Fashion Industry ထဲမှာ ဒီဇိုင်နာ Brands တွေ ထိပ်တန်းရောက်နေတာ သိပ်တော့မဆန်းပါဘူး။ ဘာလို့ဆို လူတိုင်းက Luxury ဆန်တဲ့ ဇိမ်ခံပစ္စည်းတွေကို နှစ်သက်ကြသလို သာမာန်ထက် ကွဲပြားခြားနားတဲ့ အတွေ့အကြုံကို ခံစားချင်ကြလို့ပါပဲ။ ဒီဇိုင်နာ Brands တွေဆိုတာဟာလည်း စတိုင်ကျပြီး သက်တောင့်သက်သာရှိရုံမကပဲ အရည်အသွေးအမြင့်မားတဲ့ ဒီဇိုင်းကွာလတီတွေဖြစ်အောင် ဖန်တီးထုတ်လုပ်ထားကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖက်ရှင်လောကထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်များတဲ့ ထိပ်တန်း ဒီဇိုင်နာ Brands ၅ ခုကိုပြောပြပေးချင်ပါတယ်။
(၁) Louis Vuitton

Photo : WWD
ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton ဖက်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သူ Louis Vuitton ကိုယ်တိုင်ကပဲ အသက် ၁၆ နှစ်မှာ ဖက်ရှင်လောကကို ကြီးစိုးနိုင်သူတစ်ယောက်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချခဲ့သူပါ။ သူဟာ အမှန်တကယ်လည်း ထိပ်တန်း ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာသလို တီထွင်ဆန်းသစ်မှုနဲ့ ကွဲပြားတဲ့ ဖက်ရှင်လက်ရာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခုဆိုရင် Louis Vuitton အမှတ်တံဆိပ်ဟာ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာ Brands တွေထဲကတစ်ခု ဖြစ်လာခဲ့ပြီး Ready-to-wear ဖက်ရှင်တွေသာမက လက်ကိုင်အိတ်နဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်းများစွာကို ထုတ်လုပ်လျက်ရှိပါတယ်။
(၂) Gucci

Photo : ELLE
Gucci အမှတ်တံဆိပ်ကိုတော့ အီတလီလူမျိုး ဖက်ရှင်ဒီဇိုင်နာနဲ့ စီးပွားရေးသမား Guccio Gucci က ၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိတိုင် နာမည်အကြီးဆုံး Luxury ဒီဇိုင်နာ Brands တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Gucci အမှတ်တံဆိပ် ဖက်ရှင်နဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ ခမ်းနားတဲ့ ဒီဇိုင်းနဲ့ မြင့်မားတဲ့ အရည်အသွေးကြောင့် လူကြိုက်များ ထင်ရှားပါတယ်။ Gucci ဟာ အီတလီလက်မှုပညာရဲ့ အနုစိတ်လှတဲ့ ဖန်တီးမှုလက်ရာတွေနဲ့အတူ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ထိပ်တန်းဖက်ရှင်တွေကို ထုတ်လုပ်လျက်ရှိပါတယ်။
(၃) Balenciaga

Photo : i-D Magazine – VICE
Balenciaga ကတော့ ဖက်ရှင်လောကမှာ ရပ်တည်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပြီး စပိန်ဖက်ရှင်ဒီဇိုင်နာ Cristóbal Balenciaga ရဲ့ ဦးစီးမှုနဲ့အတူ ၁၉၁၇ ခုနှစ်မှာ စတင်အသက်သွင်းခဲ့တဲ့ Luxury Fashion House တစ်ခုဖြစ်ပါတယ်။ Balenciaga အမှတ်တံဆိပ်ဟာဆိုရင် ဒီနေ့အထိတိုင် အကောင်းမွန်ဆုံး အရည်အသွေးကို ထိန်းထားနိုင်ပြီး ဆန်းသစ်တီထွင်မှု ၊ ကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေနဲ့အတူ ခေတ်ရေစီးကြောင်းနဲ့ လိုက်ရောညီထွေဖြစ်တဲ့ ဖက်ရှင်တွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။
(၄) Dior

Photo : British GQ
ထိပ်တန်း ဒီဇိုင်နာ Brands တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Dior အမှတ်တံဆိပ်ကိုတော့ နာမည်ကြီး ပြင်သစ်ဒီဇိုင်နာ Christian Dior က ၁၉၄၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Dior ဟာ ခေတ်မီဆန်းသစ်ပြီး ကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေနဲ့ ယုံကြည်မှုအပြည့်ရှိစေတဲ့ ဖက်ရှင်တွေကို ဦးစားပေး ထုတ်လုပ်ပြီး လက်ကိုင်အိတ် ၊ ဖက်ရှင်နဲ့ဆက်စပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေအပြင် နာမည်ကြီး ဇိမ်ခံရေမွှေးများစွာကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
(၅) Prada

Photo : The Hollywood Reporter
Prada အမှတ်တံဆိပ်ကိုတော့ အီတလီဒီဇိုင်နာ Mario Prada က ၁၉၁၃ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Prada ရဲ့ ဖက်ရှင်တွေဟာ အမြဲတမ်းလိုလို တီထွင်ဆန်းသစ်မှုနဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကို ပေးစွမ်းတာကြောင့် ဖက်ရှင်ချစ်သူတွေကြားမှာ ရေပန်းစားတဲ့ Brands တွေထဲကတစ်ခု အဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။ Prada အမှတ်တံဆိပ်ထဲမှာတော့ Ready-to-wear ဖက်ရှင်တွေ ၊ သားရေ လက်ကိုင်အိတ် ၊ ရေမွှေး ၊ ဖိနပ်နဲ့ ခရီးသွား အသုံးအဆောင်ပစ္စည်းတွေကတော့ လူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။
Featured Photo : Next Luxury
