ကွီးတို့ရေ အလုပ်ထဲမှာ စိတ်ဖိစီး နေပါသလား။ နေ့စဉ်လုပ်ရမဲ့ တာဝန်တွေ၊ ပြီးရမဲ့အချိန်တွေနဲ့ ပတ်သက်ပြီး ဖိစီးမှုဖြစ်တာကို ခဏထားလိုက်ပါ။ အလုပ်ပတ်ဝန်းကျင်ဖြစ်တဲ့ ရုံးခန်း အလုပ်စားပွဲ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုရော မရှိဘူးလား။ လူတိုင်းမှာ စိတ်ဖိစီးမှု တစ်ခုခုတော့ ရှိနိုင်ပါတယ်။ အလုပ်စားပွဲ အပေါ်အောက် စာအုပ်တွေ ဖိုင်‌တွေ နဲ့ ရှုပ်ထွေးနေတာ၊ အခန်းတွင်း အလင်းရောင်များနေတာ၊ အလင်းရောင်ကောင်းကောင်းမဝင်တာ၊ အခန်းတွင်းအပူချိန်မထိန်းနိုင်တာ၊ အခန်းတွေက ကျယ်လွန်းကျဉ်းလွန်းတာ၊ အခန်းတွင်းသန့်ရှင်းမှုမရှိတာ၊ လုပ်ဖော်ကိုင်ဖက်တွေက အသံဆူညံတာ၊ ခေတ်မှီ နည်းပညာတွေအပေါ် စိုးရိမ်စိတ်ဖြစ်တာစတဲ့ အကြောင်းတွေဟာ စိတ်ပိုင်းရောရုပ်ပိုင်းပါ ဖိစီးမှု ဖြစ်စေပါတယ်။

ရုံးဒီဇိုင်း အများစုမှာ ဖိစီးမှုကို ကျော်လွှားနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ မရှိပါဘူး။ ဖွဲ့စည်း တည်ဆောက်မှု ကောင်းခြင်းဟာ ဖိစီးမှုကို လျှော့နည်းစေပါတယ်။ စားပွဲမှာ အခန်းထဲမှာ ရှုပ်ထွေးနေတာက ကွီးရဲ့ စိတ်စွမ်းအင်ကို နှေးကွေးစေပါတယ်။ အလုပ်မှာ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့ စည်းပုံမကောင်းတာ၊ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ ခေါင်းဆောင်ကောင်း မရှိတာ၊ အထက်အောက် ဆက်သွယ်ရေးလမ်းကြောင်း မကောင်းတဲ့ အခြေအနေတွေဟာ ဖိစီးမှုကို ဖြစ်စေပါတယ်။ ပြောင်းလဲနေတဲ့အခြေအနေ အဆင်ပြေပြေ ကျော်ဖြတ်ဖို့ ၊ ဖိစီးမှုတွေကို ခံနိုင်ရည်ရှိဖို့ကိုတော့ ကွီးတို့ ကိုယ်တိုင် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အလုပ်ခွင်အတွင်း အပြန်အလှန် ဆက်ဆံရေး၊ အထက်အောက် စီမံခန့်ခွဲမှု စတဲ့ အဆင်မပြေမှုတွေကိုတော့ အကန့်အသတ်နဲ့ ကျော်လွှား နိုင်ပါတယ်။ စိတ်ဖိစီးမှု ကျော်လွှားနိုင်ဖို့အတွက်ကိုတော့ ကွီးတို့ကိုယ်တိုင် လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ကွီးတို့အတွက် စိတ်ဖိစီးမှု ကင်းဝေးပြီး ပေါ့ပါးတဲ့ လုပ်ငန်းခွင် ဖန်တီးဖို့ အကြံပြုချက်ကို ပြောပြလိုက်ပါတယ်။

စိတ်ဖိစီးမှု ကင်းဝေးပြီး ပေါ့ပါးတဲ့ လုပ်ငန်းခွင် ဖန်တီးဖို့ နည်းလမ်း ကောင်းလေးတွေကတော့………..

(၁) ကွီးကြိုက်နှစ်သက်တဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေထားပါ

စိတ်ဖိစီးမှု ကင်းဝေးပြီး လုပ်ငန်းခွင်

Photo : Michigan Ross – University of Michigan

ကွီးတို့ရဲ့ အလုပ်ခွင်က စိတ်ဖိစီးနေတယ်ဆိုရင် အလုပ်စားပွဲနဲ့ ရုံးခန်းမှာ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ထည့်ခြင်းဟာ စိတ်ဖိစီးမှုကို လျှော့နည်းစေပါတယ်။ ဓါတ်ပုံတွေ စိတ်လှုပ်ရှားစရာ အနုပညာလက်ရာတွေ စာအုပ်တွေ အထူးမီးလုံးတွေ နဲ့ စိတ်ကြိုက် အလှဆင်ထားတဲ့ ပစ္စည်းတွေဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

(၂) ကွီးရဲ့ အလုပ်နေရာ ၊ ရုံးခန်းကို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျထားပါ

စိတ်ဖိစီးမှု ကင်းဝေးပြီး လုပ်ငန်းခွင်
Photo : WeWork

စိတ်ဖိစီးမှု ကင်းဝေးပြီး ပေါ့ပါးတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်ဖို့ဆိုရင် ကွီးတို့ အလုပ်စားပွဲဟာ သန့်ရှင်းသပ်ရပ်ဖို့လည်း လိုပါတယ်။ အများအားဖြင့် အလုပ်စားပွဲပေါ်မှာ စာရွက်စာတန်း၊ ဖိုင်တွဲတွေ သတင်းစာ မဂ္ဂဇင်းတွေ၊ အီးမေးလ်ပုံတွေနဲ့ ပြည့်နေလေ့ရှိပါတယ်။ ဒီလို များနေတဲ့ အရာတွေမှာ ဘယ်အကြောင်းအရာတွေက ဘယ်ကိုရောက်နေ ပြီလဲဆိုတာ အမြဲတွေးနေမိမှာပါ။ ဘယ်အလုပ်တွေက ကျန်နေလဲဆိုတာတွေလည်း တွေးမိပီး စိတ်ဖိစီး နေမှာပါ။ ဒါတွေေကို ကျော်လွှားဖို့ ပြီးပြည့်စုံတဲ့ ဖိုင်တွဲစနစ်တွေ ၊ သူနေရာနဲ့သူ လက်လှမ်းမီအောင် စီစဉ်ထားခြင်းဟာ အမြင်ရှင်း အလုပ်ရှင်းပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

(၃) အနှောက်အယှက်တွေကို ကိုင်တွယ်ဖြေရှင်းမှာလား သို့မဟုတ် လျစ်လျူရှု့မှာလားဆိုတာ ကွီး ကိုယ်တိုင် လေ့လာပါ

စိတ်ဖိစီးမှု ကင်းဝေးပြီး လုပ်ငန်းခွင်

Photo : Medium

ကွီးတို့ စားပွဲရှေ့ ခဏခဏ စကားလာပြောတဲ့သူတွေ၊ ဆူဆူညံညံ စကားပြောတာ‌တွေ၊ ဝင်ထွက်ပေါက်နဲ့နီးလို့ လူဝင်ထွက်များတာ စတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းလိုက်ပါ။ ဒါမှမဟုတ် လုံးဝကို စိတ်ထဲ မထားဘဲ လျစ်လျူရှု့လိုက်ပါ။ ဒါဆိုရင် ကွီးအနေနဲ့ စိတ်ဖိစီးမှု သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။

(၄) ရုံးခန်းမှာ အပင်ငယ်များ ထည့်ပါ

Sress free
Photo : Baclinarylab.com

အလုပ်ပတ်ဝန်းကျင်မှာ အပင်လေးတွေနဲ့ ပြင်ဆင်လိုက်မယ်ဆိုရင် အခန်းကို လှပစေတဲ့အပြင် ကွီးတို့ရဲ့ စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။ အပြုသဘောဆောင်တဲ့ ခံစားချက်ရစေပါတယ်။ အခန်းအပူချိန် စိုထိုင်းဆတွေကို လျော့ကျစေပါတယ်။

(၅) ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်အောင် လုပ်ပါ

Sress free
Photo : BlizLibrary

ကွီးတို့အနေနဲ့ ဆက်ဆံရေးမကောင်းဘူးဆိုရင် ကွီးတို့ပတ်ဝန်းကျင်နဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။ ကွီးအနေနဲ့ အလုပ်ခွင်ကလူတွေကို ကောင်း ကောင်းဆက်ဆံ ပြောဆိုပါ။ အထက်အရာရှိအပါအဝင် အခြားသူတွေရဲ့ အကြံဉာဏ်ကို လေးစားပါ၊ ပူးပေါင်းဆောင်ရွက်ပါ၊ တစ်ယောက် တည်း မနေပါနဲ့၊ ဒါဆိုရင် ကွီးအနေနဲ့ လူတွေနဲ့ သဟဇာတဖြစ်ပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

(၆) အလုပ်ထဲမှာ အပန်းဖြေစရာတွေကို ထည့်သွင်းပါ

Sress free
Photo : Levelhead

ကွီးရဲ့ ရုံးခန်းမှာ အခြားသူတွေကို အနှောင့်အယှက် မဖြစ်စေတဲ့ ပေါ့ပါးသောတေးဂီတကို နားထောင်ပါ။ အကြောဆန့်ပါ။ လမ်းလျှောက်ပါ။ စိတ်ဖိစီးမှုကို အသင့်အတင့် လျော့ချနိုင်မှာပါ။ ဒါမှမဟုတ် ချောကလက် အနည်းငယ်စားလိုက်ပါ။ ဒီလိုလုပ်ခြင်း အားဖြင့်လည်း စိတ်ဖိစီးမှု ကင်းဝေးပြီး ပေါ့ပါးတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်စေပါတယ်။

(၇) ကွီးတို့ရဲ့ ရုံးခန်းအပြင်အဆင်ကို ပြောင်းလဲလိုက်ပါ

Sress free
Photo : Deaigner Verticl Gardens

ရုံးခန်းမှာ နံရံအ‌ရောင်ကို ပြောင်းလဲလိုက်ပါ။ အဝါရောင်နဲ့ အစိမ်းရောင်တွေဟာ အေးချမ်းမှု ရသကို ရရှိစေပါတယ်။ အဝါရောင်ကတော့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ အခြေအနေပေးပါက အယ်လ်ပုံစားပွဲနဲ့ ဆုံလည်ကုလားထိုင်ကို သုံးခြင်းဖြင့် အလုပ်လုပ်ရတာ သက်သာပြီး ဖိစီးမှုကို နည်းစေပါတယ်။

ကွီးတို့ရေ အလုပ်ခွင်မှာ စိတ်ဖိစီးမှု လုံးဝ ကင်းအောင်လုပ်ဖို့ဆိုတာတော့ မလွယ်ကူပါဘူး၊ ဒါပေမဲ့ စိတ်ဖိစီးမှု ကင်းဝေးပြီး ပေါ့ပါးတဲ့ လုပ်ငန်းခွင် ဖန်တီးဖို့အတွက် ဒီနည်းလမ်းများကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေ လျှော့ပါးအောင် အထောက်အကူပြုပါလိမ့်မယ်။
Source : Forbes

Featured Photo : Featured Image: Economic