ကွီးတို့က Workout မှန်မှန် ကစားကြတဲ့ သူတွေပါလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါတော့။ ဘာဖြစ်လို့လဲ ဆိုတော့ ကွီးတို့သည် မပျင်းမရိဘဲနဲ့ ကျန်းမာရေး လိုက်စားတဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့် ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာများကို မကြုံတွေ့ရနိုင်တော့လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကွီးတို့ရဲ့ ပန်းတိုင်က ကျန်းမာဖို့အပြင် ခန္ဓာကိုယ် အချိုးအစားလည်း ကျစ်လျစ် သန်မာနေဖို့ဆိုရင်တော့ Workout ဆော့ကစားတဲ့အခါမှာ နည်းစနစ် မှန်မှန်နဲ့ ဆော့ကစားပေးဖို့တော့ လိုပါလိမ့်မယ်။ Workout တော့ လုပ်ပါရဲ့၊ နည်းစနစ် မမှန် ရင်တော့ အချည်းနှီးပါပဲ။

ဒါ့ကြောင့်မို့လို့ ကြိုးစား ထားသမျှ သဲထဲ ရေသွန် မဖြစ်ဖို့အတွက် နည်းစနစ် မမှန် တဲ့အချက်တွေကို ရှောင်ကျဥ်နိုင်ရန် အခုဖော်ပြပေးမယ့် အချက်များကို သတိထားသင့်ပါတယ်။

(၁) ကြုံရာ ကျပန်း လေ့ကျင့်ခန်းများကို မိမိ စိတ်ကြိုက် ပြုလုပ်နေခြင်း

လေ့ကျင့်ခန်း

ကွီးတို့သည် လေ့ကျင့်ခန်း မပြုလုပ်ခင်ကတည်းက ဒီနေ့မှာတော့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် ဆော့ကစားမယ်၊ ဘယ်လို လေ့ကျင့်ခန်းတွေကို ဦးစားပေး ဆော့ကစားမယ်၊ အကြိမ် အရေအတွက် ဘယ်လောက် ဆော့ကစားရမယ်ဆိုတာကို မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားသင့်ပါတယ်။ အဲ့ဒီလို ရေးမှတ်ထားတာမျိုး မရှိဘဲနဲ့ ကိုယ် ကြိုက်တဲ့ လေ့ကျင့်ခန်းတွေ၊ ခေါင်းထဲ​ပေါ်လာတဲ့ လေ့ကျင့်ခန်းများကို ကြံရာ ကျပန်း ဆော့ကစားနေလို့ကတော့ ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၂) သွေးပူလေ့ကျင့်ခန်းများနဲ့ အကြောလျော့ လေ့ကျင့်ခန်းများကို အထင်သေးနေခြင်း

နည်းစနစ် မမှန်

Workout စ မလုပ်ခင်မှာ သွေးပူ လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ အကြောလျော့ လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ ခန္ဓာကိုယ်က အကြောအခြင်တွေ ပြေပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ နေလို့ ထိုင်လို့ ကောင်းသွားမယ့်အပြင် နာကျင် ကိုက်ခဲမှုကိုလည်း မခံစားရတော့ပါဘူး။ ဒီလိုမှ မဟုတ်ဘဲနဲ့ သွေးပူ လေ့ကျင့်ခန်းရော၊ အကြောလျော့ လေ့ကျင့်ခန်းများကိုပါ မပြုလုပ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ လေ့ကျင့်ခန်း ပြုလုပ်တဲ့ နည်းစနစ်က မှားယွင်းနေပြီလို့ပဲ ပြောပါရစေ။

(၃) အားကစား အဝတ်အစားများ မဝတ်ဆင်ခြင်း

နည်းစနစ် မမှန်

အားကစား အဝတ်အစားတွေဆိုတာ အလကား ထုတ်ထားတာ မဟုတ်ပါဘူး။ ကွီးတို့ အားကစား ပြုလုပ်နေစဥ်မှာ သက်သောင့်သက်သာရှိဖို့နဲ့ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ချွေးတလုံးလုံး မဖြစ်စေဘဲ လေဝင် လေထွက်ကောင်းစေဖို့ပဲ ဖြစ်ပါတယ်။ အားကစား အဝတ်အစား မဝတ်ဘဲ ကြပ်ထုပ်လွန်းတဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းကလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

(၄) အသက် မှန်မှန် မရှူခြင်း

နည်းစနစ် မမှန်

အလေးတုံးတွေ မရတဲ့အခါ အချို့ယောကျာ်းများက အသက်ရှူဖို့ မေ့တတ်ကြပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးမှသာ အသက်ကို အလုအယက်ရှူမိကြပါတယ်။ ဒီလိုအမှားမျိုးကို (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ အလေးမနေစဉ်နှင့် အခြားသောလေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်မှာ အသက်ရှူသွင်း၊ ရှူထုတ် မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှ သွေးလှည့်ပတ်မှုကောင်းမွန်ပြီး သင့်ရဲ့ကြွက်သားများလည်း ပိုမိုသန်မာလာပါလိမ့်မယ်။

(၅) ခန္ဓာကိုယ် ကြွက်သားတစ်ခုတည်းကိုသာ အားစိုက်ကာ ဆော့ကစားခြင်း

နည်းစနစ် မမှန်

ရင်အုပ် ကြွက်သားတွေ ကြီးလာဖို့ပဲ ဆော့မှာ၊ အဲ့ဒါကြောင့်မို့လို့ တစ်လလုံးလုံး ရင်အုပ်ကြွက်သားတွေ တောင့်တင်းစေမယ့် လေ့ကျင့်ခန်းများပဲ​ ပြုလုပ်မယ်ဆိုပြီး လုပ်လို့ မရပါဘူး။ ကွီးတို့က ဘယ်လောက်ပဲ ရင်အုပ် ကြွက်သားတွေ ကြီးချင်တယ်ပဲဆိုဆို ခန္ဓာကိုယ် ကြွက်သားအားလုံးကို မျှခြေရှိအောင် ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ခန္ဓာကိုယ်က သူ့နေရာနဲ့သူ အချိုးအစားကျကျနဲ့ ဆွဲဆောင်မှု တိုးနေမှာပါ။

အခုဖော်ပြပေးမယ့် အလွဲအမှားတွေကို သိထားပြီး သေချာ ရှောင်ကြဥ်နိုင်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ Workout Plan က ထိရောက်မှုရှိပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှု ရလာဒ်ကို သိသိသာသာ ထင်ထင်ရှားရှား မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ Workout အလွဲတွေကို ပြုလုပ်နေမိပြီလား။

Source: Henryford

Featured Image: Freepik