မိတ်ဆွေတို့ရေ အခုလက်ရှိမှာ မိမိအမှန်တကယ်လိုချင်တဲ့နေရာ ကို ရောက်ရှိနေပါသလား။ ကြိုးစားအားထုတ်မှုတွေ၊ အချိန်ကို ကောင်းကောင်း အသုံးချမှုပေါ် မူတည်ပြီး လူတွေရဲ့ဘဝ အခြေအနေတွေက ကွာခြားသွားပါတယ်။ လူတိုင်း တိုးတတ်အောင်မြင်တဲ့သူ ဖြစ်ချင်ကြတာချည်းပါပဲ။ လက်ရှိမှာ အောင်မြင်နေတဲ့သူတွေက ထိုက်တန်တဲ့ အားထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ အောင်မြင်တိုးတတ်ချင်ပါတယ် ပြောပြော လက်တွေ့ကြိုးစားအားထုတ်မှု မရှိဘဲ ထိုင်နေရင်တော့ ဘယ်တော့မှ ရှေ့ကိုရောက်ပြီး အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ မိတ်တွေတို့ဘဝ တိုးတတ်အောင်မြင်ပြီး သူများရှေ့ကို တစ်လှမ်းသာချင်ရင် လိုက်နာရမယ့်အချက်တွေကို ဝေမျှပေးချင်ပါတယ်။

အချိန်ကို တန်ဖိုးထား လေးစားပါ

ထိုင်နေရင်တော့ ဘယ်တော့မှ

Photo : Vista Create

ကမ္ဘာပေါ်မှာ လူတိုင်းအတွက် ရရှိတာ တူညီတဲ့ အရာတစ်ခုကတော့ အချိန်ပါပဲ။ လူတိုင်း တစ်နေ့ကို ၂၄ နာရီစီပဲ ရရှိကြတာပါ။ ထို တန်းတူညီတူ ရရှိတဲ့အချိန်ကို အသုံးချတဲ့ အပေါ်မူတည်ပြီး ရလဒ်တွေက ကွဲပြားသွားပါတယ်။ အချိန်ကို ကောင်းကောင်းအသုံးချပြီး ကြိုးစားအားထုတ်နေတဲ့သူတွေက အချိန်မလေးစားတဲ့ သူတွေထက် အမြဲရှေ့ရောက်နေမှာပါ။ လက်ရှိမှာ အောင်မြင်နေသူတိုင်းက အချိန်နဲ့ပတ်သတ်ပြီး ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိသလို တိတိကျကျ လေးလေးစားစားလည်း လိုက်နာကြပါတယ်။ အချိန်ကို လေးစားတန်ဖိုး ထားတတ်ခြင်းက ရှေ့ကိုရောက်ဖို့ အဓိကလိုအပ်ချက်တစ်ခုပါပဲ။ ဒါ့ကြောင့် သူများနာက်မှာ မကျန်ခဲ့ချင်ရင် အချိန်နဲ့ပတ်သတ်ပြီး လေးစားတန်ဖိုးထားကာ အချိန်ကို ကောင်းကောင်းအသုံးချပါ။

ဆင်ခြေပေးခြင်းကို ရပ်တန့်ပစ်လိုက်ပါ

ထိုင်နေရင်တော့ ဘယ်တော့မှ

Photo : Vista Create

ဘဝမှာ တိုးတက်အောင်မြင်မှုကို ရယူချင်ရင် ဆင်ခြေပေးတတ်တာကို ပြင်ရပါမယ်။ ဆင်ခြေပေးတတ်တဲ့သူတွေက ကိုယ့်ရဲ့အမှား ဒါမှမဟုတ် ကိုယ့်ရဲ့လိုအပ်ချက်ကို ပြင်ဆင်ဖို့မကြိုးစားဘဲ အကြောင်းပြချက်တွေသာ ပေးတတ်ပါတယ်။ ဒီလိုလူတွေက ဘဝမှာ သူများရှေ့ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆင်ခြေပေးတတ်တဲ့ အကျင့်ရှိရင်လည်း ပြင်ပါ။ မိတ်ဆွေတို့ရဲ့အမှားတွေ၊ လိုအပ်ချက်တွေကို တာဝန်ယူပါ။ သင်ခန်းစာယူ ပြင်ဆင်ပါ။ ဒီလို ပြုလုပ်ခြင်းက မိမိရဲ့အရည်အချင်းကိုလည်း မြှင့်တင်ပြီးသား ဖြစ်စေပါတယ်။

ကိုယ့်ကို အနှောင့်အယှက်ပေးနေတဲ့ အရာတွေကို ဖယ်ထုတ်ပါ

Photo : CEOWORLD magazine

ကျွန်တော်တို့ဘဝကို ရှေ့ရောက်ဖို့ လျှောက်လှမ်းရာမှာ အတားအဆီးတွေ ရှိတတ်ပါတယ်။ ထို အတားအဆီးတွေက များသောအားဖြင့် Comfort Zone ထဲက ရုန်းမထွက်နိုင်တာ၊ ဆိုရှယ်မီဒီယာကို စွဲလမ်းလွန်းတာ၊ ပျင်းရိနေတာ စသည်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ လူတော်တော်များများက ထိုအရာတွေကို ဘဝတတ်လမ်းအတွက် အနှောင့်အယှက်ဆိုတာ သိကြပါတယ်။ သို့သော်လည်း စိတ်အားထက်သန်စွာနဲ့ ဖယ်ထုတ်ဖို့ မကြိုးစားမိပါဘူး။ ဒီလို အခြေအနေတွေနဲ့ နေသားကျနေရင် မိတ်ဆွေတို့ရဲ့ဘဝက ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ဘဝအတွက် အနှောင့်အယှက်၊ အတားအဆီး ဖြစ်နေတာတွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါ။

ကြိုးစား အားထုတ်ပါ

Photo : letter pile

လူတိုင်း လူတိုင်း အောင်မြင်တိုးတတ်ပြီး သူများရဲ့အရှေ့ကို ရောက်ချင်ကြတာချည်းပါပဲ။ သို့သော်လည်း ထိုင်နေရင်တော့ ဘယ်တော့မှ သူများရှေ့ကို ရောက်မှာမဟုတ်သလို ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုလည်း ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။ ကြိုးစားမှသာ ကွီးတို့လိုချင်တဲ့ ပန်းတိုင်နဲ့ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ ကြိုးစားခြင်းက အရာရာဖြစ်ပြီး ကြိုးစားတဲ့သူတိုင်းအတွက် နေရာတစ်နေရာ အမြဲတမ်းရှိပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်၊ ရည်မှန်းချက်တွေ ပြည့်စုံဖို့ မဆုတ်မနစ်နဲ့ အားကုန်ကြိုးစားကြည့်ပါ။

မိတ်ဆွေတို့ရေ သူများရှေ့ကို ရောက်ချင်ရင်၊ ကိုယ့်ဘဝကို အရှိအဟုန်နဲ့ အမြင့်ကို တတ်လှမ်းချင်ရင် ထိုင်နေလို့တော့ မရပါဘူး။ ဒီအချက်လေးတွေကို လိုက်နာပြီး အားကုန်ကြိုးစားလိုက်ပါ။ မိတ်ဆွေတို့ ဘဝ အတွက်နေရာက ရှေ့ဆုံးမှာ ရှိနေမှာပါ။

Featured Photo : Vista Create