ဒီနေ့ခေတ် စားသောက်နေထိုင်မှုပုံစံနဲ့ အထိုင်များတာကြောင့် ကိုယ်အလေးချိန်တတ်ဖို့ လွယ်ကူလာပါတယ်။ ကိုယ်အလေးချိန် တတ်လာခြင်းကြောင့် ခန္ဓာကိုယ်က ပေါ့ပါးမှုမရှိတော့ဘဲ လေးလံထိုင်းမှိုင်းလာကာ ကျန်းမာရေးကိုလလည်း ထိခိုက်စေပါတယ်။ သိသာတဲ့ အချက်ကတော့ ကိုယ်အလေးချိန်တတ်လာခြင်းက ကိုယ့်ရဲ့ အသွင်အပြင်ပေါ် သက်ရောက်မှု ရှိလာတာပါပဲ။ ဘယ်သူမဆို ကိုယ်အလေးချိန်တတ်လာရင် ပြန်ပြီးပိန်ချင်ကြာတာပဲ မဟုတ်ပါလား။ ဒီလိုဆိုရင် ထိုင်ပြီး ပိန်ချင်တယ်လို့ အော်နေလို့တော့ မပြီးပါဘူး၊ လေ့ကျင့်ခန်းတွေ လုပ်ရမှာပါ။
မှန်ကန်သော နည်းလမ်းနဲ့ အကောင်းဆုံး ကိုယ်အလေးချိန်လျော့ချနည်းကတော့ လေ့ကျင့်ခန်း တွေ ပြုလုပ်ခြင်းပါပဲ။ ကိုယ်အလေးချိန်ကျပြီး ကိုယ်လိုချင်တဲ့ အနေအထားထိ ပိန်စေဖို့ တစ်နေ့လျှင် အနည်းဆုံး နာရီဝက် သို့မဟုတ် တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့်လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပြေးခြင်း

Photo : Scott
ကိုယ်အလေးချိန်လျှော့ချဖို့ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းများထဲက တစ်ခုကတော့ ပြေးခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ ပြေးစက်နဲ့လည်း ပြေးနိုင်သလို၊ Outdoor မှာလည်း ပြေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက လူတိုင်းလွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအုပ်စုတိုင်းကို အသုံးပြုရတဲ့အတွက် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် နှလုံးကျန်မာရေးကို ကောင်းစေပြီး ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ပြေးခြင်းက တစ်နာရီလျှင် ကယ်လိုရီ ၅၀၀ မှ ၇၀၀ ထိလောင်ကျွမ်းနိုင်ပါတယ်။
ကြိုးခုန်ခြင်း

Photo : Forbes
ကြိုးခုန်ခြင်းက တစ်ကိုယ်လုံးကို ထိရောက်စေတဲ့ ကိုယ်လုံးပြည့် လေ့ကျင့်ခန်းတစ်ခုပါ။ ဒါ့အပြင် ကြိုးခုန်ခြင်းက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းစေပြီး ကယ်လိုရီများကိုလည်း လျင်လျင်မြန်မြန် လောင်ကျွမ်းစေပါတယ်။ ကွီးတို့ရဲ့ ခြေထောက်များကိုလည်း ပိုမိုသန်မာစေပါတယ်။ ကြိုးခုန်ဖို့ အတွက် ကြိုးတစ်ချောင်းသာ လိုအပ်ပြီး အချိန်မရွေး၊ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ နာရီဝက်ကြိုးခုန်လျှင် ကယ်လိုရီ ၃၀၀ ကျော်ခန့်လောင်ကျွမ်းနိုင်ပါတယ်။ ကြိုးခုန်ခြင်းကို အခုမှစလုပ်မယ့် သူများအနေနဲ့ အရှိန်နည်းနည်းနဲ့ စတင်ပါ။ နောက်ပိုင်းမှသာ ဖြည်းဖြည်း အရှိန်နဲ့ ကြာချိန်ကို မြှင့်တင်ပါ။
Burpees

Photo : Muscles and Fitness
တကယ်လို့ ကွီးတို့က ပြင်းထန်သော လေ့ကျင့်ခန်းများနဲ့ ခုန်တာကို လုပ်ဆောင်နိုင်ပါလျှင် Burpees က ကွီးတို့ရဲ့ လေ့ကျင့်ခန်းတွေထဲမှာ ထည့်သွင်းသင့်တဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ Burpees က ကယ်လိုရီများကို လောင်ကျွမ်းစေပြီး အဆီကျစေကာ ကြွက်သားတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် Burpees များသည် ဗိုက်အဆီများကို လောင်ကျွမ်းရန်အတွက် ကောင်းမွန်ပြီး ၎င်းသည် သမားရိုးကျ လေ့ကျင့်ခန်းများထက် အဆီ ၅၀ ရာခိုင်နှုန်း အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Burpees က အကူကိရိယာမလိုဘဲ ပြုလုပ်နိုင်တဲ့ ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချရန်နဲ့ နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ကဲ ကွီးရေ ထိုင်ပြီး ပိန်ချင်တယ်လို့ အော်မနေဘဲ၊ Burpees ထလုပ်လိုက်ပါ။
ရေကူးခြင်း

Photo : Swimming World
ကွီးတို့ ခန္ဓာကိုယ်က ပြေးခြင်းကဲ့သို့ ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်နိုင်ပါက ကိုယ်အလေးချိန်ကျစေဖို့ ရေကူးနိုင်ပါတယ်။ ရေကူးခြင်းက ထိခိုက်မှုနည်းသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး Cardio နဲ့ ခွန်အားလေ့ကျင့်မှုပေါင်းစပ်သည့် အကောင်းဆုံးလေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။ ပုံမှန်အားဖြင့် ရေရဲ့ အပူချိန်က ၇၈ ဒီဂရီဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်က ၉၈.၆ ဒီဂရီ ဖြစ်တဲ့အတွက် မြေပြင်ထက် ပိုပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ရေကူးခြင်းက ခွန်အားနှင့် ခံနိုင်ရည်ကို တည်ဆောက်ရန်အတွက် ကောင်းမွန်သော ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရေကူးခြင်းက ကိုယ်အလေးချိန် လျှော့ချဖို့အတွက်သာမကပဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။
Battle Ropes လေ့ကျင့်ခန်းများ

Photo : Steel Supplements
ကွီးတို့က တတ်ကြွပြင်းထန်သော လေ့ကျင့်ခန်းများဖြင့် ကိုယ်အလေးချိန်ကို လျှော့ချချင်ပါက Battle Ropes လေ့ကျင့်ခန်းများ ကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပြည့် လှုပ်ရှားမှုနဲ့ Cardio workout ကိုရရှိရန် အလွန်ကောင်းမွန်ပြီး ရိုးရှင်းသော လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ဒီလို ပြင်းထန်မှုရှိသော Workout များကို ပြုလုပ်ခြင်းဖြင့် ကယ်လိုရီများကို လျင်လျင်မြန်မြန် လောင်ကျွမ်းစေရုံသာမက ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်သန်မာစေပါတယ်။ ဒါ့အပြင် တတ်ကြွလန်းဆန်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုစေတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ကိုဘ်အလေးချိန်လျှော့ချပြီး ဘာဝတ်ဝတ်စမတ်ကျစေဖို့ ထိုင်ပြီး ပိန်ချင်တယ်လို့ အော်မနေဘဲ အခုပဲ ဒီ Workout တွေ ထလုပ်လိုက်တော့ဗျာ။ ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားရဖို့ တစိုက်မတ်မတ်နဲ့ အချိန်တစ်ခုပေးပြီး ပုံမှန်ပြုလုပ်ဖို့တော့ လိုပါတယ်။
Source : Prevention
Featured Photo : Steel Supplements
