ကွီးတို့က ရုံးလုပ်ငန်းတွေလုပ်ရတဲ့ ရုံးဝန်ထမ်းပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် ရုံးအလုပ်တွေ လုပ်ဖို့ ကျောင်းစာတွေ လုပ်ဖို့အတွက်ဆိုရင် လက်ပ်တော့ တစ်လုံးလောက်တော့ မရှိမဖြစ် လိုအပ်ပါတယ်။ Laptop ဝယ်ထားရင်လည်း ကွီးတို့ရဲ့ လက်ပ်တော့အတွက် ပစ္စည်း ပစ္စယတွေကလည်း လိုအပ်လာပါပြီ။ ကွီးတို့ Laptop အတွက် လိုအပ်တဲ့ ပစ္စည်း ပစ္စယများကို ဝယ်ယူနိုင်ဖို့အတွက်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Beats Studio Buds

Beats Studio Buds

ဒီဇိုင်းလန်းတဲ့ နောက်ဆုံးပေါ် ကြိုးမဲ့နားကြပ်လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Beats Studio Buds လေးကို ရွေးချယ်သင့်ပါတယ်။ သီချင်း နားထောင်တဲ့အခါမှာလည်း ကွာလတီကောင်းကောင်းလေးကို နားဆင်ခံစားနိုင်အောင် ကူညီပေးမှာဖြစ်ပြီး နောက်ခံဆူညံသံများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ တစ်ခါ အားသွင်းထားပြီးတာနဲ့ ၈ နာရီကြာ အသုံးခံပါတယ်။ သူ့ရဲ့ ဈေးနှုန်းလေးကတော့ ဒေါ်လာ ၁၀၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

Inateck Sleeve and Accessory Bag

Inateck Sleeve and Accessory Bag

ကွီးတို့ရဲ့ လက်ပ်တော့ကို အပွန်းအပဲ့ အထိအခိုက် မရှိဖို့အတွက်ဆိုရင်တော့ လက်ပ်တော့ အိတ်ကောင်းကောင်းတစ်လုံး ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့ လက်ပ်တော့အိတ်က ၁၃ လက်မ၊ ၁၄ လက်မ၊ ၁၆ လက်မ စသည်ဖြင့် ရွေးချယ်စရာ သုံးမျိုးရှိတဲ့ အတွက်ကြောင့် ကွီးတို့ လက်ပ်တော့ အရွယ်အစားနဲ့ ကိုက်ပြီး ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

C920S HD Pro Webcam

C920S HD Pro Webcam

Logitech က အကောင်းစား ပစ္စည်းတွေကိုသာ ထုတ်လုပ်တာကို ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ တကယ်လို့ ကွီးတို့ လက်ပ်တော့က ရုပ်ထွက်မကောင်းဘူးဆိုရင်တော့ C920S HD Pro Webcam ကို ပြောင်းလဲ တပ်ဆင်ပြီး Full HD ရုပ်ထွက်ကောင်းအောင် ပြောင်းလဲတပ်ဆင်သင့်ပါတယ်။ ဈေးနှုန်းကတော့ တချို့ ဝက်ဘ်ဆိုဒ်တွေမှာတော့ ဈေးချနေရင် ဒေါ်လာ ၆၀ သာ ကုန်ကျမှာဖြစ်ပြီး မူရင်း ဈေးနှုန်းကတော့ ၇၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Fit Pack 3

Laptop ပစ္စည်း

ကွီးတို့ရဲ့ လက်ပ်တော့ကို လက်ပ်တော့အိတ်ထဲ မထည့်ချင်ဘူး ကျောပိုးအိတ်ထဲ ထည့်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။ အထဲမှာ အိတ်အကန့်များ အများအပြား ပါဝင်ပြီး ဖိနပ် ထည့်လို့ရတဲ့ အကန့်ကလေးတောင် ပါပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

735 Charger (Nano II 65 W)

Laptop ပစ္စည်း

ယနေ့ခေတ်မှာ ပါဝါဘန့်ခ်တွေကလည်း မရှိမဖြစ် လိုအပ်လာပါပြီ။ အထူးသဖြင့် ဘယ်အချိန် မီးပျက်မယ်မှန်း မသေချာတဲ့ နေရာမှာ နေနေတယ်ဆိုရင် ပိုလို့တောင် လိုအပ်ပါသေးတယ်။ ဒါဆိုရင်တော့ 735 Charger (Nano II 65 W) ကို ဝယ်ယူသင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

MX Mechanical Mini Wireless Illuminated Keyboard

Laptop ပစ္စည်း

ကြိုးမဲ့ ကီးဘုတ်တွေကလည်း ကွီးတို့ Laptop အတွက် လိုအပ်တဲ့ အသုံး အဆောင် ပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ပေးချေရမှာ ဖြစ်ပါတယ်။

C5 Laptop Cooling Pad

Laptop ပစ္စည်း

ကွီးတို့က လက်ပ်တော့ကို တစ်နေကုန် အသုံးပြုနေရတယ်ဆိုရင်တော့ ဒီ Cooling Pad ကလည်း မရှိမဖြစ် လိုအပ်လာပါပြီ။ ဒီ Cooling Pad ကဆိုရင် ပန်ကာ ၅ ခုတောင် ပါတာဆိုတော့ ကွီးတို့ရဲ့ လက်ပ်တော့ အပူများပြီး စက်မလေးလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၅ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

LapGear Home Office Lap Desk

Laptop ပစ္စည်း

စမတ်ကျကျ အလုပ်လုပ်ချင်တဲ့ ကွီးတို့အတွက်တော့ LapGear Home Office Lap Desk က အသုံးတည့်ပါလိမ့်မယ်။။ ၂၁ လက်မ အကျယ်ရှိပြီး ကွီးတို့ လက်ပ်တော့လည်း တင်လို့ ရသလို တစ်ပြိုင်နက်တည်းမှာပဲ ဖုန်းရော မောက်စ်ရောပါ တင်လို့ရပါတယ်။ ဈေးနှုန်းကတော့ ၃၁ ဒေါ်လာသာ ပေးချေရမှာ ဖြစ်ပါတယ်။

Tech Pouch

Laptop ပစ္စည်း

ဒီ Tech Pouch လေးကတော့ ကွီးတို့ရဲ့ လျှပ်စစ်ပစ္စည်း မျိုးစုံ စုံပလုံစိနေတာတွေကို တစ်စုတစ်စည်းတည်း ထည့်သိမ်းလို့ရမယ့် အိတ်တစ်လုံးပဲ ဖြစ်ပါတယ်။ ကွာလတီလည်း ကောင်းပြီး အကြမ်းလည်း ခံတဲ့အတွက်ကြောင့် ဝယ်သင့်တဲ့အထဲမှာ ပါပါတယ်။ မကြာခဏ ခရီးထွက်နေရတဲ့သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

ကွီးတို့ရော ကွီးတို့ရဲ့ Laptop အတွက် ဘယ်လို အသုံးအဆောင် ပစ္စည်း လေးတွေကို ဝယ်ယူထားပါသလဲ။

Source: Bestproducts

Featured Image: En.woodcessories