တက်တူးဒီဇိုင်း

man tattoos

အရောင်ရှုပ်ရှုပ်ယှက်ယှက်မျိုးကို မနှစ်သက်တဲ့ ကွီးတို့အတွက် ဒီလိုတက်တူးဒီဇိုင်းလေးကတော့ ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

အမိုက်စား တက်တူးဒီဇိုင်း

man tattoos

ဒီတက်တူးလေးကတော့ လက်ဖျံအပြင်ပိုင်းမှာ ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းဖြစ်ပါတယ်။ သဲနာရီရဲ့အဓိပ္ပာယ်ကတော့ သေခြင်းတရားဆိုတာသည် သူ့အချိန်နဲ့သူ ရောက်လာစမြဲဖြစ်တာကြောင့် လူသားများအနေနဲ့ ရှောင်လွှဲလို့မရကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

လက်မောင်းပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇီုင်း

man tattoos

သေမင်းပုံ တက်တူးဒီဇိုင်းနှင့် နတ်သမီးပုံတက်တူးတို့ကို ယှဉ်တွဲ ရေးထိုးထားတာဖြစ်ပါတယ်။ နောက်ခံမှာလည်း လမင်းပုံတက်တူးကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ကမ်းခြေပေါ်ရောက်နေတဲ့ သေမင်း

man tattoos

မတူညီတဲ့ တက်တူးဒီဇီုင်းတစ်ခုဖြစ်ပါတယ်။ သာမန်မြင်တွေ့နေကျ သေမင်းဝတ်ရုံဒီဇိုင်းမျိုးကနေ ခွဲထွက်ကာ ခပ်မိုက်မိုက်လေး ရေးထိုးထားတာဖြစ်ပါတယ်။ ဒီဇိုင်းဆန်းဆန်းမျိုး ရေးထိုးချင်တဲ့ ကွီးတို့အနေနဲ့ ရွေးချယ်သင့်တဲ့ တက်တူဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ သေမင်းပုံ တက်တူးဒီဇိုင်းများကို တက်တူးချစ်သူကွီးတို့အားလုံး သဘောကျ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Fashionbeans

Featured Image: Fashionbeans