ဝီစကီကြိုက်တဲ့ ဘော်ဒါတို့ရှိပါသလား။ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် ဝီစကီ ဆိုရင်လာထားဆိုတဲ့ ဘော်ဒါတို့ရော ရှိပါသလား။ ဒီလိုဆိုရင်တော့ ဒီဆောင်ပါးလေးမှာ ဝီစကီ ချစ်သူတို့အတွက် ကမ္ဘာပေါ်က အမိုက်စား အကောင်းဆုံး ဝီစကီတွေကို ဖော်ပြပေးမှာပါ။ အမိုက်စား ဒီဝီစကီတွေမှ မမြည်းစမ်း၊ မခံစားဖူးရင် နောင်တမရလေအောင် ဆက်ကြည့်လိုက်ပါဦး သားကြီးတို့ရေ။
Four Roses Single Barrel

Photo : PumpJack Wines
သားကြီးတို့ မြည်းစမ်းကြည့်သင့်တဲ့ အကောင်းဆုံး ဝီစကီတွေထဲက တစ်ခုကတော့ Four Roses Single Barrel ပဲဖြစ်ပါတယ်။ ဒီဝီစကီမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ၎င်းမှာ နှစ်သက်ဖို့ကောင်းတဲ့ အရသာရှိပြီး အဆုံးသတ်မှာ မယုံနိုင်လောက်အောင် ချောမွေ့မှုကို ခံစားရမှာပါ။ ၎င်းကို သူ့ချည်းပဲ သောက်သုံးလို့ရသလို ကော့လ်တေးပုံစံဖြင့် ရောစပ်သောက်သုံးဖို့လည်း သင့်တော်ပါတယ်။
Pikesville Straight Rye

Photo : Amazon UK
ဒီဝီစကီမှာတော့ အယ်လ်ကိုဟော ပါဝင်နှုန်း ၅၅ ရာခိုင်နှုန်း ရှိပါတယ်။ သူ့မှာ အရသာမှတ်စုများ အနေဖြင့် သစ်ကြံပိုးခေါက်၊ ဗနီလာနဲ့ Oak တို့ပါဝင်ပါတယ်။ ဒီဝီစကီကိုလည်း သူ့ချည်းပဲ သီးသန့်သောက်သုံးနိုင်သလို Manhattan ကဲ့သို့သော ဂန္တ၀င်ကော့လ်တေး ဖျော်စပ်ဖို့ အထူးကောင်းမွန်တဲ့ ဝီစကီဆိုလည်း မမှားပါဘူး။
Henry Mckenna Single Barrel

Photo : Heaven Hill Distillery
Henry Mckenna Single Barrel ကတော့ အကောင်းဆုံး Bourbon ဝီစကီထဲက တစ်ခုလို့ ပြောရမှာပါ။ သူ့မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ၎င်းကို Heaven Hill Distillery တွင် ထုတ်လုပ်ထားပြီး Bourbon ဝါသနာရှင်များရဲ့ မရေမတွက်နိုင်သော အသုံးအနှုန်းများဖြင့် တင်စားကြတဲ့ ဝီစကီတစ်ခု ဆိုလည်း မမှားပါဘူး။ သားကြီးတို့လည်း Bourbon ဝီစကီကိုမှ ကြိုက်တယ်ဆိုရင် ဒီဝီစကီကို မြည်းစမ်းကြည့်ဖို့ စာရင်းထဲ ထည့်ထားလိုက်ပါ။
Hakushu 12 Year Old

Photo : The Whiskey Exchange
ဒီဝီစကီတွေမှ မခံစားဖူးရင် သားကြီးတို့ နောင်တရမဲ့ ဝီစကီထဲမှာ ဂျပန်ဝီစကီတစ်မျိုး ဖြစ်တဲ့ Hakushu 12 Year Old လည်း အပါအဝင် ဖြစ်ပါတယ်။ ထူးခြားပြီး အရသာရှိတဲ့ ဒီ ဝီစကီကတော့ Japan Alps တွင်ထုတ်လုပ်ထားပြီး ထိုနေရာတွင်ထုတ်လုပ်သော ဝီစကီတွေက အလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒီ ဝီစကီမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။
The Balvenie DoubleWood

Photo : Surdyk’s
ဒီဝီစကီကတော့ အကောင်းဆုံး Scotch ဝီစကီ အမျိုးအစားဖြစ်ပြီး Speyside ဒေသ၊ စကော့တလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ သူ့မှာ အယ်လ်ကိုဟော ကတော့ ပါဝင်နှုန်း ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ Scotch ဝီစကီ ကြိုက်နှစ်သက်သူများအတွက်တော့ မြည်းကို မြည်စမ်းကြည့်သင့်တဲ့ ဝီစကီတစ်ခုပါ။
ကဲ…..သားကြီးတို့ရေ ဒီဝီစကီတွေမှ မခံစားဖူးရင် လူဖြစ်ရကျိုးမနပ်ဘူးဗျာ။ သားကြီးတို့ အကြိုက်နဲ့ ထပ်တူကျနိုင်တဲ့ ဝီစကီကော ဒီထဲမှာ ပါဝင်ပါသလား။
Source : Liquor.com
Featured Photo : Bourbon
