လေ့လာမှုများအရ လေ့ကျင့်ခန်းလုပ်ခြင်း က ခန္ဓာကိုယ်ကျန်းမာရေး အတွက်သာမက ဦးနှောက် နဲ့ စိတ်ပိုင်းဆိုင်ရာများအတွက်ပါ များစွာ အထောက်အကူပြုတယ်ဆိုတာ ကွီးတို့တော်တော်များများ သိပြီးသားဖြစ်မာပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူတွေမှာတောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပါက မှတ်ဉာဏ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်မှာ တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဦးနှောက် စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) ပြေးခြင်း

ဦးနှောက် လေ့ကျင့်ခန်းများ

Photo : The Peacer Blog

ဦးနှောက် စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ပထမဆုံးဖော်ပြပေးချင်တဲ့ တစ်ခုကတော့ ပြေးခြင်းပဲဖြစ်ပါတယ်။ ပြေးခြင်းက အလွန်ရိုးရှင်းသော်လည်း ၎င်းရဲ့ အကျိုးကျေးဇူးများမှာ အဆုံးမရှိပေ။ သြစတြေးလျ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြုလုပ်တဲ့ သုတေသနပြုချက်အရ ပြေးခြင်းဟာ နှလုံးအတွက်သာမက ဦးနှောက်အတွက်လည်း ကောင်းမွန်ကြောင်း အတည်ပြုခဲ့ပါတယ်။ ပြေးခြင်းက ကွီးတို့ရဲ့ သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ဦးနှောက်ကို ကြီးမားစွာ ကူညီပေးကြောင်း သက်သေပြနိုင်လောက်အောင် ခိုင်မာသော အထောက်အထားများ သုတေသနပြုချက်တွင် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဦးနှောက်အတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ တစ်နေ့ကို နာရီဝက်ခန့် အပြေးလေ့ကျင့်ခန်း ကိုပြုလုပ်ပေးပါ။

(၂) ယောဂ

ဦးနှောက် လေ့ကျင့်ခန်းများ

Photo : Men’s Fitness

ယောဂကို အခုနောက်ပိုင်းတွင် ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတာကြောင့် စိတ်ဝင်စားမှု မြှင့်တတ်လာခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပါတယ်။ ဒါ့အပြင် ယောဂကျင့်စဉ်ဟာ မှတ်ဉာဏ်ကို မြှင့်တင်ပေးပြီး ဦးနှောက်ရဲ့ တက်ကြွမှုကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သုတေသနတွေအရ သိရပါတယ်။ ‘Intense Forwarding Bending’ ဆိုတဲ့ ယောဂ ကိုယ်နေဟန်ထားဟာ ဦးနှောက်စွမ်းအားကို တိုးမြင့်စေပြီး မှတ်ဉာဏ်ကို ထက်မြက်စေခြင်းအတွက် အထူးအကျိုးရှိပါတယ်။ ၎င်းသည် ကွီးတို့ရဲ့ဦးနှောက်သို့ သွေးလည်ပတ်မှုကိုလည်း ကူညီပေးပြီး လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးပါတယ်။ ကွီးတို့အနေနဲ့ပေါ့ပါးတဲ့ ယောဂ ကျင့်စဉ်တွေက စပြီးကျင့်သုံး လို့ရပါတယ်။

(၃) ထိုက်ချိ

ဦးနှောက် လေ့ကျင့်ခန်းများ

Photo : Flab Fix

ဦးနှောက် စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ထဲကနောက် တစ်ခုကတော့ ထိုက်ချိ ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှ ပေါ်ပေါက်လာသော နူးညံ့သိမ်မွေ့သော လေ့ကျင့်ခန်းတစ်ခုအဖြစ် လူသိများသော ထိုက်ချိက ဦးနှောက်လှုပ်ရှားမှုကို လွှမ်းမိုးပြီး ကြီးမားသော စိတ်ဖိစီးမှုကို သက်သာစေသည့် ‘ကမ္မဋ္ဌာန်းလှုပ်ရှားမှု’ ပုံစံတစ်ခုအဖြစ် လူသိများလာပါခဲ့ပါတယ်။ ထိုက်ချိရဲ့ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုကို လေ့လာသည့် လေ့လာမှု အများအပြားက ၎င်းက ဦးနှောက်အရွယ်အစားကို တိုးစေပြီး လူတစ်ဦးရဲ့ မှတ်ဉာဏ်နှင့် တွေးခေါ်မှုတို့ကို မြှင့်တင်ပေးကြောင်း ကောက်ချက်ချခဲ့ပါတယ်။ အခြားလေ့လာမှုများအရ ပုံမှန် ထိုက်ချိ လေ့ကျင့်ခန်းလုပ်သော သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်စွမ်းရည်ကို တိုးတတ်စေတယ်လို့ ဆိုထားပါတယ်။

(၄) Jumping Jacks

exercise for brain

Photo : Coach Mag

နောက်ထပ်ဖော်ပြချင်တဲ့ ဦးနှောက်အတွက် အကျိုးပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုကတော့ Jumping Jacks ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပြင်းထန်သော လေ့ကျင့်ခန်းအစီအစဉ်များမစတင်မီ သွေးပူလေ့ကျင့်ခန်းအဖြစ် အသုံးပြုလေ့ရှိတဲ့ Jumping Jacks က ဦးနှောက်စွမ်းအားနှင့် စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့သွေးတွေကို ပြင်းပြင်းထန်ထနနဲ့ မြန်မြန်ညှစ်ထုတ်ပြီး ဦးနှောက်ကို ထောက်ပံ့မှု တိုးလာစေပါတယ်။ ဒါမှလည်း ကွီးတို့ရဲ့ ဦးနှောက်ကို အားအင်တွေ မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မနေဘဲ လည်ပတ်နေစေမှာပါ။ Jumping Jacks ဆယ်မိနစ်လောက် လှုပ်ရှားမှုက ကွီးတို့ရဲ့ ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

(၅) လမ်းလျှောက်ခြင်း

exercise for brain

Photo : HealthifyMe

ကွီးတို့ရေ အထက်မှာ ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကိုပြုလုပ်ရန် အဆင်မပြေပါက လမ်းလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ပေးလည်း အဆင်ပြေပါတယ်။ လမ်းလျှောက်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကနေ ခြေချောင်းအထိ၊ ခန္ဓာကိုယ် တစ်ခုလုံးပေါ်သို့ လုံးလုံးလျားလျားသက်ရောက်စေသည့် အသုံးအများဆုံးနှင့် ထိရောက်သော လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ပတ်အတွင်း အကြိမ်အနည်းငယ်ခန့် အေးအေးလူလူ လမ်းလျှောက်တဲ့ အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ ဦးနှောက်စွမ်းအားကို အားကောင်းစေပြီး အယ်လ်ဇိုင်းမားလိုမျိုး ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေတယ်လို့ သုတေသနတွေအရ သိရပါတယ်။ ဒါကြောင့် ကွီးတို့ အနေနဲ့ တစ်ပတ်မှာ အနည်းဆုံး ၄ ကြိမ်ခန့် လမ်းလျှောက်သင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဦးနှောက် စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ပဲဖြစ်ပါတယ်။ ဦးနှောက်ဟာ လူသားတစ်ယောက်အတွက် တကယ်ကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဦးနှောက်နဲ့ပဲ လူသားတွေဟာ အရာရာကို ဆုံးဖြတ်ပြီး ချင့်ချိန်နိုင်ကြတာပါ။ ဦးနှောက် စွမ်းဆောင်ရည်ကို ကျဆင်းလျှင် နေ့စဉ်လူ့ဘဝအတွက် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ဒါကြောင့် ဦးနှောက် စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်မဲ့ လေ့ကျင့်ခန်း တွေကိုပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

Source : AFPA

Featured Photo : Factory Outlet