Triceps ကြွက်သားတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး ကြွက်သားအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ Triceps ကြွက်သားတွေ ကျစ်လစ်သန်မာနေခြင်းဟာ အမျိုးသားတစ်ယောက်ကို ပိုမိုယောကျာ်းပီသတဲ့ အသွင်အပြင်ကို ပေးစွမ်းပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ Triceps ကစားနည်းတွေကတော့ အများကြီးရှိသလို ဒီထဲကမှ အထိရောက်ဆုံးနဲ့ အချိန်တိုအတွင်း ရလဒ်အသိသာဆုံး ဖြစ်စေမယ့် ကစားနည်းတစ်ခုက Tricep Pushdown ဆွဲတာပါ။ Tricep Pushdown ကစားနည်းဟာ Cable Machine ကို အသုံးပြုပြီး ကစားရတာပါ။ Triceps ကြွက်သားတွေကို အဓိက ပစ်မှတ်ထားပြီး ကစားရတဲ့ Strength Training Exercise ဖြစ်ပါတယ်။ Cable Machine နဲ့ ကစားရတဲ့အတွက် ဝိတ်အလေးချိန်ကိုတော့ လိုသလို ညှိနှိုင်းချိန်ဆပြီး ကစားနိုင်ပါတယ်။ လက်ကိုင်ကိုတော့ Straight Bar ၊ Rope Handles ၊ EZ-curl Bar နဲ့ V-bar ဆိုပြီး နှစ်သက်ရာကို ရွေးချယ် ကစားနိုင်ပါတယ်။

Tricep Pushdowns ကစားခြင်းရဲ့ အကျိုးကျေးဇူးများ

Tricep Pushdowns

Photo : The Trend Spotter

Tricep Pushdowns ကစားနည်းဟာ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်သန်မာစေတဲ့ အဓိကအကျိုးကျေးဇူးကို ပေးစွမ်းပါတယ်။ အဓိကအားဖြင့် လက်မောင်းအပြင်ဘက် ဒါမှမဟုတ် လက်မောင်းအနောက်ဘက်လို့ ခေါ်တဲ့ Tricep ကြွက်သားတွေကို ကျစ်လစ်ဖုထစ် လာစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Core ၊ Back နဲ့ Shoulders ကြွက်သားတွေကိုလည်း ထိရောက်မှု ရှိစေပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားထုထည်ကို တိုးလာစေမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က တံတောင်ဆစ် ၊ ပခုံးနဲ့ လက်ကောက်ဝတ်တွေရဲ့ တည်ငြိမ်မှုကို တိုးစေပြီး အခြားလေ့ကျင့်ခန်းတွေ လုပ်ဆောင်ရာမှာလည်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

နည်းစနစ်တကျ Tricep Pushdown ဘယ်လို ကစားရမလဲ

Source : Jeremy Ethier

Tricep Pushdown ကစားနည်းက Cable Machine ကို အဓိကအသုံးပြုပြီး ကစားရတာ ဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပေမယ့် နည်းစနစ်တကျ လုပ်ဆောင်မှသာလျှင် သိသာထင်ရှားတဲ့ အကောင်းဆုံးရလဒ်ကို ရရှိမှာပါ။ အောက်မှာ ဆက်လက်ပြီး နည်းစနစ်တကျ Tricep Pushdown ကစားနည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

  • Cable Machine ကနေ နောက်သို့ ခြေလှမ်း ၂ လှမ်းခန့် ဆုတ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ ဘားတန်း/လက်ကိုင်ကြိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပါ။ ခြေထောက်နှစ်ချောင်းကိုတော့ တညီတညွတ်တည်း ညီညီညာညာ မတ်တပ်ရပ် အနေအထားမှာ ရှိရပါမယ်။
  • ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ အနည်းငယ် ကွေးညွှတ်ထားပြီး တင်ပါးကို အနည်းငယ် မြှင့်ကာ ရင်အုပ်ကြွက်သားတွေကို ညှစ်ထုတ်ထားပါ။
  • တံတောင်ဆစ်တွေက ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိနေရမှာ ဖြစ်ပြီး နံရိုးနံဘေး, ဘေးတစ်ဖက်တစ်ချက်စီကို တံတောင်ဆစ်တွေ ဆွဲကပ်ထားရပါမယ်။
  • ထို့နောက် တံတောင်ဆစ်တွေကိုပဲ ရွေ့ပြီး Triceps ကြွက်သားတွေ ကျုံ့ဝင်သွားသည်အထိ လက်ကိုင်ဘားတန်း သို့မဟုတ် ကြိုးတန်းကို အောက်သို့ ၉၀ ဒီဂရီ ဖိချပေးပါ။
  • ပြီးရင်တော့ ခန္ဓာကိုယ်ကို မရွေ့လျားပဲ ငြိမ်သက်အောင်ထားပြီး တံတောင်ဆစ်တွေကိုပဲ မူလအနေအထားသို့ ပြန်မ,တင်ပေးရပါမယ်။

ဒီနည်းအတိုင်း စနစ်တကျ ကစားရမှာ ဖြစ်ပါတယ်။

နည်းစနစ်တကျ Tricep Pushdown ကစားပေးခြင်းဖြင့် ဖုထစ်လှပတဲ့ Tricep ကြွက်သားတွေ ရရှိပြီး Sexy ကျတဲ့ ဘော်ဒီကို ပိုင်ဆိုင်နိုင်ပါပြီ။

Featured Photo : The Trend Spotter