နည်းပညာ များ တစ်စထက် တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ကျွန်တော်တို့ရဲ့ နေ့စဥ် ဘဝ များသည်လည်း နည်းပညာနဲ့ ဘယ်လိုမှ မလွတ်ကင်းနိုင်တော့ပါဘူး။ အရင်ကဆို စမတ်ဖုန်းတွေ မရှိတော့ သတင်းစာများ၊ စာအုပ်များကိုသာ အားကိုးပြီး သိချင်တဲ့ သတင်းအချက်အလက် ဗဟုသုတများကို ခက်ခက်ခဲခဲ ရှာဖွေ စုဆောင်းရပါတယ်။ ဒါပေမဲ့ အခုတစ်ခါမှာတော့ အဲ့ဒီလို အချိန်အကြာကြီး ခက်ခက်ခဲခဲ လုပ်နေစရာမလိုတော့ပါဘူး။ နည်းပညာ ရဲ့ အကူအညီနဲ့ ကွီးတို့ရဲ့ နေ့စဥ် ဘဝ သည်လည်း ပိုမိုမြန်ဆန်လာပါပြီ။

ဒါပေမဲ့ ဒီလိုမျိုး မြန်ဆန်တဲ့ နည်းပညာများကိုလည်း စည်းစနစ်တကျ အသုံးပြုတတ်ဖို့ လိုအပ်ပါသေးတယ်။။ စမတ်ဖုန်းများ၊ လက်ပ်တော့များ အသုံးပြုတဲ့အခါ ပရိုဆန်ဆန် အသုံးပြုမှုသာလျှင် မျက်စိရှုပ်ရတာမျိုး မရှိဘဲ စမတ်ကျကျ အသုံးပြုနိုင်မှာပါ။

ကွီးတို့ မဖတ်တဲ့ ချန်နယ်များကို Unsubscribe လုပ်လိုက်ပါ

Unsubscribe

တချို့ Facebook ချန်နယ်များ၊ YouTube ချန်နယ်များကို ကွီးတို့က သဘောကျတဲ့ ဗွီဒီယို တစ်ခုခု တွေ့မိလို့ Subscribe လုပ်လိုက်ကြတယ် ဆိုပါစို့၊ အဲ့ဒီလို လုပ်လိုက်ပြီး နောက်ပိုင်းမှာ ဘာမှ ဆက်ကြည့်တာမျိုး၊ ဆက်လေ့လာတာမျိုး မလုပ်ဖြစ်တော့ဘူးဆိုရင်တော့ အဲ့ဒီ့ချန်နယ်များကို ချက်ချင်းပဲ Unsubscribe လုပ်ပစ်လိုက်ပါ။ ဒါဆိုရင်တော့ မျက်စိ ရှုပ် သက်သာသွားပါလိမ့်မယ်။

ကွီးတို့ မသုံးတဲ့ အက်ပလီကေးရှင်းများကို Uninstall လုပ်လိုက်ပါ

Uninstall

အက်ပလီကေးရှင်းများကလည်း ကွီးတို့ ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ လက်ပ်တော့ ထဲမှာပဲဖြစ်ဖြစ် သိမ်းထားရတဲ့အခါ Storage နေရာယူပါတယ်။ အဲ့ဒါကြောင့်မို့လို့ မသုံးတဲ့ အက်ပလီကေးရှင်းများ ရှိနေမယ်ဆိုရင် မြန်မြန်သာ Uninstall ပြုလုပ်လိုက်ပါ။

ဖုန်းပေါ်က ပြက္ခဒိန် (သို့) လက်ပ်တော့ ပေါ်က ပြက္ခဒိန်တွေကို အကျိုးရှိရှိ အသုံးချပါ

နည်းပညာ ဘဝ

မီတင်တစ်ခုခု တက်စရာရှိတာမျိုး၊ အလုပ်ကိစ္စ မေ့သွားမှာ စိုးလို့ရှိရင် ကွီးတို့ စမတ်ဖုန်း (သို့) လက်ပ်တော့ပေါ်က ပစ္စည်းကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။ ထိုပြက္ခဒိန်ကို သေချာ အသုံးချပြီး ကွီးတို့ကို အကူအညီပေးနိုင်အောင် ဖန်တီးနိုင်ပါတယ်။

မလိုအပ်တဲ့ နိုတီ အသံများကို ပိတ်ထားပါ

နည်းပညာ ဘဝ

နိုတီ အသံတွေက ကွီးတို့ရဲ့ အလုပ်အပေါ် အာရုံစူးစိုက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲ့ဒါကြောင့်မို့လို့ အလုပ်လုပ်ချိန် (သို့) စာလုပ်ချိန်တွေမှာ မလိုအပ်တဲ့ နိုတီ အသံများကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။ ဒါမှသာလျှင် အာရုံ ပျံ့လွှင့်မသွားဘဲ သေသေချာချာ အာရုံစူးစိုက်ကာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ကွီးတို့ လက်ပ်တော့ စခရင်မ်ကို သန့်ရှင်းရေး လုပ်ပါ

နည်းပညာ ဘဝ

လက်ပ်တော့ စခရင်မ်ကို ရေဆေးပြီး သန့်ရှင်းရေး လုပ်ခိုင်းတာ မဟုတ်ပါဘူးဗျို့။ ကွီးတို့ စခရင်မ်ပေါ်မှာ မျက်စိရှုပ်စရာတွေကို ရှင်းခိုင်းတဲ့ သဘောပါ။ မလိုတော့တဲ့ အရာတွေကို အမှိုက်ပုံးထဲထည့်ပြီး တစ်ခါတည်း အပြီးတိုင် ဖျက်ပစ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် မယုံရဲဘူး။ မှားဖျက်မိမှာကို ကြောက်တယ်ဆိုရင်တော့ အမှိုက်ပုံးထဲမှာပဲ ခဏလောက် သိမ်းထားပါ။ တချို့ ကွန်ပျူတာတွေက ရက် (၃၀) လောက် အမှိုက်ပုံးထဲ သိမ်းထားလို့ရပါတယ်။​ ကွီးတို့ လိုတာရှိခဲ့သော် (သို့) မှားဖျက်မိတာတွေ ရှိခဲ့ရင် Restore ပြန်လုပ်ပြီး ပြန်လည် ရယူနိုင်ပါတယ်။

ကွီးတို့ရော ကွီးတို့ရဲ့ စမတ် အသုံးအဆောင်ပစ္စည်းများကို အထာကျကျ အသုံးပြုနေရဲ့လား။

Source: Stylefactoryproductions

Featured Image: Understandingecommerce