ဆော်ဒီ ပရိုလိဂ် ပြိုင်ပွဲဆီကို ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်လာပြီးတဲ့နောက်ပိုင်း ဆော်ဒီလိဂ်ဆိုတာကို ကမ္ဘာတစ်လွှားက ဘောလုံးပရိသတ်တွေ ပိုမို သတိထားမိလာခဲ့ရင်း အခု နွေမှာတော့ ဆော်ဒီ အစိုးရကနေပါ ဆော်ဒီ ကလပ်အသင်းများကို ငွေကြေး သုံးစွဲမှုတွေ လုပ်ဆောင်ပြီး ဥရောပ အခြေစိုက် ကလပ်အသင်းတွေက ကစားသမား သူတို့လိဂ်ဆီ ရောက်လာဖို့ စီစဉ်ခဲ့ရာ အခုဆို တော်တော်များများ ဆော်ဒီကို ရောက်နေကြပြီပဲ ဖြစ်ပါတယ်။

al nassr new players

Photo Credit : Instagram

ပထမဆုံး ပြောပြပေးသွားချင်တဲ့ ဆော်ဒီကလပ်က ရော်နယ်လ်ဒိုကို ခေါ်ယူထားနိုင်တဲ့ အယ်လ် နာဆာပါ။ အယ်လ် နာဆာကတော့ ဒီနွေမှာ အသင်းအတွက် အားရစရာ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပြီး အင်တာက ဘရိုဇိုဗစ် ၊ လန်းစ်က ဖိုဖာနာ နဲ့ မန်ယူနိုက်တက်က တဲလက်စ်တို့ကို ခေါ်ယူထားသလို မကြာခင်မှာလည်း ဘိုင်ယန်က ဆာဒီယို မာနေးကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

kante benezema jota

Photo Credit : SPORTbible

နောက်တစ်သင်းကတော့ ဆော်ဒီလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အယ်လ် အစ်တီဟတ်ပါ။ စပါး နဲ့ ဝုလ်ဗ် နည်းပြဟောင်း နူနို ဆန်းတို့စ် ကိုင်တွယ်နေတဲ့ အယ်လ် အစ်တီဟတ်ကတော့ ကာရန် ဘန်ဇီမာ နဲ့ အန်ဂိုလို ကန်တေတို့လို ပြင်သစ် ကစားသမားဟောင်းကြီး နှစ်ဦးနဲ့ ဆဲလ်တစ်ရဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား ဂျိုတာတို့ကို ခေါ်ထားပြီး ဖာဘင်ဟိုကို ထပ်မံ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

al hilal new players

Photo Credit : ESPN

နောက်ထပ် တစ်သင်းကတော့ ဒီဈေးကွက်ထဲမှာ ဆော်ဒီမှာရော ကမ္ဘာမှာပါ ရှယ်ကြမ်းနေတဲ့ အယ်လ် ဟီလယ်ပါ။ အယ်လ် ဟီလယ်က မက်ဆီ ဘာပေတို့အထိ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသလို လက်ရှိမှာလည်း နေးဗက်စ် ၊ ကူလီဘလီ ၊ မီလင်ကိုဗစ် ဆာဗစ် နဲ့ မယ်လ်ကွန်တို့ကို ခေါ်ယူထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားသမား ခေါ်ယူမှုကတော့ အဆက်မပြတ် လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။

al ahli new players

Photo Credit : talksPORT

အယ်လ် အာလီအသင်းအကြောင်းကို ဆက်ပြောပြချင်ပါတယ်။ ဒီအသင်းကတော့ ဖာမီနို နဲ့ ဂိုးသမား မန်ဒီတို့ကို ခေါ်ယူပြီးကတည်းက ငြိမ်ချက်သား ကောင်းနေပေမယ့် မန်စီးတီးက မာရက်ဇ်ကို မနေ့ကပဲ ခေါ်ယူလိုက်ပြီး နယူးကာဆယ်က စိန့်မက်ဆီမန်ကိုလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ထပ်မံ ခေါ်ယူနိုင်ပါတော့မယ်။

gerrad henderson

Photo Credit : Twitter

နောက်ဆုံးအနေနဲ့ စတီဗင် ဂျရတ်ကို နည်းပြအဖြစ် ခန့်အပ်ထားတဲ့ အယ်လ် အက်တီဖက်အကြောင်းနဲ့ အဆုံးသတ်ချင်ပါတယ်။ ဂျရတ်ရဲ့အသင်းကို သူ့ကို နည်းပြအဖြစ် ခန့်အပ်စဉ်မှာ ကစားသမား ခေါ်ယူထားမှုတွေ မရှိသေးပေမယ့် လက်ရှိမှာတော့ ဟန်ဒါဆန်ကို ခေါ်ယူထားနိုင်ခဲ့လို လိုင်ယွန်က ဒမ်ဘီလီ နဲ့ ကလပ် ဘရုဂေးက ဟန်ဒရီတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။