နည်းပညာများ ဖွံ့ဖြိုးလာမှုနဲ့အတူ အချိန်နဲ့အမျှ အံ့သြဖွယ် ဆန်းသစ်တီထွင်မှုတွေနဲ့ စွမ်းဆောင်ရည်မြင့် နည်းပညာသုံး စမတ်ပစ္စည်းတွေကလည်း ထွက်ပေါ်လာပါတယ်။ ထိုပစ္စည်းတွေက ကျွန်တော်တို့ နေ့စဉ်ဘဝအတွက်လည်းကောင်း၊ ဖြေဖျော်ရေးအတွက်လည်းကောင်း၊ လုပ်ငန်းခွင်အတွက်လည်းကောင်း စသည်ဖြင့် ဘက်ပေါင်းစုံအတွက် ပိုမိုအဆင်ပြေလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နည်းပညာ အသစ်တွေကို အသုံးပြုထားတဲ့ စွမ်းဆာင်ရည်မြင့် Gadgets အဖိုင်းစားလေးတွေ ကို ဝေမျှပေးချင်ပါတယ်။
iRobot Roomba J7+

Photo : CNN
ဖုန်စုပ်စက်များက တဖြည်းဖြည်း ပိုပြီး အဆင့်မြင့်လာပြီး ဈေးကွက်မှာလည်း ကျစ်ကျစ်လစ်လစ်နဲ့ စွမ်းဆောင်ရည်မြင့် ဖုန်စုပ်စက် အမျိုးမျိုးကိုလည်း တွေ့နိုင်ပါတယ်။ ဒီထဲမှာ iRobot ကနေ ထုတ်လုပ်တဲ့ iRobot Roomba J7+ ဖုန်စုပ်စက်လည်း အပါအဝင်ဖြစ်ပါတယ်။ Roomba J7+ က တစ်နှစ်ထက်တစ်နှစ် ပိုစမတ်ကျလာကာ ဖုန်စုပ်စက်နှင့် စုတ်တံနှစ်ခုလုံးကို စက်တစ်ခုတည်းတွင် ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် ကြမ်းတိုက်တဲ့ အင်္ဂါရပ်အသစ်ကိုလည်း ထည့်သွင်းထားတာကြောင့် ကွီးတို့ကို စိတ်ကျေနပ်မှု ပေးနိုင်မယ့် စက်ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။
Nix Biosensors

Photo : Oiptpl
ကွီးတို့က ပြေးတာ၊ စက်ဘီးစီးတာနဲ့ Workout တွေကို လုပ်လေ့ရှိပြီး အားကစားကို လေ့လာလိုက်စားနေပါသလား။ ဒါဆိုရင်တော့ ဒီကောင်လေးက ကွီးတို့အတွက် အသုံးတည့်မှာပါ။ Nix Biosensors ဆိုတာကတော့ အားကစားလုပ်ချိန်မှာ ကွီးတို့ရဲ့ ချွေးထွက်နှုန်းကို ပိုင်းခြားစိတ်ဖြာပြီး ကွီးတို့ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် စမတ်နာရီသို့ အသိပေးချက်ပုံစံများဖြင့် အချိန်နဲ့ တစ်ပြေးညီ ရေဓာတ်ဒေတာကို ပေးပို့ပေးတဲ့ ဇီဝအာရုံခံကိရိယာ တစ်ခုဖြစ်ပါတယ်။ Nix Biosensors က ကွီးတို့ ရေသောက်သင့်တဲ့ အချိန်၊ သောက်ရမယ့် ပမာဏနဲ့ ရေဓာတ်အမြင့်မားဆုံး ရရှိစေရန်အတွက် ရေကိုဘယ်လို သောက်သင့်တယ်ဆိုတာ အတိအကျ ဖော်ပြပေးပါလိမ့်မယ်။
Ember Mug2 and Travel Mug²

Photo : PR Newswire
ကွီးတို့ရေ အလုပ်လုပ်နေရင်း ကော်ဖီတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည် ပူပူလေး တစ်ခွက်သောက်ဖို့ ဖျော်ထားပေမဲ့ အချိန်အနည်းငယ်ကြာသွားတဲ့အခါ အေးစက်နေပြီး သောက်လို့မကောင်းတော့တာမျိုး မကြာခဏ ကြုံတွေ့ဖူးမှာပါ။ ဒီပြဿနာတွေက ဒီနည်းပညာခေတ်မှာ ဘာမှမဟုတ်တော့ပါဘူး။

Phto : Toyatal Handing Material
Ember Mug2 ဒါမှမဟုတ် Travel Mug² ခွက်ကလေး တစ်လုံးရှိထားရုံနဲ့ အဆင်ပြေပါပြီ။ Ember ခွက်ကို ကွီးတို့ရဲ့ စမတ်ဖုန်းထဲမှာ ၎င်းရဲ့ တွဲဖက်အက်ပ်နဲ့ ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ အပူချိန် ဒါမှမဟုတ် သင့်တော်ပြီး ပြီးပြည့်စုံတဲ့ အပူချိန်ကို ရောက်ရှိတဲ့အခါ သတိပေးချက် ရရှိမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ကော်ဖီနောက်ဆုံး အနည်းငယ်လောက်ကျန်တဲ့အထိ မတ်ခွက်အောက်ခြေရှိ အပူပေးသည့်အရာက ၎င်းကို ပူနွေးနေစေမှာပါ။
KODAK Luma 150 Pocket Projector

Photo : Youtube
အရင်တုန်းက အရွယ်အစားတစ်ခုထိ ရှိခဲ့တဲ့ ပစ္စည်းတွေက နည်းပညာများဖွံ့ဖြိုးလာမှုနဲ့အတူ သယ်ဆောင်ရလွယ်ကူပြီး သေးငယ်ကျစ်လစ်လာကာ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာပါတယ်။ ဒါကလည်း နည်းပညာ တိုးတက်လာမှုရဲ့ ပြယုဒ်တစ်ခုပါပဲ။ ဒီထဲမှာ Projector လေးတွေလည်း အပါအဝင်ပါပဲ။ လက်ဖဝါးထက် ပိုပိုသေးငယ်တဲ့ KODAK Luma 150 Pocket Projector က ကွီးတို့အလုပ်အတွက် သယ်ဆောင်ရလွယ်ကူသည်သာမက ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းများ အတွက်လည်း မြင်ကွင်းကျယ်ကို ပေးစွမ်းနိုင်ပါတယ်။ လက်မ ၁၅၀ အထိ မျက်နှာပြင် အကျယ်ကို ပေးစွမ်းနိုင်ပြီး တောက်ပပြီး ရှင်းလင်းပြတ်သားတဲ့ ရုပ်ပုံများကို ပေးစွမ်းနိုင်ပါတယ်။
၎င်းတွင် တပ်ဆင်ထားသော၊ ပတ်ပတ်လည် အသံစပီကာများနှင့် သီးသန့်ကြည့်ရှုရန်အတွက် နားကြပ်ပေါက်ပါရှိပါတယ်။ ဒါ့အပြင် ဘက်ထရီအား ၂.၅ နာရီအထိ အသုံးပြုနိုင်ကာ mini USB မှတစ်ဆင့် အားပြန်သွင်းနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြလိုက်ကတော့ နည်းပညာ အသစ်တွေကို သုံးထားတဲ့ အဖိုင်းစားလေးတွေ ပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ Gadgets အမိုက်စားလေးတွေ အများကြီး ရှိသေးတာကြောင့် ဆက်လက်ဖော်ပြပေးပါဦးမယ်။
Source : Science Focus
Featured Photo : KODAK
