နည်းပညာကို အသုံးပြုထားတဲ့ စက်ပစ္စည်းတွေ၊ အမိုက်စား Gadgets တွေက ကျွန်တော်တို့ရဲ့ ဘဝကို ပိုမိုလွယ်ကူစေဖို့အတွက်လည်းကောင်း၊ ပိုပြီး စိတ်လှုပ်ရှားစရာ ဖျော်ဖြေမှုတွေ ပေးစွမ်းနိုင်ဖို့အတွက်လည်းကောင်း၊ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ စျေးကွက်ထဲသို့ အရှိန်အဟုန်နဲ့ ဝင်ရောက်နေပါတယ်။ ထုတ်လုပ်သူများကလည်း လူသားတို့ရဲ့ဘဝကို ပိုမိုလွယ်ကူပြည့်စုံစေဖို့ Gadgets တွေ ဖန်တီးတဲ့နေရာမှာ ဥာဏ်ရည်တု (AI) နှင့် အခြားသော နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်လာ ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီနှစ်ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အမိုက်စား Gadgets တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
Withings U-Scan

Photo : Medical Device Network
ကျွန်တော်တို့ရဲ့ ဆီးမှာ ဇီဝဖြစ်စဉ်ပေါင်း ၃၀၀၀ ကျော်ပါဝင်ပြီး ကျန်းမာရေး အခြေအနေများစွာရဲ့ အစောပိုင်း သတိပေးချက်များကို ပေးစွမ်းနိုင်ပါတယ်။ ဒီ U-Scan ဆိုတဲ့ စက်ပစ္စည်းလေးကတော့ အိမ်မှာ အသုံးပြုနိုင်တဲ့ ဆီးခွဲခြမ်းစိတ်ဖြာမှု ပလတ်ဖောင်းတစ်ခု ဖြစ်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၎င်းက ကျန်းမာရေးဆိုင်ရာ အစောပိုင်သတိပေးချက်များ အပါအဝင် အစားအသောက်နှင့် လေ့ကျင့်ခန်းအတွက် အကြံပြုချက်များကို ပေးဆောင်ကာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များစွာကို စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။
VAHA S Fitness Mirror

Photo : T3
ကွီးတို့ရေ Workout လုပ်ဖို့အတွက် နည်းပညာရဲ့ ပံ့ပိုးမှုတွေကလည်း အဆင့်မြင့်လာပါပြီ။ ဒီ VAHA S Fitness Mirror လေးကတော့ ၃၂ လက်မ Full HD Touchscreen ဖြစ်တဲ့ Workout လုပ်ရာမှာ ကူညီပေးနိုင်တဲ့ အမိုက်စား Gadget လေးပဲ ဖြစ်ပါတယ်။ ဒီ Gadget လေးနဲ့ လေ့ကျင့်ခန်းပေါင်း ၈၅၀ ကျော်ကို ကစားနိုင်ပြီး သင်တန်းဆရာများနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်နိုင်သည့် အရွယ်အစားပြည့် Fitness Mirror တစ်ခုလည်း ဖြစ်ပါတယ်။
Jabra Elite 8 Active True Wireless Earbuds

Photo : Jabra
နောက်ထပ်ဖော်ပြပေးချင်တာကတော့ Jabra Elite 8 Active True Wireless Earbuds လေးပဲ ဖြစ်ပါတယ်။ ဒီ ကြိုးမဲ့နားကြပ်က တာရှည်ခံ တည်ဆောက်မှု၊ သက်တောင့်သက်သာရှိမှုတို့အပြင် ပိုမိုကောင်းမွန်သော Spatial Audio အတွက် ပံ့ပိုးမှုတို့ ပါရှိပါတယ်။ ဒါ့ကြောင့် ကောင်းမွန်သောအသံနဲ့ ပြင်းထန်သော ဆူညံသံများကို ပယ်ဖျက်ပေးသောကြောင့် သီချင်းလေးတွေနားထောင်ရင်း Chill ဖို့အတွက် ကွက်တိပါပဲ။ သူ့ရဲ့ တည်ဆောက်ပုံ ဒီဇိုင်းနဲ့ အရောင်တွေကလည်း လူငယ်တွေအကြိုက် အမိုက်စားပါပဲ။
Philips Hue Wake Up Light

Photo : Conserv
မနက်ပိုင်းမှာ ထဖို့ခက်ခဲနေတဲ့ ကွီးတို့အတွက် အလန်းစားနှိုးစက်လေး တစ်လုံးရှိထားရင်တော့ မမှားပါဘူး။ ဒီ တမူထူးခြားတဲ့ နှိုးစက်လေးက နေရောင်တွေ ထွက်လာပြီး တဖြည်းဖြည်းမှေးမှိန်သွားသော ပုံစံဖြင့် နိုးထသံများပါ ပါဝင်ပြီး ကွီးတို့တို့ အိပ်ရာမှ နှိုးပေးမှာ ဖြစ်ပါတယ်။ ရေဒီယို အစီအစဉ်များကိုလည်း ဖွင့်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ အိပ်ရာထဲမှ ချက်ချင်းမထနိုင်ဘူးဆိုရင်တောင် ဒီမီးအိမ်က ဖြည်းဖြည်းချင်းနှိုးပေးခြင်းဖြင့် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်လာစေဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့ကြောင့် ကုထုံးမီးအိမ်လေးဆိုလည်း မမှားပါဘူး။ ဒီမီးအိမ်နှိုးစက်လေးက အိပ်စက်ခြင်း၊ စွမ်းအင်နှင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်အတွက် အလင်းကုထုံးမီးအိမ်နှင့် သဘာဝနေထွက်ချိန် နှိုးစက်နာရီ ပေါင်းစပ်ဖန်တီးထားတဲ့ Gadgets လေးပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဒီနှစ်ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အမိုက်စား Gadgets တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်နဲ့ ထပ်တူကျတဲ့ ပစ္စည်းလေးတွေပါရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Source : Forbes
Featured Photo : Archemann
