တစ်နေ့တစ်နေ့ လှုပ်ရှားရုန်းကန်ရတဲ့ နေ့ရက်တွေမှာ စိတ်ပင်ပန်းစရာ ကိစ္စတွေ များစွာကြုံတွေ့ ရတက်ပါတယ်။ စိတ်ပင်ပန်းမှုတွေဟာ ကျွန် တော်တို့ရဲ့ တက်ကြွလန်းဆန်းမှု ခွန်အားတွေကို ဖျက်စီးပစ်နေတဲ့ အကြီးမားဆုံး အရာတစ်ခုပါပဲ။ စိတ်ပင်ပန်းမှုတွေများလာရင် ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ရသလို ၊ အာရုံစူးစိုက်နိုင်စွမ်းတွေလည်း လျော့ကျလာစေပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ နေ့စဉ်ဘဝ ထဲက စိတ်ပင်ပန်းမှု တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) တရားထိုင်ပါ
Photo : iStock
ကျွန်တော်တို့ရဲ့ စိတ်ကို အေးချမ်းတည်ငြိမ်မှုရဖို့ အကောင်းဆုံး အလေ့အကျင့်တစ်ခုကတော့ တရားထိုင်တာပါပဲ။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှု ၊ ပူလောင်မှု ၊ မွန်းကြပ်မှုတွေအားလုံးကို ပြေလျော့သက်သာစေနိုင်စွမ်း ရှိပါတယ်။ နေ့စဉ်ရှောင်လွဲလို့မရတဲ့ စိတ်ပင်ပန်းမှု သောကတွေကို အကောင်းဆုံး ကျော်လွှားချင်တယ်ဆိုရင် တစ်ရက်ကို ၁၅ မိနစ်လောက် ပုံမှန်တရားထိုင်ပေးပါ။
(၂) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
Photo : iStock
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကလည်း ခန္ဓာကိုယ် ကျန်းမာစေရုံမကဘဲ စိတ်ကိုလည်း ကြည်လင်လန်းဆန်း စေပါတယ်။ စိတ်အာရုံတွေရှုပ်ထွေးပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ထလုပ်လိုက်ပါ။ လမ်းလျှောက်တာ ၊ အကြောလျော့တာ စသည်ဖြင့်ပေါ့။ လေ့ကျင့်ခန်း လုပ်လိုက်တာနဲ့ မကြာခင်အချိန်အတွင်းမှာတင် စိတ်ကြည်လင်ပေါ့ပါး သွားပါလိမ့်မယ်။
(၃) အာဟာရ မျှတအောင်စားပါ
Photo : iStock
အစားအသောက်နဲ့လည်း စိတ်ကိုပြုပြင် နိုင်ပါတယ်။ အားကစားလုပ်သလိုပဲ Diet စားခြင်းဟာ ကိုယ်အလေးချိန်ကျစေသလို စိတ်ပိုင်းကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ စိတ်သိပ်မကြည်တဲ့အချိန်မျိုးမှာ ကျန်းမာပြီးအာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ဦးစားပေး စားပါ။ စိတ်လေး ပြန်လည်လန်းဆန်းလာမှုကို ခံစားလာရပါလိမ့်မယ်။
(၄) ခဏတဖြုတ် အိပ်စက်အနားယူပါ
Photo : iStock
စိတ်တွေ အရမ်းပင်ပန်းရှုပ်ထွေးနေချိန်မှာ ခဏတဖြုတ် မိနစ် ၂၀ နာရီဝက်လောက် အိပ်စက်အနားယူလိုက်တာဟာ စိတ်ပင်ပန်းတာကို အမြန်သက်သာစေမှာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် အန္တရာယ်ဖြစ်စေမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး မှတ် ဉာဏ်နဲ့ စိတ်ခံစားချက်တွေကို နေသားတကျ ဖြစ်အောင် စီမံပေးနိုင်ပါတယ်။
Featured Photo : Studiosity Blog