အမျိုးသားတွေရဲ့ အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် ရှိသင့်တာကတော့ နက်ပြာရောင် Jeans ဘောင်းဘီပဲ ဖြစ်ပါတယ်။ Jeans ဘောင်းဘီတွေက ကွီးတို့ ဘက်စုံဝတ်ဆင်နိုင်သလို ပေါ့ပါးပြီး စတိုင်လည်းကျစေပါတယ်။ နက်ပြာရောင်ဟာ လေးနက်ခြင်း ၊ အသိပညာ ၊ စွမ်းအား ၊ ရိုးသားဖြောင့်မတ်ခြင်း စတာတွေကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကွီးတို့ကို နက်ပြာရောင် Jeans ဘောင်းဘီနဲ့ စတိုင်လ်ကျကျ တွဲဖက်ဝတ်ဆင်နိုင်တဲ့ နည်းများကို ဖော်ပြပေးချင်ပါတယ်။
(၁) White T-shirt With Dark Blue Jeans

Photo : Pinterest
အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်တဲ့ အသွင်ရှိပြီး ဘယ်တော့မှ မရိုးတဲ့အရောင်ပါ။ ထို့အတူ အရိုးရှင်းဆုံးက အဆန်းပြားဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် နက်ပြာရောင် Jeans ဘောင်းဘီ ကို အဖြူရောင် တီရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင် လိုက်ပါ။ ကွီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ လုံးဝကို လန်းတဲ့ Daytime Look ကိုရရှိစေမှာဖြစ်ပါတယ်။
(၂) Dark Blue Jeans With Blazer

Photo :Rojar Aur Nirman
ကွီးတို့ရေ နက်ပြာရောင် Jeans ဘောင်းဘီကို မီးခိုးရောင် Blazer နဲ့ တွဲဖက်ဝတ်ဆင် ကြည့်ပါ။ လုံးဝကို မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မှာ အသေအချာပါပဲ။ ဒီပေါင်းစပ်မှုက မီးခိုးရောင်ရဲ့ နူးညံသိမ်မွေ့မှုကို ထင်ဟပ်စေပြီး နက်ပြာရောင်ရဲ့ လေးနက်မှုက ကွီးတို့ကိုလည်း ဆွဲဆောင်မှုရှိစေကာ လူစုလူဝေးမှာတောင် ပေါ်လွင်စေပါလိမ့်မယ်။
(၃) Dark Blue Jeans With Hoodie

Photo : The Modest Man
ကွီးတို့ရေ Jeans နဲ့ အရမ်းကို Hot တဲ့ Street စတိုင်လ် လိုချင်ပါသလား။ ဒါဆိုရင်တော့ နက်ပြာရောင် Jeans ဘောင်းဘီနဲ့ Hoodie နဲ့ သာတွဲဖက်ဝတ်ဆင်လိုက်ပါ။ သိပ်မစဉ်းစားပါနဲ့။ ကွီးတို့ရဲ့ အမိုက်စားပုံစံကို Level ထပ်မြှင့်ချင်ရင်တော့ အဖြူရောင် Sneakers ကိုဖြည့်စွက်လို့ရပါတယ်။
(၄) Dark Blue Jeans With Brown Leather Jacket

Photo : Pinterest
ကွီးတို့ရေ နက်ပြာရောင် Jeans ဘောင်းဘီတွေကို Leather ဂျာကင် တွေနဲ့ တွဲဖက်ဝတ်ဆင်တာ တွေ့ဖူးမှာပါ။ ဒီ တွဲဖက်ဝတ်ဆင်မှုဟာ ဘယ်တော့ ကွီးတို့ကို ခေတ်နောက်ကျတဲ့ပုံ မပေါ်စေပါဘူး။ အခုတစ်ခါမှာတော့ တစ်ဆင့်မြှင့်ပြီး နက်ပြာရောင် Jean ဘောင်းဘီနဲ့ အညိုရောင် Leathers ဂျာကင်ကို တွဲဖက်ဝတ်ဆင်ကြည့်ပါ။ အညိုရောင်နဲ့ နက်ပြာရောင် က လိုက်ဖက်မယ်လို့ ရုတ်တရက် မထင်ရသော်လည်းပဲ တွဲဖက်လိုက်အခါ တကယ်ကို လိုက်ဖက်ညီညီ ဖက်ရှင်ကျစေတာကို ကွီးတို့တွေ့ရမှာပါ။
(၅) Dark Blue Jeans With Chambray Shirt

Photo : Pinterest
Chambray ရှပ်အင်္ကျီများက ၂၀၂၀ ခုနှစ်များမှစ၍ အကြီးမားဆုံး ဖက်ရှင်ရေစီးကြောင်းထဲမှာ ပါလာခဲ့ပါတယ်။ ဒါကြောင့် ဒီလို Chambray ရှပ်အင်္ကျီများကို ဘာနဲ့တွဲဝတ်ရမလဲလို့ ခေါင်းမစားပါနဲ့။ နက်ပြာရောင် Jeans နဲ့သာ တွဲဝတ်လိုက်ပါ။ ပေါ့ပါးပြီး သပ်ရပ်စတိုင်လ်ကျ တဲ့ပုံစံကို ပေါ်လွင်စေပါလိမ့်မယ်။
ကွီးတို့ အတွက် နက်ပြာရောင် Jeans ဘောင်းဘီကို နည်းလမ်းမျိုးစုံ စတိုင်လ်မျိုးစုံ ဘယ်လိုတွဲဖက် ဝတ်ဆင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Source : Angel Jackets
Featured Photo : Esquire
