မနေ့ညက နူးကမ့်ကွင်းမှာ ကစားသွားတဲ့ စပိန် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပကျော့ပွဲစဉ်အတွင်း နိုင်ပွဲရထားခဲ့သော ဘာစီလိုနာက ဧည့်သည် ရီးယဲလ် မက်ဒရစ်အသင်းကို (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (1-4) နဲ့ ရီးယဲလ်က ဖိုင်နယ်အဆင့်ဆီ တတ်လှမ်းသွားနိုင်ခဲ့ရပါတယ်။

real big win

Photo Credit : Real Madrid’s Twitter

ဒီရာသီမှာ ဘာစီလိုနာ နဲ့ ရီးယဲလ် တို့က အခုပွဲစဉ် အပါအဝင် (၅)ကြိမ်အထိ တွေ့ဆုံထားခဲ့ရပြီး ဘာကာက (၃)ကြိမ်အထိ အနိုင်ယူထားခဲ့သလို ဘာနေဗျူးမှာ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီး ပကျော့ပွဲမှာပါ ရီးယဲလ်ကို (0-1) နဲ့ အနိုင်ယူခဲ့ပါတယ်။ ရီးယဲလ်က ဒီရာသီ ပြည်တွင်း ပြိုင်ပွဲ(စပိန်စူပါဖလား နဲ့ လာလီဂါ)တွေမှာ မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ နောက်ကောက်ချ ခံထားရပြီး အခု ကိုပါဒယ်ရေးမှာတော့ ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ် အနိုင်ယူကာ ၂၀၁၄ခုနှစ်နောက်ပိုင်း ကိုပါဒယ်ရေးပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

barca loss

Photo Credit : Twitter

ဘာစီလိုနာအနေနဲ့ စပိန်စူပါဖလားမှာ ရီးယဲလ် ကို အနိုင်ယူပြီး စူပါဖလား ချန်ပီယံ ဖြစ်ခဲ့သလို လာလီဂါမှာလည်း (၁၂)မှတ်အထိ ဖြတ်တောက်ထားနိုင်လို့ လာလီဂါ ချန်ပီယံ ဖြစ်ဖို့က သေချာနေပြီ ဖြစ်ပေမယ့် အခုလို နူးကမ့်မှာ ရီးယဲလ်ကို (၄)ဂိုးပြတ်နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရတာက သူတို့အတွက် အတော်လေး အထိနာခဲ့ရပါတယ်။ ပူပူနွေးနွေး နူးကမ့်မှာ ကစားသွားတဲ့ လာလီဂါပွဲစဉ်အတွင်း ကတ်ဆေးရဲ့ နောက်ကျဂိုးနဲ့ အိမ်ရှင် ဘာကာက အနိုင်ရခဲ့ပေမယ့် အခု ကိုပါဒယ်ရေး ဆီမီး ဒုကျော့မှာတော့ ရီးယဲလ်က အကောင်းဆုံး ရှုံးကြွေးဆပ်သွားနိုင်ခဲ့ပါတယ်။

b9 vini20

Photo Credit : Twitter

အခုဆိုရင်တော့ ရီးယဲလ် ဟာ လာမယ့် မေလမှာ ကိုပါဒယ်ရေး ဖိုင်နယ်အဖြစ် အိုဆာဆူနာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီအခြေအနေအရ ကိုပါဒယ်ရေး ချန်ပီယံဖြစ်ဖို့က သေချာသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် ရီးယဲလ်အတွက် ဒီရာသီအတွင်း ဥရောပ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလားပြီးနောက် တတိယမြောက် ဖလားအဖြစ် ကိုပါဒယ်ရေးကို ရယူနိုင်ဖွယ် ရှိနေရသလို ချန်ပီယံလိဂ်မှာလည်း ဘယ်လောက်အထိ လုပ်ဆောင်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။