ကျွန်တော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ငန်းခွင်မှာသာမက ကိစ္စတော်တော်များများကို ဦးနှောက် ကို အသုံးချပြီး ဆုံးဖြတ်ရတာပါ။ ဦးနှောက်ကို မသုံးပဲထားရင် ထုံထိုင်းသွားတတ်ပြီး အမြဲတမ်းသွေးနေမှာ ထက်မြက်လာမှာပါ။ ဦးနှောက်ကို အမြဲတမ်းသွေးနေခြင်းက မယုံနိုင်လောက်အောင် ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးလာခြင်း၊ အိုမင်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု နှောင့်နှေးခြင်း၊ သိမြင်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း စတာတွေ အပြင် ကောင်းမွန်သော အကျိုးတွေ ရရှိနိုင်ပါတယ်။ ဒီလိုအကျိုးတွေကို ကျွန်တော်တို့ လုပ်ငန်းခွင်မှသာမက ကိုယ့်ဘဝအတွက်လည်း ကောင်းကောင်း အသုံးချနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ထက်မြက်တဲ့ ဦးနှောက်ဖြစ်ဖို့ သွေးပေးရမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများဖြင့် ဦးနှောက်ကို စိန်ခေါ်ပါ
Photo : Variety
စိတ်ကို ထက်မြက်စေမယ့် အဓိကနည်းလမ်းတွေထဲက တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ခြင်း ဖြစ်ပါတယ်။ ၎င်းသည် ဦးနှောက်ဆဲလ်များကို လှုံ့ဆော်ပေးကာ အချင်းချင်းဆက်သွယ်မှုကို ပြုလုပ်စေပါတယ်။ စိတ်နဲ့ ဦးနှောက်ကို တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းအချို့ကတော့ Rubik’s Cube ဖြေရှင်းခြင်း၊ ဝါသနာအသစ် သို့မဟုတ် နိုင်ငံခြားဘာသာစကားခုခုကို လေ့လာခြင်း၊ ကျွမ်းကျင်မှုအသစ်များကို သင်ယူခြင်း စတာတွေပဲ ဖြစ်ပါတယ်။ Rubik’s Cube ကိုဖြေရှင်းခြင်းသည် အလွန်ကောင်းမွန်သော သိမြင်မှုလေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ပြုလုပ်ပြီး ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ပါတယ်။
စာအုပ်များများ ဖတ်ခြင်း
Photo : Best Life
စာအုပ်အများအပြားဖတ်သူများက စာမဖတ်သူများထက် အချက်အလက်များကို ပြန်လည်သိမ်းဆည်းရာတွင် ပိုမိုကောင်းမွန်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် စာအုပ်ဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေသည်သာမက အာရုစူးစိုက်မှုအားကိုလည်း ကောင်းလောစေပါတယ်။ ဒါ့ကြောင့် နယ်ပယ်ပေါင်းစုံလင်စွာ စာအုပ်များကို ဖတ်ရှုပေးသင့်ပါတယ်။
ပြန်လည်သုံးသပ်ခြင်း
Photo : Inc. Magazine
ကွီးတို့ ဖတ်ဖူးတဲ့ အကြောင်းအရာ သို့မဟုတ် ကြားဖူးတဲ့ အကြောင်းအရာများကို ပြန်လည်မှတ်မိရန် ကြိုးစားသည့်အခါ စဉ်းစားမိသမျှ အချက်အလက်ကို အသံကျယ်ကျယ်ဖြင့် ပြောဆိုတာ၊ ချရေးတာမျိုး လုပ်ပါ။ ထို့သို့လုပ်တဲ့အခါမှာ မှတ်ဉာဏ်အတွင်းရှိ အချက်အလက်အသစ်များကို အားဖြည့်ပေးရာ ရောက်ပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေ၊ မှတ်မိချင်တဲ့ အချက်အလက်တွေကို မိနစ်အနည်းငယ်လောက် နေ့စဉ်သုံးသပ်ပြီး ပြန်လည်စဉ်းစားကြည့်ပါ။ ဒါက မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။
စိန်ခေါ်မှု ဂိမ်းများကို ကစားပါ
Photo : Vista Create
အခြားလူများပါ ပါဝင်သည့် စိန်ခေါ်သည့် ဂိမ်းများကလည်း ကွီးတို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်ပါတယ်။ အခြားသူများနှင့် အပြန်အလှန် တုံ့ပြန်သော၊ စိန်ခေါ်သည့် ဂိမ်းများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ပါခြင်းက ကွီးတို့ ဦးနှောက်ကို ၆၅ % မှ ၇၅ % ထိ စူးရှနေနိုင်ပြီး အယ်လ်ဇိုင်းမား၊ အခြားသော အာရုံကြောဆိုင်ရာ ရောဂါများကဲ့သို့သော မှတ်ဉာဏ်ချို့ယွင်းမှုများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြေ ပိုများပါသည်။ ဒါ့အပြင် ကခုန်ခြင်းကလည်း ဦးနှောက်ကို ထက်မြက်လာစေရန် ကူညီပေးတဲ့ လှုပ်ရှားမှု တစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။
အိပ်ရေးဝဝ အိပ်ပါ
Photo : Vista Create
မှတ်ဥာဏ်စွမ်းရည်ကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေ အကုန်အသုံးပြုရင်တောင်မှ လုံလောက်တဲ့ အိပ်ချိန်မရှိရင် ဦးနှောက်က အလုပ်မလုပ်နိုင်ပါဘူး။ အရည်အသွေးကောင်းမွန်သော အိပ်စက်ခြင်းကို ရရှိခြင်းက တစ်နေ့တာ အသုံးချမှုများပြီးနောက် ဦးနှောက်ကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အိပ်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် တစ်နေ့မှာ အနည်းဆုံး ၇ နာရီကနေ ၈ နာရီအထိ အိပ်ပါ။
ထက်မြက်တဲ့ ဦးနှောက်ဖြစ်ဖို့ ဒီလို နည်းလေးတွေကို ပုံမှကျင့်သုံးလိုက်ပါ။
Source : LORMAN
Featured Photo : Vista Create