တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အညီ အသစ်အသစ်သော နည်းပညာတွေကို အသုံးပြုပြီး လူသားတို့နေ့စဉ်ဘဝအတွက် အဆင်ပြေစေဖို့ နည်းပညာသုံးပစ္စည်းလေးတွေကို တီထွင်ဖန်တီး ထုတ်လုပ်လာကြပါတယ်။ ဆန်းပြားခေတ်မှီတဲ့ နည်းပညာသုံးပစ္စည်းလေးတွေက သူ့နေရာနဲ့သူ အသုံးတည့်တဲ့ အမိုက်စားလေးတွေပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် နည်းပညာသစ်တွေ အသုံးပြုထားတဲ့ Gadgets အမိုက်စားတွေ ကို ဝေမျှပေးချင်ပါတယ်။

Razer BlackWidow V4 Pro Gaming KeyboardA

နည်းပညာသစ်တွေ အမိုက်စားတွေ

Photo : Hardcore Gamer

ဂိမ်းဝါသနာအိုး ကွီးတို့ကတော့ ဂိမ်းနဲ့ ပတ်သတ်တာတွေကို အလန်းစားဘဲ သုံးချင်ကြတယ်မဟုတ်ပါလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် Razer ကီးဘုတ်လေးကို ကွီးတို့သ‌ဘောကျမှာပါ။ ဒီကီးဘုတ်မှာ လျင်မြန်စွာလုပ်ဆောင်နိုင်သော စက်ခလုတ်များ၊ ထင်ရှားတဲ့ အမိုက်စား အောက်ခံမီးများနဲ့ အချိန်ကြာကြာကစားနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဂိမ်းထဲမှာ နစ်မြှပ်ပြီး အောင်ပွဲတွေခံစားနိုင်ဖို့ ပံ့ပိုးပေးနိုင်မယ့် ကီးဘုတ်လေးပါပဲ။ သူ့ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၂၃၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Anker Magnetic Desktop Charging Station

နည်းပညာသစ်တွေ အမိုက်စားတွေ

Photo : www.avelim.co.il

ကွီးတို့ရဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ၊ လပ်ပတော့တွေ အားသွင်းဖို့ ရှုတ်ရှပ်ခပ်နေတဲ့ ကြိုးတွေနဲ့ ပလပ်ပေါက်တွေ မလိုတော့ပါဘူး။ ဒီပစ္စည်းလေးက ကွီးတို့ရဲ့ iPhone ကို ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ပြီး အခြားသော ပစ္စည်းများကိုလည်း တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။ ၎င်းမှာ 8-in-1- တပ်ဆင်ထားသည့် Magnetic Charging Pad ၊ SB-C ပေါက် ၂ ခု ၊ USB-A ပေါက် ၂ ခုနဲ့ AC ပလပ်ပေါက် ၃ ပေါက်တို့ပါဝင်ပါတယ်။ ဒါလေးတစ်ခုလောက် ရှိထားရုံနဲ့ ကွီးတို့ရဲ့ ပစ္စည်းတော်တော်များများကို အားသွင်းဖို့ အဆင်ပြေပါတယ်။ ၎င်းရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Lenovo Smart Clock

နည်းပညာသစ်တွေ အမိုက်စားတွေ

Photo : Tom’s Guide

ကွီးတို့ရဲ့ အိပ်ခန်းထဲမှာ စမတ်နာရီလေး တစ်လုံးရှိတာလည်း မဆိုးပါဘူး။ ဒီ Lenovo Smart Clock မှာ Touch မျက်နှာပြင်ပါရှိပြီး နာရီမျက်နှာပြင်ကို စိတ်ကြိုက် ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Google Assistant ကိုလည်း ထည့်သွင်းထားပြီး မိုးလေဝသနှင့် အခြားဒေတာတွေကို ရိုးရှင်းစွာကြည့်ရှုနိုင်ပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ ၃၅ ဒေါ်လာ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Urbanista Malibu

Photo : Techbuzzireland

ဒီကောင်လေးကတော့ ထူးခြားတဲ့ အင်္ဂါရပ်များပါရှိတဲ့ Bluetooth Speaker တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူစေဖို့ ဖန်တီးထုတ်လုပ်ထားပါတယ်။ သူ့မှာ သဘောကျစရာကောင်းတာ တစ်ခုကတော့ နေရောင်ခြည်စွမ်းအင်သုံးနည်းပညာဖြင့် ဖန်တီးထားတာကြောင့် ခေတ်ဟောင်းပုံစံအတိုင်း အားသွင်းဖို့ မလိုအပ်တော့ပါဘူး။ သူ့ရဲ့ စျေးနှုန်းကတော့ ၁၄၉ ဒေါ်လာ ဖြစ်ပါတယ်။

Wyze Battery Cam Pro

Photo : TechHive

ကိုယ့်အိမ်လုံခြုံရေးအတွက် Security ကင်မရာလေး တစ်လုံးရှိထားတာ မမှားပါဘူး။ ဒီ Wyze Battery Cam Pro လေးက လျှပ်စစ်မီးပြတ်တောက်နေချိန်တောင်မှ အသုံးပြုနိုင်ပါတယ်။ ၎င်းမှာ မြန်ဆန်လွယ်ကူသော စနစ်ထည့်သွင်းထားပြီး ရောင်စုံညမြင်ကွင်းဖြင့် 2K HDR ဗီဒီယိုများကို ရိုက်ကူးပေးထားနိုင်ပါတယ်။ ဒါ့အပြင် ၎င်းမှာ Built-in ဥဩနှင့် မီးမောင်းထိုးခြင်း၊ နှစ်လမ်းသွား ဆက်သွယ်ရေးနှင့် ရွေ့လျားမှုကို ထောက်လှမ်းနိုင်သောကြောင့် ကွီးတို့အိမ်ကို အချိန်မရွေး လုံခြုံစေနိုင်ပါတယ်။ ဒါလေးကတော့ ဒေါ်လာ ၁၀၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ နည်းပညာသစ်တွေ ကို သုံးထားတဲ့ Gadgets အမိုက်စားတွေ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဖော်ပြပေးပါဦးမယ်။

Source : Gear Patrol, Awesomes Stuff to buy

Featured Photo : Lifewire